ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၆-၅-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၅၇၀၇၂.၅၄၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၁.၄၉၉)သန်း၊ နယ်စပ်မှ (၂၄၁၅၉.၂၈၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆.၆၂၁)သန်း၊ စုစုပေါင်း (၁၈၁၂၃၁.၈၃၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၈.၁၂၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၆-၅-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၆-၅-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၂၁.၂၂၄ ၁.၃၀၆ ၂၂.၅၃၀
ကီလို ၂၆၉၁၃.၅၆၀ ၁၄၂၉.၂၀၀ ၂၈၃၄၂.၇၆၀
  ပဲတီစိမ်း US$ ၆၁.၅၀၀ ၆.၅၃၅ ၆၈.၀၃၅
ကီလို ၇၇၆၈၃.၄၇၉ ၉၆၁၃.၀၆၉ ၈၇၂၉၆.၅၄၈
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၁၃၅ ၀.၁၃၅
ကီလို   ၁၄၃.၀၀၀ ၁၄၃.၀၀၀
  ပဲစဉ်းငုံ US$ ၂.၉၇၉ ၀.၀၁၈ ၂.၉၉၇
ကီလို ၄၀၇၂.၇၅၀ ၂၅.၀၀၀ ၄၀၉၇.၇၅၀
  ကုလားပဲ US$ ၁.၉၉၀ ၀.၀၂၅ ၂.၀၁၅
ကီလို ၂၉၅၅.၉၀၀ ၄၁.၀၀၀ ၂၉၉၆.၉၀၀
  ပဲလွန်းဖြူ US$ ၅.၄၃၈ ၀.၂၃၇ ၅.၆၇၅
ကီလို ၇၇၉၂.၅၇၀ ၅၃၀.၉၅၃ ၈၃၂၃.၅၂၃
  မြေထောက်ပဲ US$ ၉.၇၃၄ ၂.၉၆၇ ၁၂.၇၀၁
ကီလို ၁၃၇၄၀.၈၀၂ ၄၅၇၉.၆၃၀ ၁၈၃၂၀.၄၃၂
  ထောပတ်ပဲ US$ ၄.၉၇၃ ၀.၂၁၆ ၅.၁၈၉
ကီလို ၅၉၁၅.၅၃၂ ၃၈၆.၀၀၀ ၆၃၀၁.၅၃၂
   ပဲယင်း US$ ၆.၆၂၈ ၀.၆၂၅ ၇.၂၅၃
ကီလို ၈၄၉၉.၁၁၇ ၁၃၃၂.၅၅၀ ၉၈၃၁.၆၆၇
  ၁၀ ပဲကြီး US$ ၁.၈၁၅ ၀.၄၆၂ ၂.၂၇၇
ကီလို ၂၄၇၁.၄၈၀ ၈၀၀.၈၇၀ ၃၂၇၂.၃၅၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၀၉၈   ၁.၀၉၈
ကီလို ၁၅၇၇.၉၄၂   ၁၅၇၇.၉၄၂
  ၁၂ စွန်တာပြာ US$ ၀.၁၇၅ ၀.၀၀၀ ၀.၁၇၅
ကီလို ၂၄၈.၀၀၀ ၀.၀၀၀ ၂၄၈.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၂၃၇ ၀.၂၃၇
ကီလို   ၄၀၆.၀၀၀ ၄၀၆.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၁၉ ၀.၀၀၀ ၀.၀၁၉
ကီလို ၂၁.၀၀၀ ၀.၀၀၀ ၂၁.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၂.၂၆၅ ၀.၀၀၀ ၂.၂၆၅
ကီလို ၃၀၅၆.၄၀၀ ၀.၀၀၀ ၃၀၅၆.၄၀၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၅၇၁ ၀.၅၇၁
ကီလို   ၁၃၉၆.၄၅၀ ၁၃၉၆.၄၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၁၅၃ ၀.၁၅၃
ကီလို   ၂၀၄.၀၀၀ ၂၀၄.၀၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၇၈ ၀.၀၇၈
ကီလို   ၉၆.၂၅၀ ၉၆.၂၅၀
  ၂၀ မြေပဲဆံ US$ ၁.၂၂၆ ၃.၀၄၂ ၄.၂၆၈
ကီလို ၁၃၈၉.၁၀၀ ၃၁၄၀.၈၁၅ ၄၅၂၉.၉၁၅
  ၂၁ အခြားပဲ US$ ၀.၃၇၂ ၀.၀၁၄ ၀.၃၈၆
ကီလို ၆၆၈.၉၁၄ ၃၄.၅၀၀ ၇၀၃.၄၁၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၂၁.၄၉၉ ၁၆.၆၂၁ ၁၃၈.၁၂၀
ကီလို ၁၅၇၀၇၂.၅၄၆ ၂၄၁၅၉.၂၈၇ ၁၈၁၂၃၁.၈၃၃
Source: Customs

Pages