စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Fri, 10/23/2015 - 13:11 -- ictuser

                                                    

နောက်ခံသမိုင်းအကျဉ်း

ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံတွင် ပြည်သူ့ရိက္ခာထောက်ပံ့ရေး စီမံကိန်းအရ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနကို ၁၉၄၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အခါ ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကူးသန်းရောင်းဝယ်ရေးအမည်ဖြင့် လည်းကောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကုန်သွယ်ရေးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် လည်းကောင်း ဖွဲ့စည်း၍ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ 

 

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဝန်ကြီး ဌာနတို့အား ပူးပေါင်း၍ ၁၉၆၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနမှ ထောက်ပံ့ရေးအပိုင်းကို ခွဲထုတ်၍ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းပြီး ကုန်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

 

တော်လှန်ရေးကောင်စီလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးခဲ့ရာ ၁၉၆၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကပိုင်လုပ်ငန်း များကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်း၍ ကုန်သွယ်ရေးကောင်စီမှအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်အရ အောက်ဖော်ပြပါ ကုန်သွယ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်း၍ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးများကို ဆောင်ရွက်ခဲ့ပါသည်-

(က)   ဗဟိုကုန်သွယ်ရေး။

( ခ )  ကုန်သွယ်ရေးကော်ပိုရေးရှင်း                           ၂၂     ခု။

( ဂ )  ပြည်နယ်/တိုင်း ကုန်သွယ်ရေး                         ၁၄     ခု။

(ဃ)  မြို့နယ်/မြို့မ/ဒေသစိတ်ကုန်သွယ်ရေး             ၂၈၃     ခု။

( င )  ပြည်သူပိုင်ဆိုင်                                         ၁၉၈၂  ဆိုင်။

 

၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေး ကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန် ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -

(က)    ကုန်သွယ်ရေးဦးစီးဌာန

( ခ )    ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ။

( ဂ )    ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။         

 

ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့သော ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ တဖန် ၁၉၉၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်း ဝယ်ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့ပါသည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ၄ ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အညီပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်သည့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ပြုပြင်ပြောင်းလဲ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်အောင် စီမံဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ လုပ်ငန်းဌာနကြီးများကို ၁- ၁- ၂၀၁၃ မှ စတင်၍လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၅- ၃- ၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

 

၃၁- ၃- ၂၀၁၅ ရက်စွဲပါ အမိန့်အမှတ် (၃၄/၂၀၁၅) အရ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနကို ကုန်သွယ်ရေးဦးစီးဌာနအဖြစ်လည်းကောင်း၊ အမိန့်အမှတ် (၃၅/၂၀၁၅) အရ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနကို ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအဖြစ် လည်းကောင်းအမည် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းထားရာမှ ၂၈- ၃- ၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၆) အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနအား ဖျက်သိမ်း၍ အမိန့်အမှတ် (၂၂/၂၀၁၆) အရ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ၂၈- ၃- ၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၆) အရ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့ဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၂၃ - ၁၂ - ၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် (၈၁ /၂၀၂၀) အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအောက်တွင် မူပိုင်ခွင့်ဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

 

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့်လိုက်လျောညီထွေဖြစ်စေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါ ဦးစီးဌာနများဖြင့် ဖွဲ့စည်းထားပါသည် -

 

(က)    ဝန်ကြီးရုံး                                         

( ခ )    ကုန်သွယ်ရေးဦးစီးဌာန

( ဂ )    စားသုံးသူရေးရာဦးစီးဌာန

(ဃ)    မူပိုင်ခွင့်ဦးစီးဌာန

( င )    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 


 

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂) ချက်

 

(၁)  ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်

       ပွားများလာအောင် ဆောင်ရွက်ရန်၊

(၂)   နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို

       ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွား‌ရေးတိုးတက်မှုကို အထောက်အကူပြု

       သည့် အသေးစားနှင့် အလတ်စား စီးပွာရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်၊

(၃)  ခေတ်မီဖွံ့ဖြိုးသောစီးပွားရေးကို ဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်

       မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊

(၄)  လျှပ်စစ်ဓါတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများစသည့် အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာတိုးတက်လာစေရေးကို

       ဦးစီးပေးဆောင်ရွက်ရန်နှင့် Data ID Card SystemDigital Government Strategy နှင့် e-Government System တို့ကို

       ထူထောင်သွားရန်၊

(၅)  ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင်

       အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း

       ပိုမိုဦးစားပေးဆောင်ရွက်ရန်၊

(၆)  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့်

       စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစုံဖော်ထုတ်ရန်၊

(၇)  ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်း

       များကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများသီးခြားရေးဆွဲ

       ဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်၊

(၈)  အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး  အထောက်အကူပြု

       နိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုရရှိလာစေရေး ဆောင်ရွက်ရန်၊

(၉)  သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီထွေဖြစ်စေမည့် မြို့ပြများတည်ထောင်ရန်၊ ပြည်သူ့

       ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရန်တို့အပြင် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတိုးချဲ့ဖော်ထုတ်ရန်နှင့်

       ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမို‌စောင့်ရှောက်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်၊

(၁၀)နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသောအခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့်

       ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်၊

(၁၁) တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာတိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဥာဏ်

        ပစ္စည်းပိုင်းဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းဆောင်ရွက်ရန်၊

(၁၂) စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသအတွင်း သာမကအခြားဒေသများအတွင်း၌လည်း တိုးတက်

       ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကို ဖော်ထုတ်၍ မိမိတို့၏စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်း

       များဖြင့် အခြေတည်ထူတောင်ရန်၊

 


 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်

(VISION AND MISSION OF MINISTRY OF COMMERC)

မျှော်မှန်းချက် (VISION)

          “ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်”

          “Developing National Economy Through Trade"

 

ရည်မှန်းချက် (Mission)

(၁)   ကုန်သွယ်မှုပမာဏတိုးတက်ရေး ဆောင်ရွက်ရန်၊

(၂)   ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်၊

(၃)   နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ ဈေးကွက်ဝေစုပိုမို

        ရရှိအောင်ဆောင်ရွက်ရန်၊

(၄)   ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီရန်၊

(၅)   စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ပေးရန်၊

(၆)   မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်

        စေပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊

 


 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒ (၆)ရပ်

(FIVE TRDE POLICY OBJECTIVES OF MINISTRY OF COMMERCE)

 

 ( ၁ )   ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အားလုံးပါဝင်ခွင့်ရှိသော တီထွင်ဆန်းသစ်မှုရှိသည့် စဉ်ဆက်မပြတ်တိုးတက်မှုရယူနိုင်စွမ်း

           ရှိသည့် ကုန်သွယ်မှုစနစ်ဖြစ်စေရန်၊

 ( ၂ )    ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီသတင်း ဆက်သွယ်ရေး

           နည်းပညာ (ICT) အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန်၊

 ( ၃ )    ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး၊

 ( )    ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍစွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်ရန်၊

 ( ၅ )    ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးကုန်စည်များ ဖူလုံရေးအတွက် ကုန်သွယ်မှု

            ရှုထောင့်ဖြင့် ထိန်းညှိဆောင်ရွက်ရန်၊

  ( ၆ )   နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သော တီထွင်ဆန်းသစ်မှုနှင့်

            ဖန်တီးမှုများကို မြင့်မားတိုးတက်လာစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်၊

 


 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးအခြေခံမူ (၃)ရပ်

 

( ၁ )    ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုရန်၊

( ၂ )    ကုန်သွယ်မှုလုပ်ငန်းများသည် ပြည်သူများအပေါ် ဖိစီးမှုမဖြစ်စေရန်၊

( ၃ )    ကုန်သွယ်မှုလုပ်ငန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်ဖြင့် ရှေးရှုဆောင်ရွက်ရန်။

 

လုပ်ငန်းစဉ်များ

နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၃) ရပ်အပေါ် အခြေခံ၍ လုပ်ငန်းစဉ် (၃၁) ရပ်ကို (MSDP) ပါ ပန်းတိုင်များ၊ မဟာဗျူဟာများ၊

လုပ်ငန်းစဉ်များနှင့်အညီချိတ်ဆက်၍ အောက်ဖော်ပြပါအတိုင်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

စဉ် နိုင်ငံတော်စီးပွားရေးဦးတည်ချက် စဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
လုပ်ငန်းစဉ်များ
(က) နိုင်ငံတော်စီးပွားရေးဦးတည်ချက် (၁)    
 

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်

လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်

အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို

လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊

(၁)

