About DOT

Mon, 08/29/2011 - 12:45 -- Anonymous (not verified)

ကုန်သွယ်ရေးဦးစီးဌာန  

           မြန်မာနိုင်ငံသည် ယင်း၏ကြွယ်ဝသော သဘာဝသယံဇာတရရှိမှုနှင့် အချိုးညီညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သိသိသာသာရရှိစေရန် ကျယ်ပြန့်သော စီးပွားရေး မူဝါဒပြောင်းလဲမှုကို ၁၉၈၈ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပါသည်။ ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်နေရာတွင် ဈေးကွက်စီးပွားရေးစနစ် အစားထိုးဝင်ရောက်လာပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုနည်းလမ်း အမြောက်အမြားကို စတင်ဆောင်ရွက်ခဲ့ပါ သည်။

             ပြည်ထောင်စုမြန်မာနိုင်ငံသည် သင့်လျော်သောဈေးကွက် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးနေစဉ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် စီးပွားရေးမူဝါဒ အဖြစ် စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ် လာရေး၊ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများဖိတ်ခေါ်၍ စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ နိုင်ငံတော်စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဟူသော စီးပွားရေးဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင် ထည်ဖော်ဆောင် ရွက်ရာတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဌာနသည် အဓိကဝန်ကြီးဌာနသည် တစ်ဖက်တစ်လမ်းမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက် လျက်ရှိပါသည်။

     နိုင်ငံတော်ကချမှသည့် စီးပွားရေးဦးတည်ချက်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် “ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်” (Develop trade, prosper the State)ဟူသည့်ဆောင်ပုဒ်နှင့်အညီဆောင်ရွက်လျှက်ရှိပါသည်။

 

 

 

 

 

 

 

 

 

ကုန်သွယ်ရေးဦးစီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံအခြေအနေ