ကုန်သွယ်မှုမြှင့်တင်ရေး

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သတင်းအချက်အလက်ဌာန (TPIS)

လုပ်ငန်းတာဝန်များ

(၁) တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သီးနှံဆိုင်ရာ အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အထူးပြုကုမ္ပဏီများ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲ များ ဆောင်ရွက်ရန်၊

(၂) ဈေးကွက်သတင်းရှာဖွေစုဆောင်းခြင်း ဒေသတွင်းဈေးကွက် အခြေအနေများအား စနစ်တကျပြုစု၍ ကောမတ်ဂျာနယ်သို့ သတင်းရေးသားပေးပို့ရန်၊

(၃) သီးနှံဆိုင်ရာ ဖြစ်ပေါ်လျှက်ရှိသော နေ့စဉ် ကုန်ဈေးနှုန်းသတင်းများအား စုစည်း တင်ပြသွားရန်၊

(၄) သီးနှံဆိုင်ရာ အောင်မြင်သော တောင်သူများနှင့် တွေ့ဆုံ၍ သတင်းအချက်အလက်များရယူ ကာ အခြားစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများသို့ စည်းရုံးပညာပေးရန်၊

(၅) ပို့ကုန်သီးနံှများ၏ ဈေးကွက်ဈေးနှုန်း ခိုင်မာရေးအတွက် သီးနှံဆိုင်ရာ သတင်းအချက်အလက် များကို သီးနှံဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်၊

(၆) သီးနှံစိုက်ပျိုးထုတ်လုပ်သူများ၏ တွေ့ကြုံရသော အခက်အခဲများနှင့် နည်းပညာလိုအပ်ချက် များအား ကူညီဖြေရှင်းပေး ရန်၊

(၇) သီးနှံရာသီအလိုက် စိုက်ပျိုးသည့် သီးနှံများအပေါ် ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ေ၀ ဆောင်ရွက်ရန်၊

(၈) ရိတ်သိမ်းချိန်လွန်နည်းပညာနှင့်ပါတ်သက်သည့် စာတမ်းများ လက်ကမ်းစာစောင်များ၊ ပိုစတာ များအား ကျေးရွာအရောက် တောင်သူများအား ကွင်းဆင်းပညာပေးဖြန့်ဝေဆောင်ရွက်ရန်၊

(၉) နည်းပညာပေးမှုအပေါ် တောင်သူများလုပ်ငန်းရှင်များ၏ အကျိုးသက်ရောက်မှုအခြေအနေ အား စုံစမ်းတင်ပြသွားရန်၊

(၁၀) အရည်အသွေးကောင်းမွန်ပြီး ပြည်ပရောင်းတန်းဝင်မည့် သီၤးနှံများအား မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊

(၁၁) TPIS ရုံးခန်းမတွင် လာရောက်ဆွေးနွေးသော သတင်းအချက်အလက်များအား ရေးသား၍ အပတ်စဉ် ကောမတ် ဂျာနယ်အချပ်ပိုကဏ္ဍတွင် ဖေါ်ပြနိုင်ရေးဆောင်ရွက်ရန်၊

(၁၂) ဒေသတွင်း ရာသီဥတု အခြေအနေနှင့် သီးနှံဆိုင်ရာ ထူးခြားမှုသတင်းများအား အချိန်နှင့် တစ်ပြေးညီ တင်ပြသွားရန်၊

(၁၃) အထက်အဆင့်ဆင့်မှပေးအပ်သော တာဝန်မျာအးား ကျေပွန်စွာ ဆောင်ရွက်သွားရန်၊

 ဆက်သွယ်ရန်လိပ်စာများမှာ-

address