မြန်မာ - အိန္ဒိယ
၁။ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီဖွဲ့စည်းရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်း ရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ပါသည်။
၂။ အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးပူးတွဲကော်မတီအစည်း အဝေးများကို ၂၀၀၃ ခုနှစ်မှ စတင်၍ အောက်ပါအတိုင်း နှစ်နိုင်ငံအလှည့်ကျကျင်းပခဲ့ပါသည် -
စဉ် ကြိမ်ရေ ရက်စွဲ
(က) ပထမအကြိမ် (ရန်ကုန်မြို့) - ၁၄-၇-၂၀၀၃ မှ ၁၅-၇-၂၀၀၃ ထိ
( ခ ) ဒုတိယအကြိမ်(နယူးဒေလီမြို့) - ၁၁-၅-၂၀၀၆ မှ ၁၂-၅-၂၀၀၆ ထိ
( ဂ ) တတိယအကြိမ်(မန္တလေးမြို့) - ၁၄-၁၀-၂၀၀၈ မှ ၁၅-၁၀-၂၀၀၈ ထိ
(ဃ) စတုတ္ထအကြိမ်(နယူးဒေလီမြို့) - ၂၆-၉-၂၀၁၁ မှ ၂၇-၉-၂၀၁၁ ထိ
( င ) ပဉ္စမအကြိမ်(နေပြည်တော်) - ၁၅-၁၂-၂၀၁၅ မှ ၁၆-၁၂-၂၀၁၅ ထိ
(စ) ဆဌမအကြိမ်(နယူးဒေလီမြို့) - ၂၇ - ၆ - ၂၀၁၇
(ဆ) သတ္တမအကြိမ် - ၂၄-၁၁-၂၀၂၀ (ဗီဒီယိုကွန်ဖရင့်)
(နေပြည်တော်+နယူးဒေလီမြို့)
မြန်မာ - ဘင်္ဂလားဒေ့ရှ်
၁။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားကုန်သွယ်ရေးပူးတွဲကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၀၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ပါသည်။
၂။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေးကို အောက်ပါအတိုင်း အလှည့်ကျ ကျင်းပပြုလုပ်ခဲ့ပါသည်-
စဉ် ကြိမ်ရေ ရက်စွဲ
(က) ပထမအကြိမ် (ရန်ကုန်မြို့) - ၂၆-၇-၂၀၀၄
( ခ ) ဒုတိယအကြိမ်(ဒါကာမြို့) - ၁၂-၁၁-၂၀၀၇
( ဂ ) တတိယအကြိမ်(နေပြည်တော်) - ၈-၄-၂၀၀၉
(ဃ) စတုတ္ထအကြိမ်(ဒါကာမြို့) - ၂၃-၉-၂၀၁၀
( င ) ပဉ္စမအကြိမ်(နေပြည်တော်) - ၂၂-၇-၂၀၁၁
( စ ) ဆဌမအကြိမ်(ဒါကာမြို့) - ၁၂-၁၁-၂၀၁၂
(ဆ) သတ္တမအကြိမ်(နေပြည်တော်) - ၁၅-၁-၂၀၁၄
(ဇ) အဌမအကြိမ်(ဒါကာမြို့) - ၁၀-၁၁-၂၀၁၆
၁။ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးတွဲကော်မရှင် ထူထောင်ရေးနားလည်မှု စာချွန်လွှာကို ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မရှင် (Joint Trade Commission - JTC) အစည်းအဝေးများကို နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးများမှ ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး နှစ်နိုင်ငံအလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိ ပါသည်။
၂။ မြန်မာ - ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေးအား အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
စဉ် ကြိမ်ရေ ရက်စွဲ
(က) ပထမအကြိမ် (ဘန်ကောက်မြို့) - ၉-၉-၁၉၉၈
(ခ) ဒုတိယအကြိမ် (ရန်ကုန်မြို့) - ၅-၈-၂၀၀၀
(ဂ) တတိယအကြိမ် (ဘန်ကောက်မြို့) - ၁၉-၃-၂၀၀၂
(ဃ) စတုတ္ထအကြိမ် (ရန်ကုန်မြို့) - ၂၆-၁-၂၀၀၄
(င) ပဉ္စမအကြိမ် (ဘန်ကောက်မြို့) - ၅-၄-၂၀၁၀
(စ) ဆဌမအကြိမ် (ဘန်ကောက်မြို့) - ၂-၁၁-၂၀၁၂
(ဆ) သတ္တမအကြိမ် (နေပြည်တော်) - ၈-၇-၂၀၁၆
မြန်မာ-ဗီယက်နမ်
၁။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်ရေး ပူးတွဲကော်မတီထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂၀၀၂ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ် ရေးထိုးခဲ့ပြီး အစည်းအဝေးများအား နှစ်နိုင်ငံအိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပခဲ့ပါသည်။
၂။ အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲကော်မတီအစည်း အဝေးများကို အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
စဉ် ကြိမ်ရေ ရက်စွဲ
(က) ပထမအကြိမ် (ဟနွိုင်းမြို့) - ၇-၁၀-၂၀၀၂
(ခ) ဒုတိယအကြိမ် (ရန်ကုန်မြို့) - ၂၂-၁၂-၂၀၀၃
(ဂ) တတိယအကြိမ် (ဟနွိုင်းမြို့) - ၄-၁၁-၂၀၀၅
(ဃ) စတုတ္ထအကြိမ် (နေပြည်တော်မြို့) - ၁၂-၁-၂၀၀၇
(င) ပဉ္စမအကြိမ်(ဟနွိုင်းမြို့) - ၂၇-၂-၂၀၀၉
(စ) ဆဌမအကြိမ် (နေပြည်တော်မြို့) - ၈-၅-၂၀၁၂
(ဆ) သတ္တမအကြိမ် (ဟနွိုင်းမြို့) - ၃၀-၈-၂၀၁၃
(ဇ) အဌမအကြိမ် (နေပြည်တော်မြို့) - ၂၆-၃-၂၀၁၅
(ဈ) နဝမအကြိမ်(ဟနွိုင်းမြို့) - ၂၈-၂-၂၀၁၇
(ည) ဒသမအကြိမ် (နေပြည်တော်မြို့) - ၁၇-၉-၂၀၁၉
မြန်မာ-ကိုရီးယား
၁။ မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စက်မှုပူးပေါင်းဆောင်ရွက်ရေးကို အားပေး မြှင့်တင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယား နိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနတို့အကြား ကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၂။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ပထမအကြိမ် မြန်မာနှင့်ကိုရီးယား ကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် (Joint Commission for Trade and Industrial Cooperation - JCTIC) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာ နိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကိုရီးယား သမ္မတနိုင်ငံဘက်မှ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးတို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။