ကုန်စည်ပြပွဲများ

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက် မှ ၁၈ ရက်အတွင်း ကျင်းပပြုလုပ်မည့် “2023 SCO International Investment and Trade Expo (SCO Expo) ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပြခန်းဖွင့်လှစ် ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။

   ကုန်စည်ပြပွဲကာလအတွင်း  Shanghai Cooperation Organization (SCO) နိုင်ငံများ၏ စက်မှုနှင့် ထောက်ပံ့မှုကွင်းဆက် များဆိုင်ရာဖိုရမ်၊ SCO အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးနှင့် စီးပွားရေးသမား များအတွက် SCO ညအစီအစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားကုန်စည်ပြပွဲနှင့် ဆက်စပ်သည့်ကဏ္ဍများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

   ပြပွဲပါဝင်ပြသမည့်သူ (၃) ဦးအတွက် တရုတ်ပြည်တွင်းခရီးစရိတ်၊ ပြည်တွင်းနေထိုင် စားသောက်စရိတ်တို့ကို တရုတ်ဘက်မှ အခမဲ့ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

   ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ရှိ BEXCO ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း ကျင်းပပြုလုပ်မည့် Busan International Seafood & Fisheries Expo 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

    ပြပွဲ၌ ပါဝင်ပြသမည့်သူများပါက ပြခန်း (၂) ခန်းအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြပွဲ၌ ပါဝင်ပြသခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများ အချင်းချင်း ချိတ်ဆက်တွေ့ဆုံမှုများ၊ လုပ်ငန်းချင်း ပေါင်းစပ်မှုတွေ့ဆုံပွဲများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအကျိုးအမြတ် များနှင့် နည်းပညာများ ဖလှယ်နိုင်မည်ဖြစ်သည်။

   ပြပွဲသို့ နိုင်ငံပေါင်း (၂၅) နိုင်ငံမှ ခင်းကျင်းပြသမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း (၄၂၀) ကျော်က ပြခန်းပေါင်း (၁၀၀၀၀) ဝန်းကျင်ခန့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်

   အိန္ဒိယနိုင်ငံ၊ ပူနေးမြို့တွင် မဟာရတ်တာ လယ်ယာ၊ စက်မှုလက်မှုနှင့်ကုန်သည်လုပ်ငန်းရှင် များအသင်း (Maharatta Chamber of Commerce, Industries and Agriculture – MCCIA) က ဦးစီး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ MCCIA’s Pune Expo 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲတွင်အဆင့်မြင့်နည်းပညာများ၊ ထုတ်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ စက်မှုပညာ၊ လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်ကားများ၊ စက်ယန္တရားများနှင့် အပိုပစ္စည်းများ၊ နည်းပညာဆိုင်ရာအသုံးပြုနည်းများ၊ သုတေသနနှင့် တီထွင်ထုတ်လုပ်မှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအသစ်များအား မိတ်ဆက်ပြသခြင်းများနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းသိရှိ ရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲအီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်

   ကိုရီးယားသမ္မတနိုင်ငံ၊ အီလ်ဆန်မြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂ ရက် နေ့အထိ Seoul Food 2023 နှင့်အတူ ပူးတွဲကျင်းပပြုလုပ်မည့် Asean Trade Fair 2023  သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါ သည်။

   အဆိုပါပြပွဲသည် အာရှရှိ စားသောက်ကုန်နှင့် အဖျော်ယမကာစျေးကွက်တွင် စတုတ္ထမြောက် အကြီးဆုံးပွဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်ကုန် အမျိုးမျိုးကို ပြသခြင်းအားဖြင့် နိုင်ငံတကာစျေးကွက်ရှာဖွေနိုင်မည်ဖြစ်ပါကြောင်း၊ ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအား ပြခန်းများ စီစဉ်ပေးသွားမည်ဖြစ်ပြီး ပါဝင်ပြခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၃

   အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Chennai Vizha- National Handicraft, Handloom and food Exhibition သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင် ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ဒေသထွက်အစားအစာများ၊ လက်မှုပစ္စည်းများ၊ လက်ရက်ထည်များနှင့် ရိုးရာထည်များပြသနိုင်ပါကြောင်း၊  ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအား ပြခန်းများလည်း စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပါဝင်ပြခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း များနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်နိုင်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to ကုန်စည်ပြပွဲများ

သတင်းအချက်အလက်များ