DCCA

ဒီထက် နောက်ကျလို့တော့ မဖြစ်

Fri, 05/10/2013 - 04:22 -- admin
Undefined

ထုတ်လုပ်သူ နဲ့ စားသုံးသူ အကြား ဆက်နွယ်မှု လေးတွေ စဉ်းစားရင်း စာတစ်ပုဒ် ရေးရင် ကောင်းမှာပဲ ဆိုပြီး ရေးချလိုက်တဲ့ အခါ စောစောက ကျွန်တော့်ရဲ့ မိတ်ဆွေ ပြောတဲ့ အတိုင်း သူတစ်ပါး ထိခိုက် စရာတေ ဖြစ်လာ ပြန်တယ်။ လမ်းဘေးက မုန့်ဟင်းခါး ဆိုင်မှသည် တရုတ် နိုင်ငံ လုပ်ငန်းရှင် အများအဆုံး ပါဝင် နေတယ်။

မရေးလို့လဲ မဖြစ်ပြန်၊ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့ အမျှ မြင်တွေ့ နေရ၊ ကြားနေ ရတာ ဖြစ်ပါတယ်။ လမ်းဘေး မုန့်ဟင်းခါးသည်ကလဲ စေတနာ ပါပါနဲ့ စားသုံးသူ စားကောင်း အောင်လည်း လုပ်၊ အန္တရာယ်ရှိတဲ့ ပစ္စည်းများ လုံးဝ မသုံးဘူး၊ သန့်သန့် ရှင်းရှင်း လုပ်ကိုင် ဆောင်ရွယ် မယ်ဆိုရင် ရေးစရာ လိုတော့မှာ မဟုတ်ဘူး။ အခုတော့ ဘယ်လောက်ပဲ ပြောပြော လမ်းဘေး ဈေးသည်က ဗဟုသုတ မရှိ၍လား မပြောတတ်။

ကျန်းမာရေးနဲ့ ညီညွတ်မဲ့ အစားအသောက်များ ဖြစ်မလာတာ ဝမ်းနည်း စရာ ကောင်းတယ်။ သဘောတရားနဲ့ လုပ်လို့ မရရင် တရား ဥပဒေ အရ ဒဏ်ငွေ ရိုက်တာတို့၊ အခြား ပြစ်ဒဏ် ပေးတာမျိုး လုပ်သင့်တယ်လို့ မြင်ပါတယ်။ အရေး မယူမီမှာ ပညာပေး အစီအစဉ်တွေ ထိထိ ရောက်ရောက် သိရှိနိုင်အောင် ဆောင်ရွက်သင့် ပါတယ်။

ထိုနည်းတူစွာပဲ စားသောက်ကုန် ရောင်းတဲ့ ဈေးသည် များကိုလည်း စားသုံးသူကို အန္တရာယ် ပြုနိုင်တဲ့ ကုန်ပစ္စည်းများ မရောင်းချဖို့၊ မဖြန့်ချီဖို့ ထိထိ ရောက်ရောက် ပညာ ပေးသင့် ပါတယ်။ များသော အားဖြင့် လက်လုပ် လက်စားများ၊ လမ်းဘေး ဈေးသည်များဟာ မနက်မိုးလင်း ကနေ ညကြီး မိုးချုပ် အထိ သူတို့ အလုပ်ထဲမှာ အချိန်ကုန် နေတဲ့ အတွက် အစား အသောက် အန္တရာယ် အကြောင်း ဖတ်ချိန်၊ နားထောင်ချိန်၊ လေ့လာ ချိန်များ မပေး နိုင်ကြတော့တာ ဖြစ်တယ်။

စားသုံးသူ အကာ အကွယ်ပေးရေး လုပ်ငန်းစဉ်ကို လူထု လူတန်းစား အလွှာ ပေါင်းစုံ အတွင်း သိရှိ လိုက်နာ စေရေးဟာ ကျွန်တော်တို့ ပြည်သူ့ ဝန်ထမ်းများရဲ့ တာဝန် အဖြစ် ရောက်ရှိ လာတယ်လို့ မြင်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုး အတွက်ဆိုရင် ဘာပဲ လုပ်လုပ် ''အစားမတော် တစ်လုတ်၊ အသွား မတော် တစ်လှမ်း'' ဆိုတဲ့ စကားနဲ့ အညီ သတိထားပြီး လုပ်ကိုင် ဆောင်ရွက် တတ်ဖို့ လွန်စွာ အရေးကြီးလှ ပါတယ်။

ပြည်တွင်း ဈေးကွက်တွေမှာ ရောက်ရှိ နေပြီဖြစ်တဲ့ အန္တရာယ်ရှိ စားသောက်ကုန် ပစ္စည်းများ ကိုလဲ ဒီအတိုင်း ကြည့်နေ မယ်ဆိုရင် တိုင်းပြည်ရဲ့ အင်အား တဖြေးဖြေး ကျဆင်းမယ်၊ လူ့စွမ်းအား အရင်းအမြစ်များ တိုင်းတပါး လူမျိုးခြားများရဲ့ ချူစားခြင်း ခံရမှာသာ ဖြစ်ပါတယ်။

သိပ္ပံ စမ်းသပ်ခန်း တစ်ခန်းလိုပဲ အစမ်းသပ် ခံရမယ် ဆိုရင် အမှိုက်ပုံကြီးဘဲ ကျန်သွားတဲ့ ဘဝ ဖြစ်နေမယ်။

သိသိကြီးနဲ့ ခံရမဲ့ ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ကြိုတင် ပြင်ဆင်ရမယ့် အချိန်ဟာ ဒီထက် နောက်ကျလို့ မရနိုင်တော့တဲ့ အကြောင်း စားသုံးသူ ကာကွယ်ရေး ရှုထောင့်မှ တင်ပြ လိုက်ရ ပါတယ်။

ခန်လျမ်စွမ်း (နကသ)

Category: 
Subscribe to RSS - DCCA