လယ်ယာစိုက်ပျိုးရေးနှင့် အသေးစား၊ အလတ်စား စက်မှု

လုပ်ငန်းများမှ ထုတ်ကုန်များ ပြည်တွင်းပြည်ပသို့ တိုးချဲ့

တင်ပို့နိုင်ရေးအတွက် Trade Financing အစီအစဉ်များ

ရရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆)

    (၂)

မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဆိုင်ရာ လိုအပ်သောဥပဒေ၊

နည်းဥပဒေများ ရေးဆွဲအတည်ပြုနိုင်ရေး ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၁)

(ခ) နိုင်ငံတော်စီးပွားရေးဦးတည်ချက် (၂)    
 

ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင်ပြီး

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍တိုင်းရင်းသား

ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်

တည်ဆောက်ရေး၊

(၃)

အမျိုးသားပို့ကုန် မဟာဗျူဟာနှင့်အညီ အလုပ်အကိုင်များ

ဖန်တီးနိုင်သည့် ပို့ကုန်တွင်တန်ဖိုးကွင်းဆက်ကို ဦးစားပေး

၍ ခိုင်မာအားကောင်းစေရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁)

    (၄)

ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာဈေးကွက်သို့

ကုန်သွယ်မှုတိုးချဲ့နိုင်ရေးကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊အာဆီယံ

စီးပွားရေးအသိုက်အဝန်း၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊

မအာဆီယံလွတ်လပ်သောကုန်သွယ်မှုစသည့် အဖွဲ့အစည်း

များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁)

    (၅)

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ သဘောတူညီ

ချက်ကို အကောင်အထည်ဖော်ခြင်း၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၆)

    (၆)

၂၀၂၁ ခုနှစ်၊ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်

ပတ်သက်၍ နောက်ဆက်တွဲဆောင်ရွက်ရမည့် လုပ်ငန်းများ

ဆောင်ရွက်ခြင်း၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁၁)

    (၇)

စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို အာဆီယံဒေသ

တွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာစားသုံးသူ ကာကွယ်

ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်

ဖော်ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁၀)

    (၈)

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်၊ တီထွင်မှု

မူပိုင်ခွင့်နှင့်စာပေနှင့် အနုပညာမူပိုင်ခွင့်တို့နှင့် စပ်လျဉ်းသည့်

မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို အကာအကွယ်ပေးနိုင်

မည့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၆)

    (၉)

ရင်းနှီးမြှုပ်နှံမှုနှင့် တီထွင်ဆန်းသစ်ဖန်တီးမှုများ မြင့်မားတိုး

တက်လာစေရေးအတွက်ပြည်သူများသို့ မူပိုင်ခွင့် သတင်း

အချက်အလက်များ ဖြန့်ဝေခြင်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုး

တက်မှုအတွက် နိုင်ငံ၏အလွှာစုံသို့ မူပိုင်ခွင့်ဆိုင်ရာ အသိ

ပညာပေးခြင်းများကို တိုးမြှင့်လုပ်ဆောင်ရန်၊

(မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၆)

    (၁၀)

မူပိုင်ခွင့်စနစ် ကောင်းစွာဖွံ့ဖြိုးစေရန်အတွက် မူပိုင်ခွင့် ချိုး

ဖောက်မှုများကို ထိရောက်စွာတားမြစ်နိုင်ရေးအတွက်

သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၆)

(ဂ) နိုင်ငံတော်စီးပွားရေးဦးတည်ချက် (၃)    
  ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး
နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်
အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး၊
(၁၁)

ကုန်သွယ်မှုကဏ္ဍအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး

ရေးဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၆)

    (၁၂)

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးရေး

ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၆)

    (၁၃)

ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်

ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေး

နည်းပညာအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး

ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၅)

    (၁၄)

စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်တွင်း ကုန်စည်စီး

ဆင်းမှု လျင်မြန်ချောမွေ့စေရန်နှင့်လိုအပ်ပါက ပြည်ပ

မှတင်သွင်းနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ သီးနှံဆိုင်ရာ

အသင်းအဖွဲ့၊ အစုအဖွဲ့၊ ဇုန်များတိုးချဲ့ဖွဲ့စည်းနိုင်ရေး

ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၂)

    (၁၅)

ပြည်တွင်း ကုန်သွယ်မှုချောမွေ့စေရေးအတွက် သက်ဆိုင်

ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်

ရွက်ရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၃)

