ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၀-၆-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၁၁၀၃၉.၃၁၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၄၂.၅၉၃)သန်း၊ နယ်စပ်မှ (၈၀၆၅၄.၀၉၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၅၃.၅၅၄)သန်း၊ စုစုပေါင်း (၃၉၁၆၉၃.၄၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၆.၁၄၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၀-၆-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -  

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၁၀-၆-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၅၄.၁၇၆ ၃.၁၆၆ ၅၇.၃၄၂
ကီလို ၆၇၀၂၂.၀၃၉ ၃၄၇၇.၅၁၀ ၇၀၄၉၉.၅၄၉
  ပဲတီစိမ်း US$ ၁၁၇.၆၀၅ ၃၁.၁၁၄ ၁၄၈.၇၁၉
ကီလို ၁၄၈၃၇၄.၁၈၈ ၄၄၆၇၆.၈၁၇ ၁၉၃၀၅၁.၀၀၅
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ပဲစဉ်းငုံ US$ ၄.၅၃၄ ၀.၁၁၀ ၄.၆၄၄
ကီလို ၆၁၇၇.၅၂၂ ၁၆၁.၅၀၀ ၆၃၃၉.၀၂၂
  ကုလားပဲ US$ ၉.၆၄၂ ၀.၀၂၇ ၉.၆၆၉
ကီလို ၁၃၇၈၄.၇၃၅ ၄၃.၀၀၀ ၁၃၈၂၇.၇၃၅
  ပဲလွန်းဖြူ US$ ၈.၅၃၄ ၀.၆၁၅ ၉.၁၄၉
ကီလို ၁၁၈၂၆.၄၄၅ ၁၅၃၀.၆၅၃ ၁၃၃၅၇.၀၉၈
  မြေထောက်ပဲ US$ ၁၆.၆၅၈ ၆.၅၂၆ ၂၃.၁၈၄
ကီလို ၂၂၉၉၈.၈၇၇ ၁၀၂၈၆.၁၁၀ ၃၃၂၈၄.၉၈၇
  ထောပတ်ပဲ US$ ၁၀.၇၉၁ ၁.၉၄၉ ၁၂.၇၄၀
ကီလို ၁၂၆၆၅.၂၉၂ ၃၅၆၂.၄၀၀ ၁၆၂၂၇.၆၉၂
   ပဲယင်း US$ ၁၀.၆၉၃ ၂.၃၀၇ ၁၃.၀၀၀
ကီလို ၁၄၄၉၁.၅၁၃ ၅၀၄၈.၃၅၀ ၁၉၅၃၉.၈၆၃
  ၁၀ ပဲကြီး US$ ၂.၇၃၁ ၁.၁၀၂ ၃.၈၃၃
ကီလို ၃၈၆၇.၅၃၀ ၁၉၉၉.၉၂၀ ၅၈၆၇.၄၅၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၅၄၈   ၁.၅၄၈
ကီလို ၂၁၈၈.၉၃၅   ၂၁၈၈.၉၃၅
  ၁၂ စွန်တာပြာ US$ ၀.၁၉၂ ၀.၀၀၀ ၀.၁၉၂
ကီလို ၂၇၁.၇၀၀ ၀.၀၀၀ ၂၇၁.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၇၀၀ ၀.၇၀၀
ကီလို   ၁၂၂၃.၅၃၀ ၁၂၂၃.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၆၂ ၀.၀၀၀ ၀.၁၆၂
ကီလို ၂၃၂.၆၇၀ ၀.၀၀၀ ၂၃၂.၆၇၀
  ၁၅ ဘိုကိတ်ပဲ US$ ၃.၄၄၃ ၀.၀၀၀ ၃.၄၄၃
ကီလို ၄၆၃၆.၆၇၀ ၀.၀၀၀ ၄၆၃၆.၆၇၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၃ ၀.၀၀၀ ၀.၀၆၃
ကီလို ၆၆.၀၀၀ ၀.၀၀၀ ၆၆.၀၀၀
  ၁၇ ပဲနီကြား US$   ၁.၆၁၃ ၁.၆၁၃
ကီလို   ၄၀၄၁.၉၀၀ ၄၀၄၁.၉၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၀၄ ၀.၄၀၄
ကီလို   ၅၂၇.၁၀၀ ၅၂၇.၁၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၉၅ ၀.၀၉၅
ကီလို   ၁၁၆.၂၅၀ ၁၁၆.၂၅၀
  ၂၀ မြေပဲဆံ US$ ၁.၃၁၄ ၃.၈၂၆ ၅.၁၄၀
ကီလို ၁၅၂၇.၆၀၀ ၃၉၅၉.၀၅၀ ၅၄၈၆.၆၅၀
  ၂၁ အခြားပဲ US$ ၀.၅၀၇ ၀.၀၀၀ ၀.၅၀၇
ကီလို ၉၀၇.၅၉၄ ၀.၀၀၀ ၉၀၇.၅၉၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၂၄၂.၅၉၃ ၅၃.၅၅၄ ၂၉၆.၁၄၇
ကီလို ၃၁၁၀၃၉.၃၁၀ ၈၀၆၅၄.၀၉၀ ၃၉၁၆၉၃.၄၀၀

Pages