ကုန်စည်ပြပွဲများ

  Japan Jewellery Fair 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo Big Sight East Hall ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပြခန်းများ ပါဝင်ပြသနိုင်ရန် ဖိတ်ကြားလာ ပါသည်။

  အဆိုပါပြပွဲအား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာပြပွဲကို ဦးဆောင်ကျင်းပခဲ့သည့် Informa Markets Japan နှင့် Japan Jewellery Association တို့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ကုမ္ပဏီ (၄၀၀) ကျော်မှ ကျောက်မျက်ရတနာများ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

FACETS Sri Lanka, International Gem & Jewellery Show 2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

          အဆိုပါပြပွဲတွင် ကမ္ဘာတစ်ဝှမ်းရှိ ကျောက်မျက်ရတနာဝယ်ယူသူများအဖွဲ့၊ တစ်ဦးချင်းဝယ်ယူ သူများနှင့် ကျောက်မျက်ရတနာ ဝယ်ယူသည့် အဖွဲ့အစည်းများအားလုံးကိုလည်း သီရိလင်္ကာနိုင်ငံ ကျောက်မျက်ရတနာအသင်းမှ ဖိတ်ကြားထားသည်။         

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

  အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Jio World Convention Center ၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Global Digital Health Summit, Expo and Innovation Awards သို့ မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် နည်းပညာကဏ္ဍတွင် လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများ ပါဝင် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

  အခမ်းအနားတွင် ကျန်းမာရေးနည်းပညာဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပြပွဲနှင့် အခမ်းအနားသို့ မြန်မာ ကုမ္ပဏီများ ပါဝင်တက်ရောက်ခြင်းဖြင့် ကျန်းမာရေး၊ ဆေးပစ္စည်းနှင့် နည်းပညာဆိုင်ရာကဏ္ဍများမှ အဓိကပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေနိုင်မည် ဖြစ်သည်။

  Summit သို့ တက်ရောက်မည့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် ကုန်ကျစရိတ်များအား ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်းနှင့် ပြခန်းဆောင်ငှားရမ်းခနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဝင်ရောက်မှတ်ပုံတင်ခြင်းဖြင့် သိရှိနိုင်မည်ဖြစ်ပါသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

   အိန္ဒိယအပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲ ( India International Jewellery Show – IIJS Premiere 2023 ) ကို အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Jio World Convention Centre ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ Bombay Exhibition Centre ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိလည်းကောင်း နေရာ ၂ ခုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များမှ မြန်မာပြခန်းဆောင်များဖြင့် ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသို့ ပြည်တွင်းမှ လာရောက်လေ့လာဝယ်ယူသူ ၃၅,၀၀၀ ဦးနှင့် နိုင်ငံပေါင်း ၆၀ ကျော်မှ လာရောက်လေ့လာသူ ၁၀၀၀ ဦးကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားပါကြောင်းနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ကျောက်မျက်ရတနာပြပွဲဖြစ်ကြောင်း သိရှိရသည်။

   ပြခန်းကုန်ကျစရိတ်များနှင့် ခရီးသွားလာစရိတ်များအား ပြပွဲပါဝင်ပြသသူများကိုယ်တိုင် ကျခံ ရမည်ဖြစ်ပါသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

   World Food India (WFI) ကို အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းများမှ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါ အခမ်းအနားတွင် ကုန်စည်ပြပွဲများ၊ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲများနှင့် Startup လုပ်ငန်းများအား ဆုပေးပွဲများ ပါဝင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများ၊ စားသောက်ကုန်တင်ပို့/တင်သွင်းသူများ၊ အစိုးရကိုယ်စားလှယ်များ၊ သုတေသနလုပ်ငန်းဆောင်ရွက် သူများ၊ သံတမန်များ၊ စက်ပစ္စည်းထုတ်လုပ်သူများ၊ အစားအစာထုပ်ပိုးသိုလှောင်ခြင်းနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်သည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်တက် ရောက်သင့်ကြောင်း၊ ပြပွဲနေရာသည်မီတာ ၅၀,၀၀၀ ပတ်လည်ကျယ်ဝန်းပြီး အိန္ဒိယနိုင်ငံနှင့် နိုင်ငံ ပေါင်းစုံမှ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ ပါဝင်ပြသကြမည်ဖြစ်ကြောင်း၊ ပြပွဲတွင် ကဏ္ဍအလိုက် ပြခန်းများ၊ နိုင်ငံအလိုက်ပြခန်းများ၊ အိန္ဒိယနိုင်ငံ၏ ပြည်နယ်အလိုက်ပြခန်းများ ပါဝင် ပြသကြမည်ဖြစ်ကြောင်း သိရှိရသည်။

   ပြပွဲသို့ ပါဝင်ပြသခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ အိန္ဒိယနိုင်ငံနှင့် နိုင်ငံ တကာကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပြီး ပြခန်းကုန်ကျစရိတ်များအား ပြပွဲပါဝင်ပြသသူများကိုယ်တိုင် ကျခံရမည်ဖြစ်ပါသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to ကုန်စည်ပြပွဲများ

သတင်းအချက်အလက်များ