သွင်းကုန်/တာဝန်ဝတ္တရားများ

သွင်းကုန်လုပ်ငန်းရေးဌာနခွဲ လုပ်ငန်းတာဝန်များ

Fri, 01/23/2015 - 12:58 -- dccaadmin
Myanmar

 

သွင်းကုန်လုပ်ငန်းဌာနစု၏ တာဝန်ဝတ္တရားများ

         

၁။      Myanmar Tradenet 2.0 ဖြင့် ဆောင်ရွက်သည့် သွင်းကုန်လိုင်စင် လျှောက်ထားလာမှုများ အား ကုန်ပစ္စည်းအလိုက်

         လိုအပ်သည့် အထောက်အထားများပြည့်စုံမှု ရှိ/မရှိ ၊ဖွဲ့စည်းပုံ မှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ခြင်း။

၂။       နယ်စပ်စခန်းများမှတစ်ဆင့် ကြေးနန်းဖြင့် တင်ပြလျှောက်ထားမှုများအား လိုအပ်သည့် အထောက်အထားများ ပြည့်စုံမှု

          ရှိ/မရှိ၊ ဖွဲ့စည်းပုံမှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ခြင်း။

၃။      လိုင်စင် သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်း၊ လိုင်စင်အပ်နှံခြင်းနှင့် မိတ္တူမှန်လျှောက်ထားခြင်း များ စိစစ် ဆောင်ရွက်ခြင်း။

၄။      နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြရန်ခွင့်ပြုသည့် လိုင်စင်များအား စိစစ်၍ ကော်မတီသို့ တင်ပြရန်

         ဆောင်ရွက်ခြင်း။

၅။      ကော်မတီမှခွင့်ပြုသည့် စာရင်းများအား လိုင်စင်ထုတ်ပေးနိုင်ရေး ကြီးကြပ်ခြင်း။

၆။      နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တင်ပြပြီးဖြစ်သော သွင်းကုန်လိုင်စင် လျှောက်ထားမှုများအား

         ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများရောက်ရှိနေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပေးသည့် Delivery Order (DO)

         ဖြင့်စိစစ်၍ သွင်းကုန်လိုင်စင်များ ခွင့်ပြု ထုတ်ပေးခြင်း။

၇။      အပတ်စဉ်ကော်မတီသို့တင်ပြမည့် Section အလိုက် စာရင်းများအား စိစစ်ခြင်း။

၈။      ထူးခြားသည့် အမှုတွဲများအားနေ့စဉ်ကျင်းပပြုလုပ်သည့် EICC အစည်းအဝေးသို့ တင်ပြခြင်း။

Latest News: 
Subscribe to RSS - သွင်းကုန်/တာဝန်ဝတ္တရားများ