Department of Consumer Affiar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Gautam Mukhopadhaya အား ဝန်ကြီးရုံး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ( ၁၅ ) ရက်နေ့မှ ( ၂၈ ) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်“MYANTRADE Project အကောင်အထည် ဖော်ရေးအတွက် လေ့လာရေးခရီးစဉ်”သို့ ကိုရီးယားသမ္မတနိုင်ငံ၊ (Korea Trade- Investment Promotion Agency-KOTRA) ၏ ဖိတ်ကြားချက်အရ သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ Working Level Officials အဆင့်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၅) ဦးက ဒုတိယအကြိမ်လေ့လာရေးအဖွဲ့အဖြစ် သွားရောက်ခဲ့ပါသည်။ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ (၂၅) ဦးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၀)ဦး၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ (၂) ဦး၊ စက်မှု ဝန်ကြီးဌာနမှ(၁)ဦး၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ(၁)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ (၁)ဦး တို့ ပါဝင်ကြောင်း သတင်းရရှိပါသည်။

လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှ MYANTRADE Project အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာလုပ်ငန်း များတွင်တာဝန်ရှိသည့် အစိုးရအရာထမ်းများ MYANTRADE Project အကြောင်း သိရှိ နားလည်နိုင်ရန်၊ KOTRA ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကိုရီးယားနိုင်ငံ၏ ဆင်းရဲ သောဘဝမှ အောင်မြင်အောင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို လေ့လာရန် အတွက် စေလွှတ်ခြင်းဖြစ်ပါသည်။

ခရီးစဉ်အတွင်း Site Visit အဖြစ် ကိုရီးယားယဉ်ကျေးမှုဆိုင်ရာများ လေ့လာရန် အတွက် Jyeongsang ပြည်နယ် မြောက်ပိုင်းရှိ ရှီလာဘုရင်အုပ်စိုးခဲ့သည့် နိုင်ငံ၏ မြို့တော် (BC 57 မှ AD 935) ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် အဆောက်အဦများ ရှိသည့် Jyeongji မြို့သို့လည်းကောင်း၊ ထို့နောက် ၎င်းမြို့ရှိ နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းသည့် UNESCO မှ ထိန်းသိမ်းထားသည့် Bulguk Temple သို့လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ (ရ)ခုမြောက်အကြီးဆုံး မြို့တော် ဖြစ်သည့် ULSAN မြို့ ရှိ Hyundai Motor Company မှ လည်ပတ်ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး မော်တော်ကားတပ်ဆင်သည့် စက်ရုံနှင့် Hyundai Heavy Industries မှ ဆောင်ရွက်နေသည့် ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်သည့် လုပ်ငန်းများသို့လည်းကောင်း၊ Changwon ရှိ LG Electronics သို့လည်းကောင်း၊ BUSAN ရှိ အကောက်ခွန်ဌာန၏ ပြတိုက်နှင့်  APEC အစည်းအဝေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည့် ဟယ်ဟွန်းဒယ်(ဘူဆန်ကမ်းခြေ)ရှိ နူရီမာရို ပန်းခြံ တို့သို့ လေ့လာရေး ခရီးသွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ MYANTRADE Project ဖြစ်ပေါ်လာရခြင်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏၂၀၁၂ခုနှစ်၊ အောက်တိုဘာလတွင် ကိုရီးယား သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ အကူအညီ ဖြင့် မြန်မာနိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန ထူထောင်ရန်အတွက် နှစ်နိုင်ငံအကြီးအကဲများ ဆွေးနွေး၍အကူအညီပေးရန် သဘောတူညီမှုရရှိခဲ့ရာမှ ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း သိရပါသည်။

MYANTRADE Project ကို Korea International Cooperation Agency –KOICA ၏ငွေကြေးအထောက်အပံ့၊ KOTRA ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံကစပြီး Export လုပ်နိုင်သည့်အထိ သင်တန်း များ ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ MYANTRADE  Project အတွက် ကိုရီးယားသမ္မတနိုင်ငံသို့ လေ့လာရေးအစီအစဉ်အဖြစ် (၂) ကြိမ်ထပ်မံစေလွှတ်ရန် ရှိကြောင်းနှင့် MYANTRADE Project အရ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အတွက် ထိရောက်စွာဆောင်ရွက်နိုင်မည့် အဖွဲ့တစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး အလွန် ကောင်းမွန်အကျိုးရှိမည့် Project ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။   

အိန္ဒိယနှင့်တရုတ် ကြက်သွန်နီများတင်သွင်းခွင့်ပြု

Mon, 11/30/2015 - 15:22 -- rgn_ICT

ကြက်သွန်နီ ပြည်တွင်းဈေးနှုန်းများတည်ငြိမ်စေရေးနှင့်စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများ တင်သွင်းရန် သွင်းကုန်လိုင်စင်အား မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်းထောက်ခံချက်ဖြင့် ကုမ္ပဏီ (၆) ခုအား တင်သွင်းခွင့်ပြုခဲ့ရာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ထိ နယ်စပ်နည်းဖြင့် တရုတ် နိုင်ငံ မူဆယ်နယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် (၂) စောင်၊ တန်ချိန် (၂၅၀) ၊ ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံမှတင်သွင်းရန် သွင်းကုန်လိုင်စင် (၃) စောင်၊ တန်ချိန် (၃၈၀)တန်၊ စုစုပေါင်း ကြက်သွန်နီ တန်ချိန် (၆၃၀)တန် ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် မည်သူ မဆို ကြက်သွန်နီ ပြည်ပမှ တင်သွင်း ခွင့် လျှောက်ထား လာပါကလည်း ဆက်လက်ခွင့်ပြုပေး သွားမည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ကြက်သွန်နီများ တင်သွင်းခွင့်ပြုလိုက်သည့်အတွက် မကြာမီ ကြက်သွန်နီဈေးနှုန်း တည်ငြိမ်လာမည်ဟု မျှော်မှန်းရ ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေသဖြင့် သုံးစွဲရန် မသင့်ကြောင်းနဲ့ ဖြန့်ဖြူးရောင်းချ ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဟု ထပ်မံအသိပေး ကြေညာ

