ဧရာဝတီ၊ ကျောက်ဘုရား၊ မဲခေါင်စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာအဖွဲ့

ဧရာဝတီ - ကျောက်ဖယား - မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)

Ayeyawady - Chao Phraya – Mekong Economic Cooperation Stategy (ACMECS)

နိဒါန်း

၁။       ACMECS သည် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၀၃ ခုနှစ်၊ ဧပြီလ(၃၀) ရက်နေ့၌ ကျင်းပသော ကူးစက်မြန် ပြင်းထန် အဆုတ်ရောင်ရောဂါဆိုင်ရာ အာဆီယံထိပ်သီး အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ - ထိုင်း - လာအို - ကမ္ဘောဒီးယား (၄)နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ တည်ထောင်ရန် အဆိုပြုခဲ့ပါသည်။ ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (Ayeyawady - Chao Phraya – Mekong Economic Cooperation Stategy -ACMECS) ကို ၂၀၀၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့ဖြစ်ကြပါသည်။ (ဗီယက်နမ်နိုင်ငံမှာ ၂၀၀၄ ခုနှစ်၊ မေလတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်)

ရည်ရွယ်ချက်

၂။       ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady - Chao Phraya – Mekong Economic Cooperation Stategy - ACMECS) ၏ အဓိကရည်ရွယ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

         (က)    နယ်စပ်တလျှောက် စီးပွားရေးယှဉ်ပြိုင်နိုင်မှုတိုးတက်စေပြီး၊ ပို၍ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန်၊

         ( ခ )       စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို အခွင့်အလမ်းပိုမိုကောင်းမွန်သည့် ဒေသများ သို့ ပိုမိုလွယ်ကူချောမွေ့စွာ ရွေ့ပြောင်းလုပ်ကိုင်နိုင်စေရန်။

         (ဂ)          အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများဖန်တီးပေးရန်နှင့် လေးနိုင်ငံအကြား ဝင်ငွေ ကွာဟမှုကို လျော့နည်းစေရန်။

         (ဃ)        အဖွဲ့ဝင်နိုင်ငံအားလုံးတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်မျှတစွာ သာယာဝပြောမှု စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရေး မြှင့်တင်ရန်။

ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ

၃။       ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady - Chao Phraya – Mekong Economic Cooperation Stategy - ACMECS) ၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

           (က)    လက်တွေ့အကောင်အထည်ဖော်လျက်ရှိသော နှစ်နိုင်ငံချင်းနှင့် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဖြည့်စွက်မြှင့်တင်သွားရန်။

           (ခ)      တစ်နိုင်ငံချင်း၏ စွမ်းဆောင်နိုင်မှု အားသာချက်များကို အသုံးချ၍ လက်တွေ့အကျိုး ခံစားနိုင်မည့် ရလဒ်ကောင်းများ ဖော်ဆောင်ရန်။

           (ဂ)    ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များသည် အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများ ဖြစ်ပြီး လေးနိုင်ငံစလုံးမှ လက်ခံရန်။

          (ဃ)    မိမိစိတ်ဆန္ဒအလျှောက် ပါဝင်ဆောင်ရွက်၍ ရရှိလာသော အကျိုးကျေးဇူးများကို မျှတစွာ ခံစားနိုင်ရန်။

ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ(၅)ခု

၄။       စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာအရ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (Plan of Action) တွင် အောက်ဖော်ပြပါကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်-

           (က)    ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လွယ်ကူချောမွေ့အဆင်ပြေစေရေး၊

           ( ခ)    စိုက်ပျိုးရေးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး၊

            ( ဂ)    သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊

           (ဃ)    ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး၊

            ( င)    လူသားစွမ်းရည်အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊

ACMECS စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမဟာဗျူဟာတွင် ပါဝင်သည့်ကဏ္ဍရပ်များနှင့် ဦးဆောင် တာဝန်ယူမည့်နိုင်ငံများ

၅။       စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာတွင် ပါဝင်သည့်ကဏ္ဍရပ်များနှင့် ဦးဆောင် တာဝန်ယူမည့်နိုင်ငံများမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည်-

            (က)  ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးကဏ္ဍ            - ထိုင်း         

                    (Trade & Investment Facilitation)

           (ခ)   လယ်ယာနှင့်စက်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ      -  မြန်မာ            

                  (Agricultural & Industrial Cooperation)

          ( ဂ)    သယ်ယူပို့ဆောင်မှု အဆက်အသွယ်များမြှင့်တင်ရေးကဏ္ဍ           -  လာအို              

                    (Transport Linkages)

          (ဃ)    ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ                           -  ကမ္ဘောဒီးယား

                   (Tourism Cooperation)

          ( င)    လူသားစွမ်းအင်အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ                  -  ဗီယက်နမ်

                   (Human Resources Development)

ကျင်းပပြုလုပ်သည့်အစည်းအဝေးများ

၆။       ACMECS နှင့်ပတ်သက်၍ ကျင်းပပြုလုပ်သော အစည်းအဝေးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

         (က)    ACMECS ထိပ်သီးအစည်းအဝေး (ACMECS Summit)

          ( ခ)    ACMECS ဝန်ကြီးများအစည်းအဝေး (ACMECS Ministerial Meeting)

          ( ဂ)    ACMECS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Senior Officials’ Meeting 

          (ဃ)    ACMECS ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းအဝေး (ACMECS Working Group on Trade and Investment Facilitation Meeting (WGTIF)       

၇။       ACMECS ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ၊ ပုဂံမြို့၌ ၁၂-၁၁-၂၀၀၃ ရက်နေ့တွင် စတင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ ပုဂံကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာခဲ့ ပါသည်။ ထိပ်သီးအစည်းအဝေးများကို (၂) နှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပလေ့ရှိပြီး ဆဌမအကြိမ် ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၃-၆-၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ ACMECS ထိပ်သီးအစည်းအဝေးများနှင့် မဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၁၆-၂၀၁၈တို့မှ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် အောက်ပါအချက်များကို သဘောတူညီခဲ့ကြပါသည်-                                                

           (က)    ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် စီအယ်လ်အမ်ဗွီနိုင်ငံများအတွင်းနှင့် နိုင်ငံရပ်ခြားရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့များအပါအဝင် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နှစ်နိုင်ငံအကြား အဖွဲ့ဝင်နိုင်ငံအချင်းချင်း   အကြားတည်ရှိပြီး                         သဘောတူညီချက်များ အားလုံးကို အကောင်အထည်ဖော် ဆောင်သွားရေး ကတိကဝတ် များကို ထပ်လောင်းထုတ်ဖော်ကြပြီး ၂၀၁၅ ခုနှစ်ဆန်းပိုင်း၌ တရားဝင် ဖွင့်လှစ်ခဲ့သည့် လာအို-မြန်မာ ချစ်ကြည်ရေးတံတားအား အပြည့်အဝ အသုံးပြုနိုင်ရေး                          အတွက် ဝိုင်းဝန်းကြိုးပမ်းသွားရန်၊

           (ခ)   နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ဖြစ်ထွန်းရေးအတွက်  အက်မက်စ်နိုင်ငံများအကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့များ စေလွှတ်ခြင်းများ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊                        အက်မက်စ်အဖွဲ့ဝင် မဟုတ်သောနိုင်ငံများ အထူးသဖြင့် အရှေ့တောင်အာရှ ဒေသအတွင်းရှိ နိုင်ငံများနှင့် အလားအလာရှိသော မိတ်ဖက်နိုင်ငံများအား အက်မက်စ်နိုင်ငံများမှ ကြီးမှူးကျင်းပသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲနှင့် ပြခန်းများတွင်                       ပူးပေါင်းပါဝင်စေခြင်းဖြင့် အက်မက်စ်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို ဒေသအတွင်းအပြင်နှင့် ကမ္ဘာ့ ဈေးကွက်အထိ ချဲ့ထွင်နိုင်စေရေးကို ဆောင်ရွက်ပေးရန်၊

