တန်ဖိုးမြှင့်ထုတ်ကုန်

နည်းပညာပေးရေးဌာနခွဲ-၂

မြန်မာလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ နည်းပညာပေးရေးဌာနခွဲ-၂ သည် ပုဂ္ဂလိက ကဏ္ဍသို့ အောက်ပါ နည်းပညာ အကူအညီများဆောင်ရွက်ပေး လျှက်ရှိပါသည်-
(၁) လယ်ယာထွက်ကုန်သီးနှံများအားရိတ်သိမ်းခြင်း ၊ချွေလှေ့သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်းနှင့်သယ်ယူပို့ဆောင် ခြင်းလုပ်ငန်းအဆင့်ဆင့်တွင် အရည် အသွေးမီဈေးကွက်သို့ ဝင်ရောက်နိုင်ရေးနှင့် အမျိုးသားရေးဆိုင်ရာ အလေအလွင့် ဆုံးရှုံးများမှ ကာကွယ်ဆောင်ရွက်ခြင်း။
(၂)     အရည်အသွေးပြည့်မီသော စိုက်ပျိုးရေးထွက်ကုန်များအဖြစ်စံချိန်စံညွှန်း သတ်မှတ် ချက်များ နှင့်အညီ ထုတ်လုပ် တင်ပို့နိုင်ရန်နှင့်လုပ်ငန်းအဆင့်တိုင်း တွင် အသုံးပြုသည့် စက်ကိရိယာပစ္စည်းများ ကိုလေ့လာတီထွင်ထုတ်လုပ်ဖြန့်ဖြူး ပေး၍ နည်းပညာပံ့ပိုးကူညီပေးခြင်း။
(၃)     ဒေသတွင်းစိုက်ပျိုးရေးကိုအခြေခံ၍စက်မှုကုန်ထုတ်လုပ်ငန်းများ ထွန်းကားရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်၍ အရည်အသွေးမြှင့်တင်ဈေးကွက် ဝင်ရောက်ရေး၊ မူလရှိပြီး လုပ်ငန်း အရေအတွက်မှ နှစ်အလိုက် တိုးတက်စေရေး   ဆောင်ရွက်ပေးခြင်း။
(၄)     အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ အသေးစား အလတ်စားစက်မှုလုပ်ငန်းများသို့ တိုးတက် လာရေးနှင့် ပြည်ပ တင်ပို့ရောင်းချနိုင်သည့် ထုတ်ကုန်များထုတ်လုပ်တင်ပို့နိုင်ရေး အားပေးကူညီ ဆောင်ရွက်ပေးခြင်း။
(၅)     စက်မှုဇုန်များနှင့် အသေးစား အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီ ဆောင်ရွက်ပေးခြင်းနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများ ထုတ်လုပ်နိုင်ရေး ကူညီပံ့ပိုးဆောင် ရွက်ပေးခြင်း။
နည်းပညာပေးရေးဌာနခွဲ-၂သည် ပုဂ္ဂလိကကဏ္ဍသို့ အောက်ပါအကြံပေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျှက် ရှိပါသည်-
(၁)     ခေတ်မီသီးနှံသိုလှောင်ခြင်းစနစ်၊ ခေတ်မီဆန်စက်များ၊ ပေါင်းဆန်စက်ရုံများနှင့် ဖွဲနု ဆီစက်များအတွက် ဒီဇိုင်း၊ ခန့်မှန်းခြေတွက်ချက်ခြင်း၊ စက်တပ်ဆင်ခြင်း၊ စက်စမ်းသပ် စစ်ဆေးခြင်းနှင့် လည်ပတ်ခြင်းများအတွက် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေး ခြင်း။

(၂)     ဆန်စက်များနှင့်ဖွဲနုဆီစက်များ၏ ပြုပြင်မွမ်းမံခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းတို့ အတွက် ဝန်ဆောင်မှု လုပ်ငန်း များဆောင်ရွက်ပေးခြင်း။

         
(၃)     ဆန်စက်များနှင့်ဖွဲနုဆီစက်လုပ်ငန်းများတွင် စွမ်းရည်ပြည့်ဝသောစက်ယူနစ်များ တပ်ဆင်ရေးအတွက် ဆောင်ရွက်ပေးခြင်း။

                             
နည်းပညာပေးရေးဌာနခွဲ-၂သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနှင့်အသုံးချခြင်း နှင့် အခြားစွမ်းအင် အရင်း အမြစ်များအတွက် အောက်ပါအကြံပေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျှက်ရှိပါသည်-
(၁)     ဇီဝလောင်စာထုတ်လုပ်ခြင်း၊ စပါးခွံဓါတ်ငွေ့သုံးအင်ဂျင်ထုတ်လုပ်ခြင်းနှင့် ဇီဝဓါတ်ငွေ့ ထုတ်ကိရိယာများအတွက် ဝန်ဆောင်မှုပေးခြင်း။

         

(၂)   ဒီဇယ်နှင့်ဓါတ်ဆီသုံးကားများအား CNGစနစ်သို့ ပြောင်းလဲတပ်ဆင်ရေးအတွက် ဆောင်ရွက်ပေးခြင်း။

                                           
နည်းပညာပေးရေးဌာနခွဲ-၂သည် နည်းပညာသတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းအား (၁) ကောမတ်စ်ဂျာနယ် (ရိတ်သိမ်းချိန်လွန်နည်းပညာပေးအစီအစဉ်) နှင့်

                                            

(၂) ရိတ်သိမ်းချိန်လွန်နည်းပညာပေးစာစောင်များမှတဆင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။  
                                            
နည်းပညာပေးရေးဌာနခွဲ-၂သည် သီးနှံကြိတ်ခွဲရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ် ထုတ်လုပ်ရေး နှင့်ထုတ်ပိုးခြင်းလုပ်ငန်းများအတွက် အောက်ပါသင်တန်းများကို တာဝန်ယူဆောင်ရွက် လျှက်ရှိပါသည်-
(၁)     ဆန်စက်နှင့်ဖွဲနုဆီစက်များကြိတ်ခွဲဆောင်ရွက်ခြင်းနှင့် ထိန်းသိမ်းခြင်း
(၂)     သီးနှံအခြောက်ခံခြင်းနှင့်သိုလှောင်ခြင်း
(၃)     တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း
(၄)     ခေတ်မီထုပ်ပိုးနည်းစနစ်များနှင့်အသုံးဝင်မှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ကျ ရေး ဗဟိုကော်မတီ လက်အောက် တွင် ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် တာဝန်ယူဆောင်ရွက် ရမည်ဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးသည်  ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး   ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာနှင့် သက် ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆိပ်သာကန်၊ ဆုံကုန်း၊ထီးဆောင်း၊ မကျီးစင်၊ ရွာထောင် ကျးရွာ (၅)ရွာနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆင်မကြပ်၊ ပျားစည်၊ ဝက်ကော်၊ ကြာအင်း၊ ကန်ရိုး၊ လင်းယောခင်   ကျေးရွာ(၆)ရွာသို့ ကွင်းဆင်းစစ်ဆေးပြီး ကျေးလက်နေပြည်သူများနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်း လိုအပ်ချက်များ နှင့်ဆောင်ရွက်ပေးရမည့်အစီအစဉ်များအား အသေးစိတ် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး ခဲ့ပါသည်။


            ဆိပ်သာကန်                 ဆုံကုန်း                           ထီးဆောင်း                            မကျီးစင်                       ရွာထောင်    

       ဆင်မကြပ်                ပျားစည်                     ဝက်ကော်                ကြာအင်း                    ကန်ရိုး                   လင်းယောခင်