ပြည်တွင်းဈေးကွက်သတင်းများ

ယခုတစ်ပတ် ပခုက္ကူခရိုင်အတွင်း သို့   ကြက်သွန်နီများ  နယ်အသီးသီးမှ ဝင်ရောက်လျက်ရှိပါတယ်။ ပခုက္ကူ ကြက် သွန်နီ ကုန်ဝယ်ဒိုင်သို့ ပေါက်၊  ရေပြာမှ သာမက မုံရွာနယ်များမှလည်း  ဝင်ရောက်  တင်သွင်းသည်ကိုလည်း သိရှိရပါတယ်။  ကြက်သွန်နီဈေးနှုန်းများသည် သြင်္ကန် မတိုင်မီကာလများထက်  ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေသည်ကိုလည်း တွေ့ရှိရပါတယ်။ သြင်္ကန်မတိုင်မီ ကြက် သွန်နီလက်ကားဈေးနှုန်းမှာ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်  ကျပ် ၈၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၅၀၀၊  အနိမ့်စမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ ထိရှိခဲ့ပြီး သြင်္ကန်ပြီးကာလ ကြက်သွန်နီ ဈေးနှုန်းများမှာ  ထိပ်စ တစ်ပိဿာ လျှင်ကျပ် ၅၅၀ ၊ လတ်စ တစ်ပိဿာလျှင် ကျပ် ၄၀၀ အနိမ့်စ တစ်ပိဿာလျှင်ကျပ် ၃၅၀ ဖြစ်ပါတယ်။ ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီစိုက် တောင်သူများမှာ မျှော်မှန်း သလောက် ဈေးမရရှိခဲ့ပါ။ဆိပ်ဖြူ ကြက် သွန်နီ ကုန်ဝယ်ဒိုင်၏ လက်ကား ဈေးမှာ ထိပ်စ တစ်ပိဿာလျှင်ကျပ် ၅၂၀၊  လတ်စ တစ်ပိဿာလျှင် ကျပ်၄၅၀ ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၃၅၀  ဖြင့် နေ့စဉ် ပိဿာချိန် ၁၀၀၀၀ မှ   ၂၀၀၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပခုက္ကူ ကြက်သွန်နီကုန်ဝယ်ဒိုင်၏ ယခု တစ်ပတ် ကြက်သွန်နီ လက်ကားဈေးမှာ ထိပ်စ တစ်ပိဿာလျှင်    ၅၃၅ ကျပ်၊ လတ်စ တစ်ပိဿာလျှင်ကျပ် ၄၀၀၊ အနိမ့်စတစ် ပိဿာလျှင် ကျပ်  ၃၅၀  ရှိခဲ့ပြီး လက်လီ ဈေးနှုန်းများမှာ ကြက်သွန်နီ အမျိုးအစား လိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် ၁၀၀၀၊ အလတ်စ  တစ်ပိဿာလျှင် ကျပ် ၈၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၆၀၀ ဖြစ်၍ နေ့စဉ် ကုန်ဝယ်ဒိုင်သို့ ပိဿာ ချိန် ၅၀၀၀၀  မှ ၁၅၀၀၀၀ ကြား အရောင်း အဝယ် ဖြစ်နေသည်ဟု သတင်းရရှိပါ တယ်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)

ပြည်ကြက်သွန်နီဈေးငြိမ်နေ၍ အရောင်းအဝယ်ပုံမှန်ဖြစ်

 

ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ အောင်လံ၊ တောင်တွင်း စတဲ့နယ်များမှ ကြက်သွန်နီများ တစ်ရက်လျှင် ကားတစ်စီးကို ပိဿာ(၃၀) ဝင်အိတ် ၃၀၀-၄၀၀ ဆံ့ ကား  ၃  စီးခန့် ပုံမှန်ဝင်ရောက်မှုရှိနေတာ တွေ့ရပါတယ်။