          (ဂ)   အက်မက်စ်နိုင်ငံများအကြား နယ်စပ်ကုန်သွယ်ရေးနှင့် ရောင်းဝယ်မှု တိုးမြှင့်နိုင်ရန် ဘဏ်များအနေဖြင့် ဘဏ်ခွဲများ၊ ဘဏ္ဍာရေးဝန်ဆောင်မှု ရုံးခွဲများဖွင့်လှစ်ရေး၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်ဆွဲဆောင်နိုင်ရန် ဒေသသုံးငွေများ                     လက်ခံ အသုံးပြုနိုင်ရေးအတွက် စည်းကမ်း သတ်မှတ်ချက်များ လျော့ပေါ့ပေးရန်၊

         (ဃ)    ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား လျင်မြန်ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အက်မက်စ်နိုင်ငံများ၏ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တစ်နေရာတည်း၌ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် တစ်နေရာတည်းတွင် စစ်ဆေးမှု ပေး                       နိုင်ရေးအတွက် အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေးဌာနမှ ဝန်ဆောင်မှုနှင့် စိစစ်ရေးလုပ်ငန်းများအား ရိုးရှင်းသော ဟန်ချက်ညီသော အစီအစဉ် များ ဖော်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊                          ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် တစ်နေရာတည်း ၌ စိစစ် ခွင့်ပြုနိုင်သော ဆက်သွယ်မှုကွန်ယက် ဖန်တီးပေးရန်၊

         (င)      အက်မက်စ်နိုင်ငံများအကြား သင့်တော်သောအချိန်တွင် ဖြစ်နိုင်ခြေရှိသော ယာယီ စစ်ဆေးရေးဂိတ်များအား နိုင်ငံတကာ တရားဝင် စစ်ဆေးရေးဂိတ်များအဖြစ် အဆင့်မြှင့် ရန်၊

         (စ)      လိုင်စင်ထုတ်ပေးခြင်း၊ ပြည်တွင်းဘဏ္ဍာရေးဆောင်ရွက်မှု၊ ပေးငွေနှင့် ငွေရပြေစာထုတ် ပေးခြင်း၊ ရင်းနှီး မြှုပ်နှံသူများအနေဖြင့် အမြတ်ငွေ ပြန်လည် ထုတ်ယူနိုင်မှု၊ သွင်းကုန်နှင့် ထုတ်ကုန် ပြန်လည်တင်ပို့ခြင်း၊ ကုန်သွယ်ရေး အစီအမံများနှင့် ပင်ရင်း                        နိုင်ငံ အထောက်အထားဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ထင်သာမြင်သာ ရှိစေရေး၊ ရိုးရှင်း လွယ်ကူစေရေးအတွက် တိုးမြှင့် ဆောင်ရွက်ထားရန်၊

        (ဆ)    အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တာဝန်ကျသူ ဝန်ထမ်းများ၏ စွမ်းဆောင်မှု မြင့်မားရေး အတွက် လေ့ကျင့်မှုများ၊ သတင်းဖလှယ်ရေးနှင့် ကောင်းမွန်သော လုပ်နည်းများ အပြန်အလှန် ဝေမျှထားရန်၊