    (၁၆)

အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်း

များမှ ထုတ်ကုန်များဈေးကွက်ရရှိရေး ကူညီပံ့ပိုးဆောင်

ရွက်ရန်၊ 

(မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈)

    (၁၇)

မြန်မာ့ပို့ကုန်ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်

တိုးမြှင့်တင်ပို့နိုင်ရေး အတွက် အားပေးကူညီဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၁)

    (၁၈)

ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍများ

တန်းတူအခွင့်အရေးနှင့် လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို

အားပေးကူညီရန်၊
(မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈)

    (၁၉)

လက်ရှိရရှိထားသော ဈေးကွက်တိုးတက် ရရှိရေးနှင့်

ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၆)

    (၂၀)

ပုဂ္ဂလိကကဏ္ဍ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အစိုးရ-ပုဂ္ဂလိက

ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆောင်ရွက်ရန်၊
(မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈)

    (၂၁)

အထူးစီးပွားရေးဇုန်များနှင့် ပို့ကုန်အခြေပြု စက်မှုကုန်

ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၃၊ လုပ်ငန်းစဉ် ၃.၃.၇)

    (၂၂)

ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးဥပဒ်

အန္တရာယ် ကင်းရှင်းရေးအတွက် ကွင်းဆင်းလေ့လာ

ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁၀)

    (၂၃)

စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာသည့်

အလေ့အကျင့်များ ဖြစ်ပေါ်လာရေးလုပ်ငန်းစဉ်များ ချမှတ်

ဆောင်ရွက်ရန်၊ 

(မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈)

    (၂၄)

ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုတွင် လွတ်လပ်စွာယှဉ်ပြိုင်

နိုင်ရေးအတွက် ပို့ကုန်အရည်အသွေးမြှင့်တင်ခြင်း

ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁၂)

    (၂၅)

အမြတ်အစွန်း ရရှိရေးအတွက် ထုတ်ကုန်အမျိုးမျိုး

ပြောင်းလဲထုတ်လုပ်ရန်နှင့် အရှိန်မြှင့်တင် ဆောင်

ရွက်နိုင်စေရန် ထုတ်လုပ်သူများအား ဆွဲဆောင်သကဲ့သို့၊

ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များအနေဖြင့် ကိုယ်ပိုင်စီးပွား

ရေးလုပ်ငန်းများကို လွတ်လပ်စွာရွေးချယ်စီမံခန့်ခွဲနိုင်ရေး

မြှင့်တင်ပေးရန်၊

(မဟာဗျူဟာ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၁)

    (၂၆)

မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေ

ရန်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်

ပြုစုပျိုးထောင်ရေးကို အားပေးမြှင့်တင်ရန်၊

(မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၆)

    (၂၇)

ကုန်သွယ်မှုလုပ်ငန်းများအတွက် လိုအပ်သောအခြေခံ

အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်

ရွက်ရန်နှင့် e-Government စနစ် ဖွံ့ဖြိုးလာရေး

ဆောင်ရွက်ရန်၊

(မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၅)

    (၂၈)

အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်ကို

အထောက်အကူ ပြုရေးအပါအဝင် Tariff Rationalization

ပြုလုပ်ရန်၊

(မဟာဗျူဟာ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၄)

    (၂၉)

အာဆီယံစီးပွားရေးအသိုက်အဝန်း (၂၀၂၅) ပါဝင်သည့်

မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်

အထည်ဖော်ရန်၊

(မဟာဗျူဟာ၃.၄၊ လုပ်ငန်းစဉ်၃.၄.၁၀)

    (၃၀)

နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံပေါင်းစုံအဆင့်

တို့တွင် ထိရောက်အကျိုးရှိသည့် ကုန်သွယ်ရေးဆိုင်ရာ

ညှိနှိုင်းဆွေးနွေးမှုများကို အထောက်အပံ့ဖြစ်စေရန် ကုန်

သွယ်မှုမူဝါဒတစ်ရပ်ပေါ်ထွက်လာရန်၊

(မဟာဗျူဟာ ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၁၁)

    (၃၁)

မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု

လွယ်ကူချောမွေ့စေရေး သဘောတူညီချက်အကောင်

အထည်ဖော်ရန်၊
(မဟာဗျူဟာ၃.၄၊ လုပ်ငန်းစဉ် ၃.၄.၈)