ကုန်စည်ပြပွဲများ

ဘဏ္ဍာနှစ်အလိုက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများ ကျင်းပပြီးစီးခဲ့မှုအခြေအနေ

ဘဏ္ဍာနှစ်အလိုက် ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများစာရင်း

စဉ် ဘဏ္ဍာနှစ်

ပြည်တွင်းကုန်စည်ပြပွဲ

ပြည်ပကုန်စည်ပြပွဲ ဒေသထွက်ကုန်စည်ပြပွဲ မှတ်ချက်
၂၀၁၈-၂၀၁၉ ၃၂ ၄၇ -  
၂၀၁၉-၂၀၂၀ ၁၆ ၁၅    
၂၀၂၀-၂၀၂၁ ၂၄ -  
၂၀၂၁-၂၀၂၂ ၃ (Online/Offline) - ပြည်ပ(၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ မတ်လထိ)
၂၀၂၂-၂၀၂၃ - ၅ (Online/Offline) - ပြည်ပ (၂၀၂၂ ဧပြီလမှ စက်တင်ဘာလထိ)

 

   မြန်မာနိုင်ငံစားသောက်ကုန်  ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း  (MFPEA) မှ ကြီးမှူးပြီး စတုတ္ထအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (Fourth Myanmar Food Exhibition 2015) ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဦးဝိစာရလမ်း ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီလ ၂၃ ရက်  နံနက် ၈ နာရီတွင်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးများ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌများနှင့်  အလုပ် အမှုဆောင်များ၊ ဌာနဆိုင် ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌ နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးအဖွဲ့နှင့် အမှုဆောင်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
  အဆိုပါပြပွဲအား မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်  စားသောက်ကုန်များကို တစ်နေရာတည်း တစ်စုတစ်စည်းတည်းကြည့်ရှုလေ့လာနိုင်စေရန် ပြည်တွင်းဖြစ် စားသောက်ကုန် ပစ္စည်းများကိုပိုမိုသိရှိရင်းနှီးလာစေရန်  ပြည်တွင်းလုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆက်သွယ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများရရှိစေရန်နှင့် ပြည် တွင်းပြည်ပဈေးကွက်များချဲ့ထွင်လုပ်ကိုင် နိုင်စေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ အဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီတဲ့ အရည်အသွေးကောင်း  စားသောက်ကုန်များထုတ်လုပ်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရပါတယ်။
   အဆိုပါပြပွဲတွင် ပြည်တွင်း၊  ပြည်ပ စားသောက်ကုန်ထုတ်လုပ်သူများ၊ ပြည်တွင်း၊ ပြည်ပစားသောက်ကုန် ဖြန့်ဖြူးရောင်းချသူများ၊ ပြည်တွင်း၊  ပြည်ပစားသောက်ကုန်ထုတ် လုပ်မှုနှင့် ပတ်သက်သော စက်ကိရိယာနှင့် နည်းပညာရောင်းချသူများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြခန်းစုစုပေါင်း  ၁၂၆ ခန်းတို့က  ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိခင်းကျင်းပြသခဲ့ရာ  စိတ်ပါဝင်စားသူပြည်သူများလာရောက်ကြည့်ရှုကြကြောင်းသိရှိရပါတယ်။

ခင်မောင်မောင်အုန်း

Pages

Subscribe to ကုန်စည်ပြပွဲများ