Department of Consumer Affiar

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူ းရုံးမှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပုသိမ်ခရိုင်အတွင်းရှိမြို့နယ် (၇)မြို့နယ် တွင် စားသုံးသူအကာအကွယ်ပေးရေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်သွားရန် စီမံဆောင်ရွက်ခဲ့ပါသည်။

          ၎င်းစီမံချက်အရ ၁၈.၁၁.၂၀၁၅ ရက်နေ့တွင် ရေကြည်မြို့နယ်၊အသုတ်မြို့နှင့် ငပိဆိပ်ကျေးရွာ အထက ကေ ျာင်းနှစ်ကေ ျာင်းတွင်လည်းကောင်း၊ ၁၉.၁၁.၂၀၁၅ ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ရေစခန်းကျေးရွာ အလကကျောင်းနှင့် အင်းရဲ ကျွန်းကျေးရွာ အလကကျောင်းတို့တွင်လည်းကောင်း၊ ၂၀.၁၁.၂၀၁၅ ရက်နေ့တွင် ကျောင်းကုန်မြို့နယ်၊လှည်းဆိပ် အထကကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ်၊ဆပ်ကွင်းကျေးရွာ အထကကျောင်းများ တွင်လည်းကောင်း ၂၃.၁၁.၂၀၁၅ ရက်နေ့ တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာ အထကကျောင်း တွင်လည်းကောင်း စားသုံးသူအကာအကွယ်ပေးရေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲများတွင် ဧရာဝတီတိုင်းကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေားရာဦးစီးဌာန တိုင်း ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိဝန်ထမ်းများက စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနများမှ ထုတ်ပြန်ထားသောစားသုံးရန်မသင့် လျော်သော အစားအသောက်၊ ဆီ၊ နှင့်ဆေးဝါးများအကြောင်း ၎င်းတို့တွင်ပါဝင်သော ဓာတုပစ္စည်းများနှင့်ဘေးထွက် ဆိုးကျိုးများ စားသုံးသူအခွင့်အရေးနှင့်ဥပဒေများအား ပစ္စည်းနမူနာများပြသခြင်း ၊ ပရိုဂျက်တာဖြင့်ရှင်းလင်းပြခြင်း တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးကြပြီး ၎င်းဟောပြောဆွေးနွေးပွဲများတွင် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊မိတ်ဖက်အဖွဲအစည်းများဖြစ်သော သက်ဆိုင်ရာမြို့နယ်များမှစည်ပင်နှင့် ကျန်းမာရေးဌာနမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး လူဦးရေအားဖြင့် ၂၂၄၁ ဦးအားပညာပေးဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။

         ဆက်လက်၍ နိုဝင်ဘာလနှင့်ဒီဇင်ဘာလများအတွင်း ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့နယ်ခွဲနှင့် ငပုတော မြို့နယ်များသို့သွား ရောက်ကွင်းဆင်းဟောပြောဆွေးနွေးရန် စီမံဆောင်ရွက်လျှက်ရှိပါသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ  တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်မယ့် ဗီယက်နမ်ကုန်စည်ပြပွဲနဲ့ စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၅ ရက် ၁၀း၃၀ ချိန်က ရန်ကုန်တိုင်းဒေသ ကြီး၊ ဒဂုံမြို့ နယ်၊ အလံပြဘုရားလမ်းရှိ Park Royal Hotel မှာပြုလုပ်ခဲ့ တယ်လို့သတင်းရရှိပါတယ်။

ကုန်စည်ပြပွဲကို ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ (VIETRADE)တို့ ပူးပေါင်းကျင်းပသွားမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှ အကြီးဆုံး ကုမ္ပဏီများ အပါအဝင် လုပ်ငန်းရှင် ၆၀ ကျော် ပါဝင်ပြသမှာဖြစ်ပါတယ်။ အဓိက စီးပွားရေးမိတ်ဖက်များနဲ့ တွေ့ဆုံခွင့်၊ မဟာဗျူဟာကျ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခွင့်များကို ရရှိနိုင်မယ့် ပြပွဲတစ် ခုဖြစ်တယ်လို့ သိရပါတယ်။