Tue, 11/24/2015 - 13:28 -- rgn_ICT

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ထိရောက်သည့် အကျိုးအာနိသင်ရှိပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။

 မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာန၏ အလှကုန်ပစ္စည်းဆိုင်ရာအမိန့်အမှတ် (၁/၂၀၁၀)နဲ့အညီ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိ ဘဲ ပြည်တွင်း၌ ဈေးကွက်တင် ရောင်းချနေသော ဖော်ပြပါ အလှကုန်ပစ္စည်းများ ၁၃ မျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း အများပြည်သူ လူထုအား အသိပေးနှိုးဆော်ကြညာခဲ့ပြီးဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထုသုံးစွဲခြင်းမပြုကြရန်နဲ့ တင်သွင်း၊ဖြန့်ဖြူး ရောင်းချမှုများကို တွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ နောက်ဆုံးပတ်တွင် ထပ်မံအသိပေးကြေညာထားတာဖြစ်ပါတယ်။

မာကျူရီ၊ဟိုက်ဒြိုကွီနိုး၊ဘီတာမီသာဇုံး ၁၇-ဗယ်လီရိတ်၊ရက်တီနွိုက်အက်စစ်တို့ပါဝင်သဖြင့် သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများမှာ ထိုင်းနိုင်ငံလုပ် မယ်လ်လာနို(ခရင်မ် နံပါတ်-၁၊ ညလိမ်းခရင်မ် နံပါတ်-၂ ၊မျက်နှာသစ်လိမ်းခရင်မ် နံပါတ်-၃)၊ ပိုလာ(ပလက်တီနမ်၊ ခရစ်တယ်လ်ဝှိုက် ခရင်မ်၊ စူပါဝှိုက်၊ ညလိမ်းခရင်မ်အသစ်) ဘာစ်ချီ(နေ့/ည၊အသားဖြူခရင်မ်)၊ သရီးဒေးစ်(အသားစိုပြေ တောက်ပြောင် စေသော ခရင်မ်)၊ပီဒဗလျူ ဘင်န်စ်ရှင်းခရင်မ်၊ လေးနောင်း ညလိမ်းအသားဖြူ ခရင်မ်၊  ဒေါက်တာဂျပန်၊ အသားအရေ တောက်ပြောင်ဝင်းပစေသော အရည်များဖြစ်ပါတယ်။

မွန်ပြည်နယ်မော်လမြိုင်မြို့ (ဒိုင်းဝန်ကွင်း) ဈေးတွင် စားသုံးရန်/သုံးစွဲရန်မသင့်တားမြစ်ကုန်စည်များ မရောင်းချရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

Thu, 11/19/2015 - 14:50 -- rgn_ICT

မွန်ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား ကုန်စည်နှင့် ဝန်ဆောင်မှုတို့နဲ့ စပ်လျဉ်းသည့်အသိပညာပေးခြင်းအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ၌ မော်လမြိုင်မြို့ (ဒိုင်းဝန်ကွင်း)ဈေးတွင်စားသုံးရန်/သုံးစွဲရန်မသင့်သည့် တားမြစ်ကုန်စည်များ ရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်း၊ အသိပေးစာစောင်များ ဝေငှ၍ ဘေးဥပဒ်အန္တရာယ်များအကြောင်းဆွေးနွေးရှင်းလင်းခြင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လက်ကမ်းစာစောင်များဝေငှခြင်းနဲ့ ခွင့်မပြုဆိုးဆေးများပါဝင်သော အစားအသောက်များနှင့် ဓါတုပစ္စည်းများအသုံးပြုထားသောအလှကုန်များသုံးစွဲခြင်းသည် လတ်တလောအခြေအနေတွင် မသိသော်လည်း အချိန်ကြာမြင့်စွာသုံးစွဲလာပါ က ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများရရှိမှာဖြစ်ပါကြောင်းကို ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ  ဆွေးနွေးရှင်းလင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှလည်း ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ခြင်းသည် ဈေးဆိုင်ပိုင်ရှင်များနှင့် ဈေးဝယ်သူများအတွက် စားသုံးရန်နှင့်သုံးစွဲရန်သင့်/မသင့်သိရှိရသဖြင့်ကုန်စည်အားရွေးချယ်သုံးစွဲတတ်ခြင်း၊ တားမြစ်ကုန်စည်များ မရောင်းချရန် ဂတိပေးကြပြီးမိမိတို့၏ အကျိုးစီးပွားဆုံးရှုံးနစ်နာမှုအားအကာအကွယ်ပေးရာရောက်သဖြင့် ဝမ်းသာပါကြောင်းနဲ့ အလွန်ကောင်းမွန်သောဆောင်ရွက်မှုဖြစ်ပါကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။

ချိုဝင်း(မွန်)

Pages

Subscribe to Department of Consumer Affiar