        ( ဇ )   အက်မက်စ်နိုင်ငံများအကြားရှိ နယ်စပ်ပြည်နယ်များတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ အခမ်းအနားများ၊ ကုန်စည်ပြပွဲများ၊ အရောင်းပြပွဲများ ခင်းကျင်း ပြသရန်၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများ                   တိုးမြှင့်ရန်၊ ယင်းသို့ ကုန်စည်ပြပွဲ လက်ခံ ကျင်းပသည့်နိုင်ငံအနေဖြင့် ပြပွဲတွင် လာရောက်ခင်းကျင်း ပြသသော နိုင်ငံများအား အခမဲ့ဆိုင် ခန်းများနှင့် အခြားအထောက်အကူပြု ဝန်ဆောင်မှု များပေးခြင်း၊ ကိစ္စရပ်တစ်ခုချင်းစီအလိုက် စဉ်းစားဆောင်ရွက်                     ပေးခြင်းတို့ဆောင်ရွက် ရန်၊

      ( ဈ )   အက်မက်စ် စီးပွားရေးကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုများအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ သတင်းအချက်အလက်များ အပြန် အလှန် ဖလှယ်ခြင်းအားဖြင့် လုပ်ဆောင်သွားရန်၊

      (ည)    အက်မက်စ်အဖွဲ့ဝင်နိုင်ငံများမှ လယ်သမားများ၏ ဝင်ငွေ တိုးမြှင့်ရေးနှင့် လူနေမှုဘ၀ မြင့်မားရေး အတွက်လည်းကောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် အထောက်အကူပြုစေရေး ဆောင်ရွက်ချက်များ၊ အကျုံးဝင်သော                  အက်မက်စ်ဆန်စပါး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်စံပြအစီအစဉ် တစ်ရပ်ဖွံ့ဖြိုး ပေါ်ပေါက်စေရေး ဆောင်ရွက် ရန်၊

၈။       ACMECS ပထမအကြိမ် ဝန်ကြီးများအစည်းအဝေး(ACMECS Ministerial Meeting)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၁-၈-၂၀၀၃ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ACMECS ထိပ်သီး အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများ ညှိနှိုင်းအစည်းအဝေးများကိုလည်း ကျင်းပလေ့ရှိပါ သည်။                           

၉။       ACMECS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Senior  Officials’  Meeting) များကို  လိုအပ်သလို ကျင်းပခဲ့ပြီး  ၂၅-၈-၂၀၂၂ ရက်နေ့တွင် (၆) ကြိမ်မြောက် အက်ခ်မက်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (6th ACMECS Senior Officials’ Meeting) ကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့ပါသည်။

၁၀။     ACMECS ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (ACMECS Working Group on Trade and Investment Facilitation Meeting (WGTIF) ကို ထိုင်းနိုင်ငံတွင် ကျင်းပလေ့ရှိပြီး ၎င်းအစည်းအဝေးတွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ် နှံမှုလွယ်ကူချောမွေ့စေရေးကဏ္ဍနှင့် စပ်လျဉ်း၍ ACMECS လုပ်ငန်း စီမံချက်များ၊ ဘုံစီမံကိန်းများနှင့် နှစ်နိုင်ငံစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စ များကို ဆွေးနွေးကြပါသည်။ (၇) ကြိမ်မြောက် ACMECS ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ယခင်အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းခဲ့သည့် စီမံကိန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့မှု အခြေ အနေများ၊ အမည်ပြောင်းလဲခဲ့သည့် စီမံကိန်းများ (သို့မဟုတ်) ဖယ်ရှားခဲ့သည့်စီမံကိန်းများ၊ အသစ် ထပ်မံတင်သွင်းသည့် စီမံကိန်းများနှင့် အသစ်ပြန်လည် ဖွဲ့စည်းမည့်အက်ခ်မက်ပင်မစီမံကိန်း (ACMECS Master Plan) ၏ Goal 2: Synchronized ACMESC 2.1 Trade, Investment and Industry,2.1.1 Institutional Synchronization and Integrated and Interoperability of rules and regulation နှင့် 2.1.2 Integrated Value Chain တွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် စီမံကိန်းများကို  ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်-

 (က)      ဘုံစီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေ များအပေါ် ဆွေးနွေးချက်များနှင့် ညှိနှိုင်းသဘောတူညီချက်များ

