အမိန့်ကြော်ငြာစာများ

အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့သည့် သွင်းကုန်လိုင်စင် လျှောက်ထားရယူ ဆောင်ရွက်ရမည့် ကုန်စည် (၄၄၀၅)လိုင်းအနက်မှ ပူးတွဲပါကုန်စည်လိုင်း (၂၆၇) လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်းများအဖြစ် ဖြေလျှော့ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရ လည်းကောင်း၊ လက်ရှိပြောင်းလဲလာသော စီးပွားရေး အခြေအနေများအရ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရ လည်းကောင်း၊ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေး ပိုမိုကောင်းမွန်သော ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများကို ဤအမိန့်ကြော်ငြာစာဖြင့် ကုန်သွယ်ခွင့် ပြုလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ်၊ ၃၃/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်သော မော်တော်ယာဉ်အရောင်းပြခန်း (Show Room) တွင်ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

မော်တော်ယာဉ်အရောင်းစင်တာ (Sale Centre) တွင်ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် အဓိကအရေးကြီးပြီး ဈေးကွက် လိုအပ်ချက်ရှိသည့် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံး ကိရိယာများစည့် ကုန်ပစ္စည်း (၄) မျိုးကို နိုင်ငံခြားဖက်စပ် ကုမ္ပဏီများ အား ကုန်သွယ်ခွင့်ပြုခြင်း

အသေးစားအလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ တည်ထောင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန် အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်း မရှိသော စက်ပစ္စည်း (Used Machine) များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပထမစမ်းသပ်ကာလအဖြစ် တင်သွင်းခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဒုတိယနှစ်အဖြစ် ဆက်လက်၍ တင်သွင်းခွင့်ပြုလိုက်သည်။

ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self-Certification System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကို ထုတ်ပြန်ကြေညာခြင်း

ယခင်က နိုင်ငံခြားသား ကုမ္ပဏီများအား ကုန်သွယ်ခွင့်မပြုဘဲ ဝန်ဆောင်မှု လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရ လည်းကောင်း၊ လက်ရှိ ပြောင်းလဲလာသော စီးပွားရေး အခြေအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရ လည်းကောင်း ပြည်တွင်းလိုအပ်ချက်ကို အခြေခံ၍ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍအတွက် အဓိကအရေးကြီးပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓါက်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံး ကိရိယာများကို နိုင်ငံခြားသားဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၁၁-၁၁-၂၀၁၅ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၉၆/၂၀၁၅) ဖြင့်ထုတ်ပြန်လိုက်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၉၃/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) သတ်မှတ် ထုတ်ပြန်သည့် အမိန့်

သွင်းကုန်လိုင်စင် ပြန်လည်လျှောက်ထားရယူရမည့် ကုန်စည်လိုင်း (၃) လိုင်းနှင့် အကျုံးဝင်သည့် ကုန်စည်များအား (၃၀-၁၀-၂၀၁၅) ရက်နေ့မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် ကြေငြာချက်ထုတ်ပြန်ခြင်း

Pages

သတင်းအချက်အလက်များ