ပြခန်းပေါင်း ၁၂၀ ခန့်ပါဝင်ပြသမှာဖြစ်ပြီး ဗီယက်နမ်လုပ်ငန်းရှင်များက အရည်အသွေးမြင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု များကို  ပြသသွားမှာ ဖြစ်ပါတယ်။  ပြသမဲ့ ကုန်ပစ္စည်းတွေကတော့ အစားအစာနဲ့ အဖျော်ယမကာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများနဲ့ စက်ယန္တရားများ၊ ဆေးဝါးနဲ့ အလှကုန်များကို ပြသသွားမှာဖြစ်ပြီး ကုန်စည်ပြပွဲနဲ့အတူ Business Matching ကိုလည်းတစ်ပါတည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ VIETRADE (ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ)ရဲ့ ဝက်ဘ်ဆိုက်ကတော့ www.vietrade.gov.vn (link is external) , e.mail mhctl @ vietrade.gov.vnဘဲဖြစ်ပါတယ်။

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ ပညာရေးဦးစီးဌာန၊ ဥပဒေရုံး၊ စည်ပင် သာယာရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းရီက အဖွင့်အမှာစကား ပြောကြားဆောင်ရွက်၍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးရီ က စားသုံးသူအကာအကွယ်ပေးရေး ပေါ်ပေါက်လာပုံ၊ အခြေခံသဘောတရားများ၊ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များ၊ လုံခြုံစိတ်ချမှုမရှိသော အစားအသောက်များကို စားသုံးသူ များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်နှင့် အစေားအသောက်များတွင် သုံးစွဲသော ခွင့်မပြုဓာတုဆိုး ဆေးနှင့် နောက်ဆက်တွဲ ရောဂါများအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးမှ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစား အသောက်များ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ကောင်းဖြစ်စေရေးကိုလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာတင်ဌေးက အေးခဲအသားများ၊  လတ်ဆတ်သန့်ရှင်းသော အသားငါးများ ရွေးချယ်စားသောက်ရေး၊ သန့်ရှင်းစွာကိုင်တွယ်ချက်ပြုတ် ရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရေးနှင့် နေထိုင်ပုံအကြောင်းတို့ကိုလည်းကောင်း၊ ကုန်သွယ်မှုမြှင့် တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး သိကောင်းစရာ VIDEO မှတ်တမ်းပြသခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ၊ ဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်ညိုက ကျေးဇူးတင်စကား ပြောကြားခဲ့ပါ သည်။ ဟောပြောပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်းအင်အား (၄၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ၏ လုပ်ငန်းစီမံချက်တွင်ပါဝင်သော အရေးကြီး ပို့ကုန်အဖြစ် သတ်မှတ်ထား သည့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရော်ဘာဗဟိုဈေးတစ်ခုကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဦးဆုံးဖွင့်လှစ်သွားမယ်လို့ သတင်းရရှိပါတယ်။

ရည်ရွယ်ချက်မှာ ရော်ဘာအရည်အသွေးထိန်းသိမ်းရန်နဲ့ ရော်ဘာဈေးကို ဈေးမှန်ရရှိအောင် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ရော်ဘာစိုက် ခြံရှင်များမှ ဈေးကွက်ကို အထူးရှာဖွေရန်မလိုဘဲ ရောင်းချနိုင်ပြီး ဝယ်ယူသူ ကုမ္ပဏီများ အနေဖြင့်လည်း ပစ္စည်းမှန်ဈေးနှုန်းမှန် အရည်အသွေးမှန်သော ပစ္စည်းများကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ယင်းရော်ဘာဗဟိုဈေးကို မော်လမြိုင်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်မှာတည်ဆောက်မှာဖြစ်ပြီး အဆိုပါဈေးအတွက် လုပ်ငန်းစီမံခန့်ခွဲမှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယင်းဈေးတွင် ခြံစိုက်   တောင်သူများမှ ရောင်းချ လိုသော ရော်ဘာများကို ဒိုင်သို့ပေးပို့ပြီး ဒိုင်က ပစ္စည်းအဆင့်ခွဲခြား သတ်မှတ်၍ လေလံစနစ်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ရောင်းချသူမှ လည်း မိမိ စိတ်ကြိုက် ဈေးနှုန်း မရရှိပါက ငြင်းပယ်နိုင်ပါ တယ်။ ခြံရှင်များအနေနဲ့ ဈေးနှုန်း မှန်မှန်ကန်ကန်ရရှိပြီး အရည်အသွေး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းတဲ့အလေ့အကျင့်လည်း ရရှိလာမှာ ဖြစ်ပါတယ်။ မိမိရဲ့ ပစ္စည်းအရည်အသွေးကို ဈေးကောင်း ရလာတာနဲ့အမျှ ပိုပြီးမြင့်အောင် ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီထုတ်လုပ်ပါက အရည်အသွေးကောင်းပြီးဈေးလည်းမှန်ကန်စွာ ရရှိလာမှာ ဖြစ်ပါတယ်။ ယခုဖွင့်လှစ်မဲ့ ရောင်းသူရောဝယ်သူပါ အကျိုးရှိမဲ့ ရော်ဘာဗဟိုဈေးရဲ့ လုပ်ငန်းစဉ်များ အောင်မြင်သွားပါက အခြားရော်ဘာ စိုက်ပျိုးရာဒေသများဖြစ်တဲ့ တနင်္သာရီ၊ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်း ဆက်လက်ဖွင့်လှစ်ရန် နှစ်ရှည်စီမံကိန်း များရှိကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

 

Wed, 11/11/2015 - 15:17 -- rgn_ICT

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ  တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်မယ့် ဗီယက်နမ်ကုန်စည်ပြပွဲနဲ့ စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၅ ရက် ၁၀း၃၀ ချိန်က ရန်ကုန်တိုင်းဒေသ ကြီး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ Park Royal Hotel မှာပြုလုပ်ခဲ့ တယ်လို့သတင်းရရှိပါတယ်။

ကုန်စည်ပြပွဲကို ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ (VIETRADE)တို့ ပူးပေါင်းကျင်းပသွားမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှ အကြီးဆုံး ကုမ္ပဏီများ အပါအဝင် လုပ်ငန်းရှင် ၆၀ ကျော် ပါဝင်ပြသမှာဖြစ်ပါတယ်။ အဓိက စီးပွားရေးမိတ်ဖက်များနဲ့ တွေ့ဆုံခွင့်၊ မဟာဗျူဟာကျ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခွင့်များကို ရရှိနိုင် မယ့် ပြပွဲတစ်ခုဖြစ်တယ် လို့ သိရပါတယ်။

ပြခန်းပေါင်း ၁၂၀ ခန့်ပါဝင်ပြသမှာဖြစ်ပြီး ဗီယက်နမ်လုပ်ငန်းရှင်များက အရည်အသွေးမြင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု များကို  ပြသသွားမှာ ဖြစ်ပါတယ်။  ပြသမဲ့ ကုန်ပစ္စည်းတွေကတော့ အစားအစာနဲ့ အဖျော်ယမကာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စက်ပစ္စည်းများနဲ့ စက်ယန္တရားများ၊ ဆေးဝါးနဲ့ အလှကုန်များကို ပြသသွားမှာဖြစ်ပြီး ကုန်စည်ပြပွဲနဲ့အတူ Business Matching ကိုလည်းတစ်ပါတည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ VIETRADE (ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ)ရဲ့ ဝက်ဘ်ဆိုက်ကတော့ www.vietrade.gov.vn(link is external) , e.mail mhctl @ vietrade.gov.vnဘဲဖြစ်ပါတယ်။

Pages

Subscribe to Department of Consumer Affiar