လွယ်ဂျယ်ကုန်သွယ်ရေးစခန်း

( ၁ )   စခန်းအမည်                                  -    ကုန်သွယ်ရေးစခန်း(လွယ်ဂျယ်)

( ၂ )   စခန်းဖွင့်လှစ်ခဲ့သော ခုနှစ်                   -    ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၁၉၉၂ ခုနှစ်၊ မေလ (၇) ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၄/၉၂ ) အရ နယ်စပ်ကုန်သွယ်ရေး (ဗန်းမော်)  ကို ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့။ ၁၉၉၇ ခုနှစ် ၊ ဇန်နဝါရီလတွင် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့။ ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လုံချွမ်ခရိုင်၊ ကျန်းဖုန်း  မြို့နယ်၊ လိုင်ရင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသော  ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (လွယ်ဂျယ်) ကို စတင်ဖွင့်လှစ်ခဲ့။

( ၃ )   တစ်ဖက်နိုင်ငံ စခန်းမြို့များ                   -    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်၊ လိုင်ရင်းကျေးရွာ။

( ၄ )   မျက်နှာစာ                                      -    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်၊ လိုင်ရင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသော ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့။

( ၅ )   ကုန်သွယ်မှုပြုလုပ်သည့်ငွေကြေး           -    ကျပ်၊ ယွမ်၊ ဒေါ်လာ (နိုင်ငံတော်မှ အခါအား လျော်စွာခွင့်ပြုသည့် ငွေကြေး)

( ၆ )   အများဆုံးတင်ပို့သော ကုန်စာရင်း          -    ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ။

( ၇ )   အများဆုံးတင်သွင်းသောကုန်စာရင်း       -    မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံး ပစ္စည်း၊ မော်တော် ဆိုင်ကယ်။

( ၈ )   ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ            -    ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ ပူးတွဲ (က)

( ၉ )   ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေး     -   

လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းသည် လွယ်ဂျယ်-မိုးမောက်-ဗန်းမော် ကားလမ်းလွယ်ဂျယ်မြို့တွင် မြို့မရဲစခန်းနှင့် မြို့နယ် သစ်တောဦးစီးဌာနအကြား အမှတ် (၅) ရပ်ကွက်၊ ခန့်မှန်းမြေပုံညွှန်း LG-706768 တွင် တည်ရှိပြီး နယ်စပ် မျဉ်းနှင့် (၁) မိုင်ခန့်အကွာတွင် တည်ရှိပါသည်။

လွယ်ဂျယ် ဗန်းမော်လမ်းကြောင်းသည်  ၅၆ မိုင်၊ ၄ ဖာလုံ ကွာဝေးပါသည်။ လွယ်ဂျယ်မှ ယောယုံထိ ၇ မိုင် ၄ ဖာလုံ၊ ရောယုံမှ စိန်လုံထိ ၁၇ မိုင်၊  စိန်လုံမှ လော်တန်ထိ ၁၀ မိုင်၊ လော်တန်မှ ကျောက်စခန်းအထိ ၁၁ မိုင်၊ ကျောက် စခန်းမှ မိုးမောက်ထိ ၂ မိုင် ၊ မိုးမောက်မှ ဗန်းမော်ထိ ၉ မိုင် ၊ လွယ်ဂျယ်-မိုးမောက်မှ မြစ်ကြီး နားထိ ၁၅၂ မိုင်ကွာဝေးပြီး ဗန်းမော်-မိုးမောက်-မြစ်ကြီးနားထိ ၁၁၄ မိုင် ကွာဝေးပါသည်။

(၁၀)    လမ်းကြောင်းအကွာအဝေးပြမြေပုံ        -

              

(၁၁)     ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေးပြမြေပုံ