ရိတ်သိမ်းချိန်လွန်နည်းပညာ

Mon, 05/20/2013 - 07:41 -- admin

ရိတ်သိမ်းချိန်လွန်နည်းပညာ

ရိတ်သိမ်းချိန်လွန်နည်းပညာကဏ္ဍသည်စိုက်ပျိုးရေးကဏ္ဍ၏ကဏ္ဍခွဲ တစ်ရပ်ဟု ခေါ်ဆို ပြီး စားသုံးသီးနှံများကို လူအများစားသုံးနိုင်သည်အထိပြုပြင် ထုတ်လုပ်ပေးရသည့် လုပ်ငန်း အဆင့်များ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ရိတ်သိမ်းခြင်း၊ နယ်လှေ့ခြင်း၊ သန့်စင်ခြင်း၊ အဆင့် ခွဲခြားခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ အရည်အသွေးထိန်း သိမ်းခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ သယ်ယူခြင်း၊ ကြိတ်ခွဲခြင်း၊ ကြိတ်ခွဲပြုပြင်ခြင်း၊ ထုတ်ပိုး ခြင်းနှင့် ကိုင်တွယ်ထိန်းသိမ်းခြင်းတို့ ဖြစ်ပါသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာဆိုသည်မှာ စားနပ်ရိက္ခာများ ဖူလုံစေရေးအတွက် ရိတ် သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ လျော့ကျစေရေး (သို့မဟုတ်) ကာကွယ်ရေးအတွက် အသုံးပြုရသောနည်းစနစ်နှင့် အထောက်အကူပစ္စည်းများကို ခေါ်ပါသည်။ ရိတ်သိမ်းပြီးနောက် ပိုင်း လေလွင့်ဆုံးရှုံးမှုသည် အရည် အသွေးအားဖြစ်စေ၊ အရေ အတွက်အားဖြင့်ဖြစ်စေ ဖြစ်ပေါ်နိုင်ပြီး ရိတ်သိမ်းကာလမှစားသုံးသူလက်ဝယ် ရောက်ရှိသည် အထိလုပ်ငန်းအဆင့်များတွင် လည်း ဖြစ်ပေါ်နိုင်ပါသည်။

         
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးသည် ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန (Post Harvest Technology Application Center) ကို ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချဌာန၏ မူလစီမံကိန်း အဆိုပြုချက်ကို ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO မှ ပညာရှင်တစ်ဦးကရေးဆွဲပေးခဲ့ပြီး (FAO) မှပင် ရန်ပုံငွေရှာဖွေပေးခဲ့ ပါသည်။ ၁၉၈၁ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ထောက်ပံ့ငွေပေးခြင်း၊ ဓါတ်ခွဲခန်းသုံးပစ္စည်း ကိရိယာနှင့် စာအုပ်များဝယ်ယူခြင်း၊ ပညာသင်စေလွှတ်ခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပါ သည်။
ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆက်လက် အကောင်အထည်ဖေါ်ရန်အတွက် ဂျပန်အစိုးရမှ ၁၉၈၁-၁၉၈၂ ခုနှစ် များအတွင် လေ့လာရေး မစ်ရှင်များ စေလွှတ်ပြီး ၁၉၈၃ ခုနှစ်တွင် အထောက်အပံ့ပေးရန် သဘောတူညီခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ လက်ရှိမြေနေရာဖြစ်သော လှည်းကူးမြို့နယ်၊ ကျွန်းကလေး ကျေးရွာအနီး (၂၉.၀၄) ဧကရှိသော မြေနေရာတွင် ၁၉၈၄ ခုနှစ်အတွင်း စတင်တည်ထောင် ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန ကိုမြန်မာအစိုးရထံ လွှဲပြောင်းပေးခဲ့ပါသည်။
တည်ထောင်ရခြင်း၏ရည်ရွယ်ချက်
ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနသည် စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်း တစ်ခုမဟုတ်ပဲ၊ ကုန်ပစ္စည်းရောင်းဝယ်ဖေါက်ကားမှုကို သွယ်ဝိုက်၍ အကျိုးပြုရန် တည် ထောင်ထားခြင်းဖြစ်ပါသည်။ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနကို စားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ (Pre-harvest operation) ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်း များ (Post-harvest operation) ဆက်စပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးနိုင်သည့် အဖွဲ့ အစည်းတစ်ရပ်အနေဖြင့် ရပ်တည်ရန် ရည်ရွယ်ခဲ့ပါသည်။ စားသုံးသီးနှံများ ဝယ်ယူရေး၊ သယ် ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲရေး၊ ထုတ်ပိုးရေးလုပ်ငန်းများ၌ တိုးတက်သည့်နည်းပညာရပ် များကို အကျိုးရှိစွာလက်ခံအသုံးပြုနိုင်သည်နှင့်အမျှ အရေအတွက်နှင့် ပါတ်သက်၍ဖြစ်စေ၊ အရည်အသွေးနှင့် ပါတ်သက်၍ဖြစ်စေ ဖွံ့ဖြိုးတိုးတက်လာလျှင် နိုင်ငံတော်နှင့် ပုဂ္ဂလိက အပိုင်းမှ စားသုံးသီးနှံများရောင်းဝယ်ရေးလုပ်ငန်း၌ အကျိုးကျေးဇူးများရရှိလာနိုင်မည်ဖြစ်ပေ သည်။
ရည်ရွယ်ချက်တာဝန်များ
* စားသုံးသီးနှံများ (ကောက်နှံများ၊ ပဲမျိုးစုံ၊ သစ်သီးများ အပါအဝင်) ဝယ်ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲရေး၊ အရည်အသွေးထိန်းသိမ်းရေး တို့ ခေတ်မီတိုးတက်လာစေရေး အတွက် သုတေသနပြုလုပ်တွေ့ရှိသည့် နည်းပညာရပ်များကို ကျယ်ပြန့်စွာ အသုံးချနိုင်ရေး အတွက် ဖြန့်ဝေရန်၊
* စားသုံးသီးနှံများရိတ်သိမ်းခူးဆွတ် တူးဖေါ်ပြီးနောက် လေလွင့်ဆုံးရှုံးမှုများ လျှော့ချ ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးအတွင် စမ်းသပ်လေ့လာမှုများ အစဉ်တစိုက်ဆောင်ရွက် သွားရန်၊
* သမရိုးကျကိရိယာတန်ဆာပလာများ၊ ပြည်တွင်းသယံဇာတပစ္စည်းများနှင့် အလွယ် တကူရရှိနိုင်သော ပစ္စည်းများကို အသုံးပြုခြင်းဖြင့် တန်ဖိုးနည်း ရိတ်သိမ်းချိန်လွန်နည်းပညာ တိုးတက်လာရေးကို ဆောင်ရွက်ရန်၊
* အရည်အသွေးထိန်းသိမ်းရေး၊ ပိုးမွှားကာကွယ်ရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲရေး၊ ကြိတ်ခွဲပြုပြင်ရေး၊ ဘေးထွက်ပစ္စည်းအသုံးချရေး၊ နည်းပညာဖြန့်ဝေရေး၊ စီးပွားရေးရှုဒေါင့်မှ ဆန်းစစ်ဝေဖန်ရေး စသည့်လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်၊
* ပြည်တွင်းပြည်မှ နည်းပညာရပ်များကို စူးစမ်းလေ့လာသုတေသနပြုလုပ်ပြီး ရေမြေ သဘာဝအရ မိမိတိုင်းပြည်နှင့်ကိုက်ညီသည်များကို လက်တွေ့ အသုံးချနိုင်ရေးကို ဆောင်ရွက်ရန်၊
ဖွဲ့စည်းမှု
ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနကို အောက်ဖေါ်ပြပါ ဌာနစု (၇) ခုဖြင့် ဖွဲ့စည်း ထားပါသည်။
(၁)    အရည်အသွေးထိန်းသိမ်းရေးနှင့် စံချိန်စံညွှန်းဌာနစု
(၂)    သိုလှောင်မှုနည်းပညာနှင့် ပိုးမွှားကာကွယ်ရေးဌာနစု
(၃)    ဘေးထွက်ပစ္စည်းအသုံးချရေးသုတေသနဌာနစု
(၄)    နည်းပညာဖြန့်ဝေရေးဌာနစု
(၅)    စီးပွားရေးသုတေသနနှင့် စီမံကိန်းဌာနစု
(၆)    စီမံရေးနှင့် ငွေစာရင်းဌာနစု
အောက်ဖေါ်ပြပါ အထောက်အကူပြုဓါတ်ခွဲခန်းများ၊ စက်ရုံငယ်များ၊ အလုပ်ရုံအဆောက်အဦ များနှင့် ခေတ်မီစက်ကိရိယာများဖြင့် ရည်မှန်းချက်တာဝန်များ ပေါက်ရောက်အောင်မြင်စေရန် ဆောင်ရွက်လျက်ရှိပါသည် -
(၁)    သီးနှံ (ရူပ) ဓါတ်ခွဲခန်း (Grain Physical Laboratory)
(၂)    သီးနှံ (ဓါတု) ဓါတ်ခွဲခန်း (Grain Chemical Laboratory)
(၃)    ဆီနှင့်ဆီထွက်သီးနှံဓါတ်ခွဲခန်း (Oil and Fats Laboratory)
(၄)    အာဖလာဆော့ဆင်ဓါတ်ခွဲခန်း (Aflatoxins Laboratory)
(၅)    ပိုးသတ်ဆေးကြွင်းဓါတ်ခွဲခန်း (
(၆)    ပိုးမွှားဓါတ်ခွဲခန်း
(၇)    စာကြည့်တိုက်
(၈)    အင်ဂျင်နီယာပုံဆွဲခန်း
(၉)    ပြုတ်ဆန်စမ်းသပ်ခန်း
(၁၀)    ဆန်စက် (တစ်နာရီတစ်တန်ကျ)
(၁၁)    စက်အစိတ်အပိုင်းလိုက် နှိုင်းယှဉ်ရန် ယူနစ်များ
(၁၂)    စားသုံးဆီစမ်းသပ်ထုတ်လုပ်ရေးစက်ရုံ
(၁၃)    အလုပ်ရုံ
(၁၄)    စမ်းသပ်သိုလှောင်ရန် သိုလှောင်ရုံနှင့်ဆိုင်လိုများ
(၁၅)    သင်တန်းသား/သူ(၅၀)ဦးကိုလက်ခံပို့ချနိုင်သည့် သင်တန်းခန်းမနှင့်အိပ်ဆောင်