အမိန့်ကြော်ငြာစာများ

အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ ဖြင့် ထုတ်ပြန်သော ကျွဲ၊ နွားအရှင်များအား ပြည်ပသို့တရားဝင်တင်ပို့ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၇ ဖြင့် ထုတ်ပြန်သော ကုမ္ပဏီများအနေဖြင့် Invoice နှင့် Sale Contract တို့အား အတုအပပြုလုပ်ခြင်း၊ Invoice နှင့် Sale Contract ပါ အချက်အလက်များအား မမှန်မကန်ဖော်ပြခြင်း၊ တရားမဝင်ဆောင်ရွက်ခြင်း၊ Invoice နှင့် Sale Contract ပါဈေးနှုန်းနှင့်တန်ဖိုးများအား အခွန်ရှောင်တိမ်းရန်ရည်ရွယ်၍ မမှန်မကန် ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိပါက လိုင်စင်ခွင့်ပြုမှုအတွက် တင်ပို့/တင်သွင်းခဲ့သည့် ဈေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၁၇ ဖြင့် ထုတ်ပြန်သော လေယာဉ်၏ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းသုံး စက်ပစ္စည်းများဖြစ်သည့် ပူးတွဲပါ H.S Code လိုင်းများအား ပြည်ပမှတင်သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်၊ ၃၆/၂၀၁၇ ဖြင့် ထုတ်ပြန်သော ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများအတွက် သတ်မှတ်ထားသည့် H.S Code များအတိုင်း နိုင်ငံခြားသား ကုမ္ပဏီများကို ကုန်သွယ်ခွင့်ပြုရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် အမိန့်ကြော်ငြာစာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁၇/၂၀၁၇ ဖြင့်ထုတ်ပြန်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် လုပ်ငန်းသုံး ယန္တရားများအား အရောင်းပြခန်း (Show Room) များတွင် ရောင်းချရန် တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအနက်မှ လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နေသည့် အခြေအနေအရ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အောက်ပါအချက်များ ပြင်ဆင်သတ်မှတ်ခွင့်ပြုသည် -

အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၁၇ ဖြင့် ထုတ်ပြန်လိုက်သော ၂၀၁၇ ခုနှစ် ပြက္ခဒိန်နှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားနှင့် လုပ်ငန်းသုံးယန္တရားများအား အရောင်းပြခန်း (Show Room) များတွင် ရောင်းချရန် တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၇ ဖြင့် ထုတ်ပြန်လိုက်သော ၂၀၁၇ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ်အရောင်းစင်တာ (Sale Centre) တွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အသေးစား/အလတ်စား စက်မှုလုပ်ငန်းများ အပါအဝင် စက်မှုကုန်ထုတ် လုပ်ငန်းများ လုပ်ငန်းတည်ထောင် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန် အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသောစက်ပစ္စည်း (Used Machine) များကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဆက်လက်၍ တင်သွင်းခွင့်ပြုလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ်၊ ၈၆/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်သော သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများမှ ဖြေလျှော့သည့် အမိန့်ကြော်ငြာစာ

Pages

သတင်းအချက်အလက်များ