              (၁)   ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပြပွဲများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊

             ( ၂)  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမစ်ရှင်အဖွဲ့များစေလွှတ်ရန်

            (၃)   အက်ခ်မက်စီးပွားရေးကောင်စီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်

            (၄)   နယ်စပ်ဒေသများရှိ နိုင်ငံတကာကုန်သွယ်မှုစင်တာတွင် တစ်နေရာတည်း၌ One-    Stop-Service တည်ထောင်ရန်

           (၅)   အဓိကနယ်စပ်ဒေသများ၌ တစ်နေရာတည်းတွင် တစ်ကြိမ်တည်း စစ်ဆေးရေးတိုးမြှင့်ရန်

            (၆)   နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် နိုင်ငံသုံးငွေကြေး အသုံးပြုမှု အားပေး ရန်

             (၇)   အထူးစီးပွားရေးဇုံဆိုင်ရာ သတင်း၊ အချက်အလက်များအပါအဝင် ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ရန်

              (၈)   အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ကုန်သွယ်မှု မြှင့်တင့်ရေး

               (၉ )  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လည် သုံးသပ်ရန် 

 (ခ)   ဘုံစီမံကိန်းအသစ်များ အဆိုပြုဆွေးနွေးခြင်း

(၁)   ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလျင်မြန်ချောမွေ့စေရေး လုပ်ငန်းအဖွဲ့ အစည်း အဝေးများ အလှည့်ကျကျင်းပရေး။ အက်ခ်မက်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ် နှံမှုလွယ်ကူချောမွေ့ စေရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများအကြား အလှည့်ကျ ကျင်းပရန် ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို အသစ်ပြန်လည် ဖွဲ့စည်းမည့် အက်မက်စ် ပင်မ စီမံကိန်း၏ မူဘောင်အရလုပ်ငန်းအဖွဲ့ကို အစား ထိုးဖွဲ့စည်းသွားရန် ၊

(၂)   အီလက်ထနောနစ် ကူးသန်းရောင်းဝယ်ရေးစနစ် ပူးပေါင်းဆောင်ရွက်ရေး။ အီလက်ထနောနစ်ကူးသန်းရောင်းဝယ်ရေးစနစ်၏ အရေးပါမှုကို အသိအမှတ် ပြုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ဆွေးနွေးသွားကြရန် ၊

(၃)   လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး။ အစည်းအဝေးမှ နှစ်နိုင်ငံအကျိုးရှိသည့် နယ်ပယ်များ ပူးပေါင်းဆောင်ရွက်သွားကြရန် ၊

            (ဂ)  နှစ်နိုင်ငံစီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေ အနေ

                  (၁)   အဖွဲ့ဝင်နှစ်နိုင်ငံအကြား နှစ်နိုင်ငံစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို နှစ်နိုင်ငံအချင်းချင်း သီးခြားဆွေးနွေးခဲ့ကြပါသည်။ အစည်း အဝေးတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပြပွဲများကျင်းပမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု                                  ဆိုင်ရာ မစ်ရှင်စေလွှတ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ သတင်းအချက်အလက်များကို ပြန်လည်သုံးသပ် ရန် ၊

                (၂)   ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပါအဝင် ကုန်သွယ် မှုနှင့်ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ ပေးရန် ၊

           (ဃ)    ပြန်လည်ဖွဲ့စည်းမည့် အက်မက်စ် ပင်မစီမံကိန်း (ACMECS Master Plan 2019 – 2023) ၊ Goal 2: Synchronized ACMECS Economies တွင် ဆောင်ရွက်မည့် စီမံကိန်းများ

                    (၁)   အက်ခ်မက်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၌ ဆောင်ရွက်နေကြသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအချို့အား အသစ် ပြန်လည်ဖွဲ့စည်းမည့် အက်မက်စ်ပင်မစီမံကိန်း (ACMECS                                      Master Plan 2019 – 2023) ၏ Goal 2: Synchronized ACMECS Economies, 2.1 Trade, Investment and Industry Cooperation တွင် အောက်ပါအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်  -

  2.1.1      Institution Synchronization and Integrated and Interoperability of Rules and Regulation

-      Establishment of One-Stop-Service for International Trade Centre in Border Areas (နယ်စပ်ဒေသများရှိနိုင်ငံတကာကုန်သွယ် မှုစင်တာတွင် တစ်နေရာတည်းတွင် One-Stop-Service တည်ထောင် ရန်)

-      Promoting Single Stop Inspection Implementation in Major Border Area (အဓိကနယ်စပ်ဒေသများ၌ တစ်နေရာတည်းတွင် တစ်ကြိမ်တည်း စစ်ဆေးရေး တိုးမြှင့်ရန်)

-      Promotion of Border Trade among ACMECS members, including Harmonized Mechanism for Cross-Border Trade (အက်ခ်မက်အဖွဲ့ ဝင်နိုင်ငံများအကြား နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရန်)

-      Reviews of Rules and Regulations to facilitate trade အား Cross Border Facilitation and Management ဟု ခေါင်းစဉ်ပြောင်းလဲ ဆောင်ရွက်ရန် (ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရန် )

2.1.2 Integrated Value Chain

                -   Cooperation on ACMECS Business Council ( အက်ခ်မက်စီးပွားရေး ကောင်စီ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်)

                 -      Exchange of Trade and Investment Information including the special economic zone (အထူးစီးပွားရေးဇုံဆိုင်ရာသတင်း၊ အချက်  အလက်များအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသတင်း အချက်အလက်များဖလှယ်ရန်)

 2.2.4 Financial Connectivity

                 -  Encouragement of Usage of Local Currencies for Border Trade Transactions (နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် နိုင်ငံသုံးငွေကြေး အသုံးပြုမှု အားပေးရန်)

၁၁။     လေးနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာအကောင်အထည်ဖော်ရေး ထိပ်သီးအစည်းအဝေး မှ ထုတ်ပြန်ခဲ့သော ပုဂံကြေငြာချက် (၁၂-၁၁-၂၀၀၃) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

             (က)    ပုဂံကြေငြာချက်နှင့်အတူ ပူးတွဲထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ယင်းအောက်ရှိ လေးနိုင်ငံ စလုံးနှင့်ဆိုင်သောစီမံကိန်းများ၊ နှစ်နိုင်ငံချင်း နှင့်ဆိုင်သောစီမံကိန်းများ ထိရောက်စွာ နှင့်လျှင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီး                        များကို တာဝန်ပေးအပ်ရန်။

             (ခ)      စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ၏ ရည်မှန်းချက်များ အောင်မြင် ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန် ပုဂ္ဂလိကကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အားပေး                                     တိုက်တွန်း ကြရန်။

             (ဂ)    နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုအမြင့်ဆုံး ရရှိရန်အတွက် အတိုးနှုန်း သက်သာသော ချေးငွေ များ၊ အထောက်အပံ့များရရှိရေးကို ဆောင်ရွက်ကြရန်။

             (ဃ)  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမဟာဗျူဟာကို လျှင်မြန်စွာ အကောင်အထည် ဖော် ရေးအတွက် အစိုးရအဖွဲ့အကြီးအကဲများ ထိပ်သီးအစည်းအဝေးကို နှစ်နှစ်တစ်ကြိမ် ကျင်းပရန် ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို                           နှစ်စဉ်ကျင်းပရန်။

            (င)       ယခုသဘောတူညီချက်ကို ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ သို့မဟုတ် ACMECS ဟု ခေါ်တွင်ရန်။

