ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၉-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၅၃၅၁.၃၃၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၅၆၁)သန်း၊ နယ်စပ်မှ (၁၆၈၉၀.၆၆၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁.၇၇၄)သန်း၊ စုစုပေါင်း (၁၄၂၂၄၁.၉၉၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၈.၃၃၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၉-၄-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၂၉-၄-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၁၆.၈၆၅ ၁.၀၉၆ ၁၇.၉၆၁
ကီလို ၂၁၅၂၀.၆၁၀ ၁၁၇၄.၀၀၀ ၂၂၆၉၄.၆၁၀
  ပဲတီစိမ်း US$ ၄၉.၄၈၁ ၄.၂၁၉ ၅၃.၇၀၀
ကီလို ၆၂၆၄၆.၁၉၃ ၆၂၃၇.၈၀၂ ၆၈၈၈၃.၉၉၅
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၄၁ ၀.၀၄၁
ကီလို   ၄၃.၀၀၀ ၄၃.၀၀၀
  ပဲစဉ်းငုံ US$ ၂.၉၄၇ ၀.၀၁၈ ၂.၉၆၅
ကီလို ၄၀၃၁.၂၅၀ ၂၅.၀၀၀ ၄၀၅၆.၂၅၀
  ကုလားပဲ US$ ၁.၂၈၅ ၀.၀၂၅ ၁.၃၁၀
ကီလို ၁၉၃၉.၉၀၀ ၄၁.၀၀၀ ၁၉၈၀.၉၀၀
  ပဲလွန်းဖြူ US$ ၄.၂၇၇ ၀.၂၀၄ ၄.၄၈၁
ကီလို ၆၂၅၁.၅၇၀ ၄၅၄.၄၅၃ ၆၇၀၆.၀၂၃
  မြေထောက်ပဲ US$ ၇.၅၆၄ ၂.၅၆၈ ၁၀.၁၃၂
ကီလို ၁၀၆၈၄.၈၀၂ ၃၉၅၆.၅၂၀ ၁၄၆၄၁.၃၂၂
  ထောပတ်ပဲ US$ ၃.၃၉၅ ၀.၀၈၈ ၃.၄၈၃
ကီလို ၄၁၃၇.၈၆၂ ၁၆၁.၀၀၀ ၄၂၉၈.၈၆၂
   ပဲယင်း US$ ၅.၂၅၃ ၀.၄၈၈ ၅.၇၄၁
ကီလို ၆၇၂၄.၁၃၇ ၁၀၄၅.၀၅၀ ၇၇၆၉.၁၈၇
  ၁၀ ပဲကြီး US$ ၁.၃၂၀ ၀.၂၃၉ ၁.၅၅၉
ကီလို ၁၈၁၇.၄၈၀ ၄၁၃.၈၂၀ ၂၂၃၁.၃၀၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၆၆၈   ၀.၆၆၈
ကီလို ၉၀၂.၉၄၂   ၉၀၂.၉၄၂
  ၁၂ စွန်တာပြာ US$ ၀.၁၂၁ ၀.၀၀၀ ၀.၁၂၁
ကီလို ၁၆၄.၀၀၀ ၀.၀၀၀ ၁၆၄.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၁၆၃ ၀.၁၆၃
ကီလို   ၂၇၆.၅၀၀ ၂၇၆.၅၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၂.၀၈၄ ၀.၀၀၀ ၂.၀၈၄
ကီလို ၂၈၂၀.၉၀၀ ၀.၀၀၀ ၂၈၂၀.၉၀၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၂၂၄ ၀.၂၂၄
ကီလို   ၅၄၁.၀၀၀ ၅၄၁.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၅၉ ၀.၀၅၉
ကီလို   ၇၃.၅၀၀ ၇၃.၅၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၇၈ ၀.၀၇၈
ကီလို   ၉၆.၂၅၀ ၉၆.၂၅၀
  ၂၀ မြေပဲဆံ US$ ၀.၈၉၇ ၂.၂၅၀ ၃.၁၄၇
ကီလို ၁၀၂၅.၁၀၀ ၂၃၁၇.၂၆၅ ၃၃၄၂.၃၆၅
  ၂၁ အခြားပဲ US$ ၀.၃၄၁ ၀.၀၁၄ ၀.၃၅၅
ကီလို ၆၁၈.၅၈၄ ၃၄.၅၀၀ ၆၅၃.၀၈၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၉၆.၅၆၁ ၁၁.၇၇၄ ၁၀၈.၃၃၅
ကီလို ၁၂၅၃၅၁.၃၃၀ ၁၆၈၉၀.၆၆၀ ၁၄၂၂၄၁.၉၉၀
Source: Customs

Pages