မောင်တောကုန်သွယ်ရေးစခန်း

     စခန်းသမိုင်းအကျဉ်း

         ကုန်သွယ်ရေးဝန်ကြီးဌာန၏ (၂၁-၁၁-၁၉၉၁) ရက်စွဲပါအမိန့်ကြော်ငြာစာ (၉/၉၁) အရ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသစစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့များတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ခွင့်ပြုနိုင်ရန် မြန်မာ့ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းမှ (၁-၁၁-၁၉၉၁) ရက်နေ့တွင် စတင် တာဝန်ယူကာဆောင်ရွက်ခဲ့သည်။

         ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၂၉-၈-၁၉၉၅ ရက်စွဲပါအမိန့်ကြော်ငြာစာ (၄/၉၅) အရ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောမြို့တွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် နယ်စပ် ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ရုံးအဖြစ် (၅-၉-၁၉၉၅) ရက်နေ့မှ စတင်တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

           ဘဏ်လုပ်ငန်းဆိုင်ရာညှိနှိုင်းမှုများအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပြုရာတွင် ဘဏ်လုပ်ငန်း ဆိုင်ရာ Banking Arrangement မြန်မာနိုင်ငံဘက်မှ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်(MICB) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ (Sonali Bank) တို့ (၁၀-၉-၁၉၉၅) ရက်နေ့ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ လုပ်ငန်းစတင်ချိန်တွင် ဘဏ်ငွေလွှဲလက်မှတ် (Bank Draft) (၁) စောင်လျှင် အမေရိကန်ဒေါ်လာ (၂၅၀၀)ဖြင့် ခွင့်ပြုဆောင်ရွက်ခဲ့ပြီးယခုအခါ အမေရိကန် ဒေါ်လာ (၅၀၀၀၀) အထိပြင်ဆင်သတ်မှတ်၍မြန်မာ့စီးပွားရေးဘဏ်၊ မောင်တောဘဏ်ခွဲနှင့် ဆိုနာလီ ဘဏ်၊ တက္ကနဗ်တို့အကြားငွေလွှဲလက်မှတ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယခင်ကအမှတ် (၁) ဝင်/ထွက်ဂိတ်မှ ဆောင်ရွက်ခဲ့သော် လည်း မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ဆုံးဖြတ်ချက်အရ ကညင်ချောင်းစီးပွားရေးဇုန်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ကုန်သွယ်မှု လုပ်ငန်းများအား ကညင်ချောင်းစီးပွားရေးဇုန် ဆိပ်ကမ်းမှ ဆောင်ရွက်လျက်ရှိပါသည်။

၁ ။   စခန်းအမည်                               -   မောင်တောကုန်သွယ်ရေးစခန်း

၂။    တည်နေရာ/အကျယ်အဝန်း           -

၃။    စခန်းဖွင့်လှစ်ခဲ့သည့်ရက်စွဲ            - 

၄။    နယ်နိမိတ်ထိစပ်နေသည့်မြို့/ရွာ    - 

၅။   ဒေသနေလူမျိုး