ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၀-၅-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၁၆၃၈၁.၂၆၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၈.၀၅၈)သန်း၊ နယ်စပ်မှ (၄၂၂၉၇.၄၉၃)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈.၆၆၄)သန်း၊ စုစုပေါင်း (၂၅၈၆၇၈.၇၅၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၆.၇၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၀-၅-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၂၀-၅-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၀.၁၉၂ ၁.၉၃၈ ၃၂.၁၃၀
ကီလို ၃၇၅၈၃.၆၁၉ ၂၀၄၉.၂၁၀ ၃၉၆၃၂.၈၂၉
  ပဲတီစိမ်း US$ ၈၃.၈၇၆ ၁၃.၆၃၆ ၉၇.၅၁၂
ကီလို ၁၀၅၇၉၀.၅၆၈ ၁၉၆၆၀.၇၁၉ ၁၂၅၄၅၁.၂၈၇
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၄၀၃ ၀.၄၀၃
ကီလို   ၄၂၆.၇၀၀ ၄၂၆.၇၀၀
  ပဲစဉ်းငုံ US$ ၃.၅၉၀ ၀.၀၁၈ ၃.၆၀၈
ကီလို ၄၉၂၇.၇၅၀ ၂၅.၀၀၀ ၄၉၅၂.၇၅၀
  ကုလားပဲ US$ ၅.၆၃၈ ၀.၀၂၆ ၅.၆၆၄
ကီလို ၇၉၆၁.၄၀၀ ၄၃.၀၀၀ ၈၀၀၄.၄၀၀
  ပဲလွန်းဖြူ US$ ၆.၉၂၅ ၀.၃၁၆ ၇.၂၄၁
ကီလို ၉၇၀၇.၄၆၁ ၇၃၈.၉၅၃ ၁၀၄၄၆.၄၁၄
  မြေထောက်ပဲ US$ ၁၂.၅၆၁ ၄.၀၈၈ ၁၆.၆၄၉
ကီလို ၁၇၆၂၄.၇၅၆ ၆၃၂၄.၅၄၁ ၂၃၉၄၉.၂၉၇
  ထောပတ်ပဲ US$ ၇.၉၃၈ ၀.၇၆၀ ၈.၆၉၈
ကီလို ၉၄၃၂.၅၄၂ ၁၃၆၇.၀၀၀ ၁၀၇၉၉.၅၄၂
   ပဲယင်း US$ ၈.၈၅၆ ၁.၁၆၇ ၁၀.၀၂၃
ကီလို ၁၁၈၁၁.၆၁၇ ၂၅၀၇.၂၀၀ ၁၄၃၁၈.၈၁၇
  ၁၀ ပဲကြီး US$ ၂.၂၃၂ ၀.၇၃၄ ၂.၉၆၆
ကီလို ၃၁၃၂.၄၈၀ ၁၃၀၂.၆၇၀ ၄၄၃၅.၁၅၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၄၈၀   ၁.၄၈၀
ကီလို ၂၀၉၈.၉၃၅   ၂၀၉၈.၉၃၅
  ၁၂ စွန်တာပြာ US$ ၀.၁၇၅ ၀.၀၀၀ ၀.၁၇၅
ကီလို ၂၄၈.၀၀၀ ၀.၀၀၀ ၂၄၈.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၄၁၈ ၀.၄၁၈
ကီလို   ၇၂၄.၂၅၀ ၇၂၄.၂၅၀
  ၁၄ ပဲဖြူလေး US$ ၀.၁၀၁ ၀.၀၀၀ ၀.၁၀၁
ကီလို ၁၄၆.၀၀၀ ၀.၀၀၀ ၁၄၆.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၂.၇၈၅ ၀.၀၀၀ ၂.၇၈၅
ကီလို ၃၇၁၉.၄၀၀ ၀.၀၀၀ ၃၇၁၉.၄၀၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၁.၁၀၈ ၁.၁၀၈
ကီလို   ၂၇၇၈.၅၀၀ ၂၇၇၈.၅၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၃၆၅ ၀.၃၆၅
ကီလို   ၅၀၃.၄၅၀ ၅၀၃.၄၅၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၉၁ ၀.၀၉၁
ကီလို   ၁၁၁.၂၅၀ ၁၁၁.၂၅၀
  ၂၀ မြေပဲဆံ US$ ၁.၂၂၇ ၃.၅၈၂ ၄.၈၀၉
ကီလို ၁၃၈၉.၁၀၀ ၃၇၀၀.၅၅၀ ၅၀၈၉.၆၅၀
  ၂၁ အခြားပဲ US$ ၀.၄၁၉ ၀.၀၁၄ ၀.၄၃၃
ကီလို ၇၄၁.၆၃၄ ၃၄.၅၀၀ ၇၇၆.၁၃၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၆၈.၀၅၈ ၂၈.၆၆၄ ၁၉၆.၇၂၂
ကီလို ၂၁၆၃၈၁.၂၆၂ ၄၂၂၉၇.၄၉၃ ၂၅၈၆၇၈.၇၅၅
Source: Customs

Pages