၁၂။     ACMECS သည် အရှေ့တောင်အာရှဒေသမှ ကုန်းမြေနယ်နိမိတ် တစ်ဆက်တစ်စပ်တည်း တည်ရှိသော အိမ်နီးချင်း(၅)နိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပါသည်။ ACMECS က ပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်(၅)ရပ်သည် ဦးတည်ချက်ကောင်းမွန်ပြီး ရုပ်လုံး ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်သင့် ပါသည်။ အထူးသဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့ကို မြန်မာနိုင်ငံအနေဖြင့် အထူးပြု အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။

၁၃။     အကောင်အထည်ဖော်မည့် မဟာဗျူဟာလုပ်ငန်းကဏ္ဍကြီး (၅)ရပ်အနက် အဓိကအရေး ကြီးဆုံးဖြစ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍ၏ တာဝန်ခံသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနဖြစ်ပါသည်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဘုံစီမံကိန်းများအနက်မှ နယ်စပ် စခန်းများတွင် One Stop Service ထူထောင်ရေး၊ ပို့ကုန်လက္ကား ဈေးကွက်တည်ထောင်ရေး၊ နိုင်ငံဖြတ် ကျော်ကုန်သွယ်မှုစနစ်နှင့် ပို့ကုန် အထောက်အကူပြု ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ တိုးတက်ရေးကို ဦးစားပေးအကောင်အထည်ဖော်သင့်ပါသည်။ ACMECS တွင် ပါဝင်သော လုပ်ငန်းစီမံကိန်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာများအဖြစ်လည်း အသုံးချနိုင်သောကြောင့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများရေးဆွဲရာတွင်လည်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ မိမိတို့နိုင်ငံ၏ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီ စေသင့်ပါသည်။ ထို့ကြောင့် တာဝန်ရှိဌာနများအား စနစ်တကျဖွဲ့စည်းပေး၍ တာဝန်ခံဌာနအား တိကျစွာ သတ်မှတ်တာဝန်ပေးအပ် အကောင်အထည်ဖော်စေသင့်ပါသည်။

၁၄။     ACMECS အဖွဲ့ဝင် ပါဝင်သော (၅) နိုင်ငံတွင်လည်း စီးပွားရေးကွာဟမှုရှိနေပါသည်။ ထိုင်းနိုင်ငံသည် စီးပွားရေး အင်အားအတောင့်တင်းဆုံးဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် ဒုတိယအဆင့်တွင် ရှိပါသည်။ သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယင်း(၂)နိုင်ငံက ဦးဆောင်သည့် အနေအထားဖြစ်ပေါ်နိုင်ပြီး ကျန်(၃) နိုင်ငံက ကုန်ကြမ်းနှင့် လုပ်သားအင်အားများ ဖြည့်ဆည်းပေးသည့် ပုံစံ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအနေအထားမှ မိမိတို့နိုင်ငံ၏ ရေရှည်ရည်မှန်းချက်နှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ မိမိတို့နိုင်ငံအတွင်း ထူထောင်နိုင်ရေးကို ဦးတည်ဆောင်ရွက်သင့်ပါသည်။

နိဂုံး

၁၅။     အက်မတ်စ်နိုင်ငံများအနေဖြင့် ပုဂံကြေညာစာတမ်းဖော်ပြပါ ရည်ရွယ်ချက်၊ ဦးတည်ချက် များအပါအဝင် အက်မက်စ်၏ အဆက်ဆက်သော ကြေညာစာတမ်းများပါ ဦးတည်ချက်များကို တစိုက် မတ်မတ် အကောင်အထည်ဖော်ကြရေး၊ အိမ်နီးချင်း ကောင်းပီသမှုကို တည်ဆောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရေး၊ အက်မက်စ်နိုင်ငံများတွင် ရေရှည်တည်တံ့သည့် ဘက်စုံဖွံ့ဖြိုး တိုးတက်မှု တိုးမြှင့်ရေးနှင့် မိမိတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ စီမံကိန်းများ အောင်မြင် ပြီးဆုံးသည်အထိ အတူတကွ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။