ကုန်စည်ပြပွဲများ

  ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့၊ Kimdaejung Convention Center ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်  Artificial Intelligence Technology-Plus 2023 (AI TECH+ 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

  အဆိုပါပြပွဲသည် ကိုရီးယားသမ္မတနိုင်ငံတွင် AI ကဏ္ဍအတွက် တစ်ကမ္ဘာလုံးမှ ပညာရှင်များ စုဝေးဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီးသွားမည့် ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ AI TECH+ 2023 ကို လာရောက်မည့်သူများသည် စီးပွားရေးအချိတ်အဆက်များ ရရှိနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။

   ပြပွဲ၌ပြသမည့် လုပ်ငန်းရှင်များအား ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ခန်းမများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

  အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ASEAN Indo- Pacific Forum ၌ ကျင်းပမည့် ပြပွဲသို့ မြန်မာနိုင်ငံမှ စီမံကိန်းများ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

  အဆိုပါဖိုရမ်၌ Green Infrastructure and Supply Chain ၊ Digital Transformation and Creative Economy နှင့် Sustainable and Innovative Financing ဟူ၍ ခေါင်းစဉ်ခွဲ ၃ ခုဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ခေါင်းစဉ်ခွဲ(၃)ခုနှင့်ပတ်သက်သည့် Panel discussion များ၊ Talk Show များပြုလုပ်၍ ဒေသတွင်း အခြေခံအဆောက်အဦ စီမံကိန်းများ ပါဝင်သည့် ပြပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့များ၊ မိတ်ဖက်များအား ပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီမံကိန်းများရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်ပြည်နယ်၊ Yantai မြို့၊ Yantai International Expo Centre ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၅ ရက်နေ့ အထိကျင်းပပြုလုပ်မည့်  2023 RCEP Region Food Industry (Yanta) Expo သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသည် RCEP ဒေသတွင်းနိုင်ငံများမှ စားသောက်ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတကာနှင့် အပြန်အလှန်ချိတ်ဆက်နိုင်သည့် ပလက်ဖောင်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ရှင်များအား ပြသရန်ဖိတ်ခေါ်ပါကြောင်း၊ ပြခန်းနေရာနှင့် ပြခန်းတည်ဆောက်မည့် ကုန်ကျစရိတ်များ ကို ကျခံပေးသွားမည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhou မြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 29th China Lanzhou Investment and Trade Fair သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါ သည်။

   အဆိုပါပြပွဲသည် မြန်မာနိုင်ငံနှင့် တရုတ်၊ ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်းတို့ကို မြှင့်တင်နိုင်ရေးအတွက် ပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ်ပါကြောင်း၊ ပြပွဲတွင် ပါဝင်ပြခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ အပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

   ပါကစ္စတန်နိုင်ငံ၊ Karachi Expo Centre ၌ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပပြုလုပ်မည့် 4th Edition TEXPO သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသည် ပါကစ္စတန်နိုင်ငံတွင်ကျင်းပသည့် အကြီးမားဆုံးသော နိုင်ငံတကာအထည် အလိပ်ပြပွဲဖြစ်ပါကြောင်း၊ ပြပွဲ၏ ရည်မှန်းချက်မှာ နိုင်ငံအတွင်း ထုတ်လုပ်သော အထည်အလိပ်ထုတ် ကုန်မျိုးစုံကို တစ်နေရာတည်းတွင် ခင်းကျင်းပပြရန် စီစဉ်ထားပါကြောင်း၊ ပြည်ပမှ အထည်အလိပ် ထုတ်ကုန်တင်သွင်းသူများ၊ နိုင်ငံခြားဖောက်သည်များနှင့် ရေရှည်ခိုင်မြဲသော ဆက်ဆံမှုတိုးမြှင့်ရေးတို့ ဖြစ်ပါကြောင်း၊ ပြပွဲတွင် ပါဝင်ပြခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက် တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to ကုန်စည်ပြပွဲများ

သတင်းအချက်အလက်များ