ကုန်စည်ပြပွဲများ

အိန္ဒိယသမ္မတနိုင်ငံ၊ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မြို့တော်ဒေလီရှိ Pragati Maidan ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ “New Digital Universe” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် အာရှ၏ အကြီးဆုံးဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အခမ်းအနား ဖြစ်သည့် ၆ ကြိမ်မြောက် India Mobile Congress 2022 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ပါ ကြောင်း ဖိတ်ကြားလာပြီး အသေးစိတ်သိရှိလိုပါက ၀၆၇ - ၃၄၀၈ ၆၀၈ နှင့် ၀၆၇ - ၃၄၀၈ ၆၂၂ သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

//www.commerce.gov.mm/sites/default/files/Trade%20Fair.pdf

 

၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇူလိုင်လထိ) ပြည်တွင်း/ ပြည်ပ ကုန်စည်ပြပွဲများစာရင်း

 

စဉ်

ပြပွဲအမည်

ကာလ

နေရာ

မှတ်ချက်

၁။

 

EXPO 2020 Dubai

 

၁-၁၀-၂၀၂၁ မှ

၃၁-၃-၂၀၂၂ ထိ

အာရပ် စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့

Offline

 

၂။

Myanmar National Day အခမ်းအနားကျင်းပပြုလုပ် ခြင်း

၂၀-၂-၂၀၂၂

အာရပ် စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့

EXPO 2020 Dubai ၏ AI Wasl Plaza တွင် Myanmar National Day အခမ်း အနားအား ကျင်းပ ပြုလုပ်ခဲ့ပါ သည်။

၃။

ASEAN Trade Fair 2022 ကုန်စည်ပြပွဲ

၇-၆-၂၀၂၂ မှ

၁၀-၆-၂၀၂၂ ထိ

ကိုရီးယားသမ္မတ နိုင်ငံ၊ Ilsan မြို့

မြန်မာနိုင်ငံ ကိုယ်စားပြုကုမ္ပဏီ (၂)ခု Golden Myanmar Honey Co., Ltd. နှင့် Shwe Zeek- wat Co., Ltd. တို့သွား ရောက်ပြသ ခဲ့ပါသည်။

၄။

 

Lancang-Mekong International Food Exposition (LMIF Expo)

၁၁-၆-၂၀၂၂ မှ

၁၉-၆-၂၀၂၂ ထိ

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့

မြန်မာနိုင်ငံမှ စားသောက် ကုန် ကုမ္ပဏီ (၃) ခု၏ နမူနာပစ္စည်း များအား ပေးပို့၍ Lancang-Mekong ပြခန်းတွင် ခင်းကျင်း ပြသနိုင်ခဲ့ ပါသည်။

၅။

67th Bangkok Gems & Jewelry Fair (BGJF) 2022

၇-၉-၂၀၂၂ မှ

၁၁-၉-၂၀၂၂ ထိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ကမ္ဘာပေါ်ရှိအကျော် ကြားဆုံးနှင့် သက်တမ်းအရှည်ဆုံး ကျောက် မျက်ရတနာရောင်းဝယ် ရေးပြပွဲများထဲတွင် တစ်ခုအပါ အဝင် ဖြစ်ပြီး နှစ်စဉ်ပါဝင် ပြသနိုင်ရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင် ပေးလျှက်ရှိ ပါသည်။

၆။

“(၁၉) ကြိမ်မြောက် အာဆီယံ- တရုတ်ကုန်စည်ပြပွဲ (China-ASEAN Expo)”

၁၆-၉-၂၀၂၂ မှ

၁၉-၉-၂၀၂၂ ထိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့

ယခုနှစ် ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံအနေဖြင့် Nanning International Convention & Exhibition Center (NICEC) ၏ Hall 13 , 2F , Zone D တွင် ပြခန်း(၃၀)ခန်း ပါဝင်ပြသမည်ဖြစ်သည်။

၇။

Korea Auto Industry & Global Transport Tech Show

၅-၁၀-၂၀၂၂ မှ

၇-၁၀-၂၀၂၂ ထိ

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့

မြန်မာနိုင်ငံ ကိုယ်စားပြု Proven Technology Industry Co.,Ltd (TOYO Battery) မှ ပါဝင်ပြသ မည်ဖြစ်ပါ သည်။

၈။

တတိယအကြိမ် မြန်မာ (လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန် စည်ပြပွဲ

၂၇-၁၀-၂၀၂၂ မှ

၃၀-၁၀-၂၀၂၂ ထိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမ

 

၉။

Biofach 2023

 

၁၄-၂-၂၀၂၃ မှ

၁၇-၂-၂၀၂၃ ထိ

ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့

၂၀၂၂ ခုနှစ် တွင် ၂၆-၇-၂၀၂၂ မှ ၂၉-၇-၂၀၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး 

လာရောက်ပြသသူပေါင်း (၂၂၇၆) နှင့် လေ့လာကြည့်ရှုသူပေါင်း (၂၄၀၀၀) ရှိခဲ့ပါသည်။

၁၀။

The 95th Tokyo International Gift Show 2023

၁၅-၂-၂၀၂၃ မှ

၁၇-၂-၂၀၂၃ ထိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Tokyo Big Sight (Tokyo International Exhibition Center)

