မြန်မာကုန်ပစ္စည်းစစ်ရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် နိဒါန်း မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS)သည် အစိုးရအသိ အမှတ်ပြုဌာန တစ်ခုဖြစ်၍ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေတွင် အမိန့် ကြော်ငြာစာအမှတ် (No. 29/90) ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းထားရှိခဲ့ပါသည်။ ဖက်စပ် ကုမ္ပဏီ လီမိတက်အဖြစ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၏ အစုရှယ်ယာ များဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။လုပ်ပိုင်ခွင့်ရရှိထားသော အဖွဲ့အစည်း MITS အဖွဲ့ကြီးသည် ပို့ကုန်သွင်းကုန်ပစ္စည်း စစ်ဆေးခြင်းလုပ်ငန်းကို အပြည့် အ၀ လေ့ကျင့်ပေးထား ပြီး အတွေ့အကြုံရှိ ကျွမ်းကျင်ဝန်ထမ်းများဖြင့် ကိုယ်စားပြုနမူနာရယူခြင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းတွင် ကုန်သွယ်မှု ဆိုင်ရာလိုအပ် သည့် စစ်ဆေးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပိုင်ခွင့်ရရှိထားသော အစိုးရအသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ပို့ကုန်သွင်းကုန်စစ်ဆေးခြင်း MITS သည် ပို့ကုန်သွင်းကုန်စစ်ဆေးစမ်းသပ်မှု လုပ်ငန်းများကို- အရည်အသွေးထိန်းသိမ်းခြင်း (Quality Control) ကိုယ်စားပြုနမူနာရယူခြင်း အလေးချိန် စစ်ဆေးခြင်း (Weight Control) ကုန်ပစ္စည်းအလေးချိန်မှန် မမှန်၊ လျော့နည်းပျက်စီး၊ ပျောက်ဆုံး၊ ပိုလျှံ စသည်များဖေါ်ထုတ် စစ်ဆေးခြင်း။ လုပ်ငန်းကြီးကြပ်ခြင်း သင်္ဘောကုန်တင်ကုန်ချလုပ်ငန်းများကို အစမှအဆုံးကြီးကြပ်ခြင်း။ အာမခံလျော်ကြေးရပိုင်ခွင့်များ MITS သည်အာမခံလျော်ကြေးရရှိရေးအတွက် လွတ်လပ်စွာစစ်ဆေးဆောင်ရွက် ပးပါသည်။ MITSသည် သွင်းကုန်လုပ်ငန်းရှင်များ၏ သွင်းကုန်ပစည်း များ လျော့ နည်းပျက်စီး ဆုံးရှုံးမှုများဖြစ်ပါက နစ်နာမှုမရှိရအောင် မှန်ကန်မျှတသည့် စစ်ဆေး အကဲဖြတ်မှုများကို လွတ်လပ်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။ ဓါတ်ခွဲစမ်းသပ်မှု အထောက်အထားများပြုလုပ်ရန်လိုအပ်ပါက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာနအောက်ရှိအပင်ပိုးမွှား ရောဂါ ကာကွယ် ( Plant Protection; PP ) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ၊ ဗဟိုသုတေသနဌာန၊ အဏုမြူ စွမ်းအင်ဦးစီးဌာန ၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးဝါးနှင့် အစား အစာ ကွပ်ကဲရေးဌာန (FDA) ကုန် သွယ်ရေးဝန်ကြီးဌာန အောက်ရှိ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချဌာန (PTAC) တို့၏ဓါတ်ခွဲခန်းများနှင့် ဆက်သွယ် ၍ လိုအပ်သည့် ဓါတ်ခွဲ စမ်းသပ်မှု လုပ်ငန်းများ အတွက် ဝန်ဆောင်မှုများ ပေးလျက် ရှိပါသည်။MITS သည် အရောင်းအဝယ်စာချုပ်ပါ သဘောတူညီချက်ဖြစ် သည့် အရည်အသွေး၊ အဆင့်အတန်း၊သတ်မှတ်ချက် များ အတွက် စမ်းသပ်စစ်ဆေးမှုုလုပ်ငန်းများအပေါ် တွေ့ရှိချက်၊ အာမခံလက်မှတ် (Certificate) နှင့် အကြုံပြုချက်များ ကို တွေ့ရှိသည့်အတိုင်း မှန်ကန်စွာ ထုတ်ပေးနိုင်သည့် အသိအမှတ်ပြုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ကုန်ပစည်းစစ်ဆေးခြင်းအတွက် ဝန်ဆောင်ခပြည်ပ တွင် ဆောင်ရွက်သော ကုန်ပစ္စည်း စစ်ဆေးခြင်းလုပ်ငန်းများအတွက် ဝန်ဆောင်ခ များကို အမေရိကန် ဒေါ်လာ $ ဖြင့် ပေးချေနိုင် ပြီး၊ ပြည်တွင်းဆောင်ရွက်သော လုပ်ငန်းများ အတွက်ဝန်ဆောင်ခများကို မြန်မာငွေ US $ တို့ဖြင့် ပေးချေနိုင်ပါသည်။ ![]() ![]() ![]() |