ဝင်ရောက်မှု ပုံမှန်ရှိသလို အရောင်းအဝယ်အနေဖြင့် လည်း ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲသမားများနှင့် ဧရာ ဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအပါအဝင် တစ်ရက် ကို ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရ ပါတယ်။ ဝင်ရောက်လာသော ကြက်သွန်နီများ မှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်း  ချိုသာသဖြင့် အချို့စားသုံးသူများသည် ဝယ်ယူစုဆောင်း  သိုလှောင်လျက် ရှိနေကြောင်းလည်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ဈေးငြိမ် လျက်ရှိပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာကို အရည်အသွေး ပေါ်မူတည်၍ ကျပ် ၄၅၀၊ ကျပ် ၅၀၀ ၊ ကျပ် ၆၀၀၊ ကျပ် ၆၅၀ စသည်ဖြင့် ခွဲခြားရောင်းချလျက်ရှိပြီး လက်လီဈေးများတွင် (ကြီး)ကျပ် ၇၀၀-၈၀၀၊ (လတ်) ကျပ် ၈၀၀-၈၅၀၊ (သေး) ကျပ် ၆၀၀-၆၅၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိနေကြောင်း သိရ ပါတယ်။

ယခုအချိန် ဖြစ်ပေါ်လျက်ရှိတဲ့ ကြက်သွန်နီဈေးနှုန်း များကို ယခင်နှစ်ကာလတူ ဈေးနှုန်းများဖြစ်သော လက်ကား / လက်လီ တစ်ပိဿာ ကျပ် ၉၅၀၊ ကျပ် ၁၁၀၀ တို့နှင့် နှိုင်းယှဉ် ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းနေတာ တွေ့ရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးတွင် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် မတ်ပဲတစ်မျိုးသာ ယခင်အပတ်ထက် (၈၀၀၀)ကျပ် ဈေးတက်၍(၅၃၈၀၀၀)ကျပ် ဖြစ်နေပါသည်။ ပဲတီစိမ်းမှာ (၇၉၃၀၀၀)ကျပ်နှင့် ကုလားပဲဖြူလုံးကြီးတို့မှာ (၅၈၁၇၀၀) ကျပ်ဖြင့် ယခင်အပါတ်အတိုင်း ဈေးငြိမ်နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၅၃၈၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၆၁၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၃၅ ဒေါ်လာ၊ ပဲတီစိမ်း ပြည်တွင်းဈေး ၇၉၃၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၉၉၀ ဒေါ်လာ၊ အိန္ဒိယ မွန်ဘိုင်း ဈေး ၁၀၄၉ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၆၇၄၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၈၀၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၇၉၁ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၈၁၇၀၀ ကျပ် FOB ၇၀၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၅ ဒေါ်လာ ဖြစ်ကြောင်း သိရပါသည်။

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးတွင် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲဖြူလုံးကြီးတို့မှာ ယခင်အပတ်ထက်ဈေးတက် နေပါသည်။ ပဲတီစိမ်းတစ်မျိုးသာ (၇၉၃၀၀၀) ကျပ်ဖြင့် ယခင်အပါတ်အတိုင်း ဈေးငြိမ်နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၄၇၃၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၇၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၉ ဒေါ်လာ၊ ပဲတီစိမ်း ပြည်တွင်းဈေး ၇၉၃၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၉၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၁၀၁၂ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၆၂၂၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၇၆၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၇၉၅ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၈၁၇၀၀ ကျပ် FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၇ ဒေါ်လာ ဖြစ်ကြောင်း သိရပါသည်။

ယခုတစ်ပတ်အတွင်း အဓိကပဲ (၄)မျိုးဖြစ်သည့် ပြည်တွင်းဈေးနှုန်းများအနေဖြင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲဖြူလုံးကြီး ၃ မျိုးမှာ ဈေးတက်နေပြီး ပဲတီစိမ်း ယခင်အပတ်အတိုင်း ဈေးငြိမ်နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၄၆၇၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၇၅ ဒေါ်လာ ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၈ ဒေါ်လာ၊ ပဲတီစိမ်း ပြည်တွင်းဈေး ၇၉၆၁၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၉၈၀ ဒေါ်လာ၊ ၊ အိန္ဒိယ မွန်ဘိုင်းဈေး ၁၀၃၂ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၆၁၅၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၇၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၂၆ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၃၂၇၀၀ ကျပ်၊ FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၂၆ ဒေါ်လာ ဖြစ်ကြောင်းသိရပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