ဂျပန်နိုင်ငံ တွင်အကြီးဆုံး ကုန်စည် ပြပွဲတစ်ခု ဖြစ်ပြီး ကုမ္ပဏီ ပေါင်း (၃၀၀၀) ကျော်ခန့် ပါဝင်ပြသ မည့် နိုင်ငံ တကာပြပွဲတစ်ခုဖြစ်ပါ သည်။

 

 

 

 

 

 

 

စဉ်

ပြပွဲအမည်

ကာလ

နေရာ

၁။

 

တိုင်းရင်းသားဒေသထုတ်ကုန်မြှင့်တင်ရေး ကုန်စည်ပွဲ

၃-၃-၂၀၂၂ မှ

၆-၃-၂၀၂၂ ထိ

မန္တလေးမြို့၊ Capital Center

၂။

 

 

 

 

 

 

  • ရန်ကုန်မြို့၊ မြန်မာကုန်သွယ်မှုဗဟိုဌာန                 ဖွင့်လှစ်သည့်နေ့            ၂၁.၆.၂၀၁၄

(Myanmar Trade Center)

  • မန ္တလေးမြို့၊ ရတနာပုံကုန်သွယ်မှုဗဟိုဌာန            ဖွင့်လှစ်သည့်နေ့            ၃၁.၁၂.၂၀၁၄
  • မြစ်ကြီးနာမြို့၊ မနောမြေကုန်သွယ်မှုဗဟိုဌာန          ဖွင့်လှစ်သည့်နေ့            ၇.၁.၂၀၁၅
  • မုံရွာမြို့၊ ဇေယျာကုန်သွယ်မှုဗဟိုဌာန                   ဖွင့်လှစ်သည့်နေ့             ၁၂.၂.၂၀၁၅
  • ပုသိမ်မြို့၊ ဧရာကုန်သွယ်မှုဗဟိုဌာန                     ဖွင့်လှစ်သည့်နေ့             ၂၀.၃.၂၀၁၅

၁။    ပြည်တွင်းကုန်စည်ပြပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကုန်စည်ပြပွဲကျင်းပခွင့်ပြုခြင်း၊ ပြပွဲတွင် ပြသမည့် ကုန်ပစ္စည်းများ ယာယီတင်သွင်း/တင်ပို့ခွင့်ပြုခြင်းနှင့် အကောက်ခွန်ဦးစီးဌာန၊ ကုသရေးဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

၂။    ပြည်ပကုန်စည်ပြပွဲများသို့ မြန်မာနိုင်ငံမှ သွားရောက်ပြသနိုင်ရေးအတွက် ပြပွဲတွင်ပြသမည့် ကုန်ပစ္စည်းများ ယာယီ်တင်ပို့/တင်သွင်းခွင့်ပြုခြင်း။

၃။    တရုတ်နိုင်ငံ၊ ကွန်ရှီးပြည်နယ်၊ နန်နင်းမြို့ရှိ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၄။    ပညာပေးသင်တန်းများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရာတွင် ကြီးကြပ် ဆောင်ရွက်ခြင်း။

၅။    AJC, AKC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ကုန်စည်ပြပွဲနှင့် ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စများဆောင်ရွက်ခြင်း။ ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ခြင်း၊ ပြည်ပနိုင်ငံများမှ လာရောက်ကျင်းပသော ကုန်စည်ပြပွဲများကို ကြီးကြပ်ခြင်း။

၆။    တိုင်းဒေသကြီး/ပြည်နယ်များရှိသတင်းဗဟိုဌာနများနှင့် ချိတ်ဆက်၍ပြည်တွင်း/ပြည်ပကုန်သွယ်မှု သတင်းများဖြန့်ဝေရေးနှင့် ဈေးကွက်ရှာဖွေရေးကိစ္စဆောင်ရွက်ခြင်း။

၇။       ပြည်တွင်းနှင့်ပြည်ပတွင် အမြဲတမ်းပို့ကုန်ပြခန်းများ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။

       နှစ်စဉ်ပုံမှန်ပြပွဲကြီးများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ဇွန်လတွင် ကျင်းပ သည့် ကူမင်း ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲ၊ နန်နင်းမြို့၌ စက်တင်ဘာလတွင် ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ မြန်မာနိုင်ငံ၊ မူဆယ်နှင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပသည့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲများ၊ (၅) နှစ်တစ်ကြိမ် နိုင်ငံကြီးများတွင် အလှည့်ကျ ပြုလုပ်သော နိုင်ငံတကာ ကုန်စည်ပြပွဲကြီး များဖြစ်သည့် ၂၀၁၀ ခုနှစ်၌ တရုတ်နိုင်ငံ ရှန်ဟိုင်း ကုန်စည်ပြပွဲ၊ အီတလီနိုင်ငံ၊ မီလန်မြို့တွင် ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ (၆) လကြာ ကျင်းပခဲ့သည့် Expo Milano 2015 ကုန်စည်ပြပွဲများသို့ မြန်မာနိုင်ငံမှ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ သွားရောက်ပြသနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်ပေးခဲ့ပါ သည်။ အဆိုပါပြပွဲကြီးများသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနားများ ဖွင့်လှစ်ချီးမြှင့်အားပေးခဲ့ပါသည်။

Pages

Subscribe to ကုန်စည်ပြပွဲများ