Business Opportunity

Tue, 08/30/2011 - 06:21 -- Anonymous (not verified)

စီးပွားရေးအခွင့်အလမ်းများ

မြန်မာနိုင်ငံသည် နိုင်ငံတကာ နှင့် ကုန်သွယ်မှု ပြုလုပ်ရန် အချက်အချာကျခြင်း ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ အများအပြားရှိပြီး နိုင်ငံတကာမှလည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်း ၊ စီးပွားရေးပိတ်ဆို့ခံရမှုများလည်း မရှိတော့ပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိသည့်အတွက် လာမည့် အနာဂတ်ကာလတွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကြီးမားဆုံးရတနာသိုက်ကြီးတစ်ခု ဖြစ်လာပါလိမ့်မည်။

လယ်ယာကဏ္ဍ

2

မြန်မာနိုင်ငံသည် စိုစိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည့်အတွက် မြေသယံဇာတ အမြောက်အမြားရှိ သလို လယ်ယာကဏ္ဍတိုးမြှင့်ရန်အတွက် ဆည်မြောင်းတာတမံများဖြင့် ရေသွင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည် နှနှစ်ရှည်သီးနှံပင်များသာမက ဆန်၊ ပဲ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စသည့်သီးနှံများကိုပါ စိုက် ပျိုးပြီး အဆိုပါပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် တန်ဖိုးမြှင့်လယ်ယာထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုနှင့် စား သောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိသဖြင့် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာများစွာရှိပါသည်။အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကိုလည်း ပံ့ပိုးကူညီပေးလျှက်ရှိပါသည်။

သားငါးကဏ္ဍ

1511

မြန်မာနိုင်ငံသည် အဓိကမြစ်ကြီး ( ၄ )စင်းအပြင် ဘင်္ဂလားပင်လယ်အော်နှင့်လည်း ဆက်စပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၂၈၃၂ ကီလိုမီတာ ရှည်လျားသည့်အတွက် ရေချိုရေငန်ငါးများအပါအဝင် လတ်ဆတ်သောရေထွက်ကုန်ပစ္စည်းများကိုလည်း တင်ပို့နိုင်ခဲ့ပါသည်။ ရေချိုငါးနှင့် ပုစွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းအလားအလာများလည်း ရှိနေပါသည်။

သစ်တောကဏ္ဍ

15349

နိုင်ငံဧရိယာ၏ ထက်ဝက်ကျော်သည် သစ်တောများဖုံးလွှမ်းနေဆဲဖြစ်၍ မြန်မာနိုင်ငံသည် ကမ္ဘာတွင်ထင်ရှားသော ကျွန်းသစ်အပါအဝင် သစ်တောထွက်ပစ္စည်း အမျိုးမျိုးကို တင်ပို့လျက်ရှိပါသည်။ သစ်မာနှင့်အခြားသစ်မျိုးစုံလည်း ထွက်ရှိသဖြင့် ကုန်ကြမ်းပစ္စည်းများသာ တင်ပို့မည့်အစား ပရိဘောဂ ကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့သည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင် ပါသည်။

သတ္တုတူးဖော်ရေးကဏ္ဍ

ammolite_mining

ကြေးနီ၊ ရွှေ၊ ခဲ၊ သံဖြူ၊ သွပ်၊ ငွေနှင့် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသည့် သတ္တုတွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝပါသည်။ ထို့အပြင် ကျောက်စိမ်း၊ ကျောက်မျက်နှင့် တန်ဖိုးနည်း ကျောက်မျက်ရတနာများကိုလည်း တင်ပို့နိုင်ပါသည်။ ကျောက်ဖြတ်ခြင်း၊ သွေးခြင်း၊ အချောကိုင်ခြင်းနှင့် ကျောက်မျက် ရတနာပြုလုပ်သည့်လုပ်ငန်းများတွင် နည်းပညာများ လိုအပ်လျက်ရှိပါသည်။

စွမ်းအင်ကဏ္ဍ

8m8yh7i5p7_dau-khi--khai-thac

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှှီး မြှုပ်နှံမှု အများဆုံးဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေခြင်းလုပ်ငန်းတွင် ထုတ်လုပ်မှုခွဲဝေခြင်း စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ရေနံ၊ သဘာဓာတ်ငွေ့နှင့် သတ္တုတွင်းထွက် အမြောက်အမြား ပိုင်ဆိုင်သည့်အတွက် စွမ်းအင်ကဏ္ဍတွင် ရေနံသန့်စင်စက်ရုံနှင့် ဓာတ်မြေသြဇာစက်ရုံကဲ့သို့သော ရေရှည်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင် မည့် အခွင့်အလမ်းများရှိပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ချင်းတွင်းစသည့် မြစ်ကြီးများမှ အနည်းဆုံး လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၇၀၀၀ ထုတ်လုပ်နိုင်ပြီး ၇၄၅ မဂ္ဂါဝပ်ခန့်ကိုသာ ထုတ်ယူပြီးဖြစ်သဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ

factory05

နိုင်ငံအဝှမ်း စက်မှုဇုန် ၁၈ ခုနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်း(SMEs) ၉၅၈၉ ခုကို နိုင်ငံအနှံ့တည်ထောင်ပြီးဖြစ်သဖြင့် လယ်ယာ၊ သားငါး၊ သစ်တော၊ သတ္တု၊ စွမ်းအင်ကဲ့သို့သော အခြားကဏ္ဍများနှင့်အတူ ကုန်ထုတ်လုပ်မှုကဏ္ဍ သည်လည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ လုပ်သားအင်အား အဓိကထားသည့်လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)စသည့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း အများအပြားရှိပါသည်။