မော်တော်ယာဉ်နှင့်ပတ်သက်သော သတင်းများ

     ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ် Model နှင့် အထက် မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင် ကိုယ်တိုင်လာရောက်လျှာက်ထား ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ နေ ပြည်တော်ရုံးချုပ်တွင် သာမက ရန်ကုန်တိုင်းဒေသကြီးရုံးခွဲအမှတ်၊ ၂၂၈-၂၄၀၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ တွင် ၃၀-၇-၂၀၁၂ ( တနင်္လာနေ့ ) မှစ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကိုယ်တိုင်လာရောက် လျှောက်ထား သူများအနေဖြင့် အောက်ပါ အထောက်အထားစာရွက်စာတမ်းများ ပါရှိရပါမည် -

     (က) မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုပါရန် လျှောက်လွှာနှင့် ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်

     (ခ) မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ် မူရင်းနှင့် မိတ္တူ

     (ဂ) ဘဏ်စာအုပ် မူရင်းနှင့် မိတ္တူ

     (ဃ) အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ

     (င) တင်သွင်းမည့် မော်တော်ယာဉ် Invoice မူရင်း

    (စ) မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ စိစစ်ခွင့်ပြုခဲ့ သည့် စာရင်းခေါင်းစဉ်တွင် ပါဝင်သော သင်္ဘောသားများ ၊ နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်သည့် အလုပ်သမားများ ၊ နိုင်ငံခြားသံရုံးများတွင် တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအပါအဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းအား ခွင့်ပြု ပါမစ်ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်

                   ၂၀၀၇ ခုနှစ် မော်ဒယ်နှင့်အထက် မော်တော်ယာဉ်တင်သွင်းရာတွင် လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၊ နေပြည်တော်နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ရန်ကုန်မြို့တို့တွင် လာရောက်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို Attaced File တွင် အသေးစိတ် ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်

နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီသည် ကားအဟောင်းလဲလှယ်ကာ အစား ထိုးမော်တော်ယာဉ်တင်သွင်းမည့်သူများကို လူစီးကား၊ ထရပ်ကား၊ ဘတ်စ်ကားများ၏ ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သတ်မှတ်၍ယခင်ခွင့်ပြုထားသည့်အတိုင်း ဘယ်မောင်း/ ညာမောင်းမခွဲခြားဘဲ Reconditioned/Brand New မော်တော်ကားများကို ဇန်နဝါရီလ (၂) ရက်နေ့မှ စတင် ကာ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

အစားထိုးမော်တော်ယာဉ်လဲလှယ်ရေးအစီအစဉ်အရ တင်သွင်းခွင့်ပြုမည့် အင်ဂျင်ပါဝါ ၁၃၅၀ CC နှင့်အောက်မော်တော်ကားများကို ၁၉၉၆ ခုနှစ်မှ လက်ရှိ ၂၀၁၀ ခုနှစ် အထိ မော်ဒယ်ကန့်သတ်ချက်မထားဘဲ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့်ခွင့်ပြုသွားမည်ဖြစ်သည်။

ထို့အတူ ပို့ကုန်/သွင်းကုန်ကုမ္ပဏီများ၊ ကျေက်မျက် ကုမ္ပဏီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၊ နိုင်ငံခြားသင်္ဘောသားများ၊ ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားလာမှုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်သော လူစီးကားများကို ဘယ်မောင်း/ညာမောင်းမသတ်မှတ်ဘဲ တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် ပါရှိရမည့်စာရွက်စာတမ်းပုံစံများ .....

 



  • ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဟောင်းပိုင်ရှင်သို့ထုတ်ပေးသည့် ယာဉ် အပ်နှံမှု အထောက်အထားစာမူရင်းနာမူနာပုံစံ
  • မော်တော်ယာဉ်ပိုင်ရှင်မှ  ယာဉ်တင်သွင်းမှုအတွက် နိုင်ငံခြားသို့ကိုယ်တိုင်ငွေလွဲ ပို့ခြင်း မဟုတ်လျှင် ကိုယ်စားလွှဲ ပေးမည့်သူ၏ခံဝန်ကတိ  

          စာနှင့် နိုင်ငံခြားငွေစာရင်းစာအုပ် နာမူနာပုံစံံ

  • မော်တော်ကား ရောင်းချပေးသည့် ပြည်ပနိုင်ငံကုမ္ပဏီ မှ ထုတ်ပေးသော Proforma Invoice (သို့မဟုတ်) Sale Contract နာမူနာပုံစံ
  • ကိုယ်စားလှယ်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက ကားပိုင်ရှင်မှ လွှဲအပ်ထားသော Special Power မူရင်းတင်ပြရမည့် နာမူနာပုံစံ

  သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင်စိစစ်ခွင့်ပြုထုတ်ပေးသည့်နမူနာပုံစံများ



  • လာရောက်လျှောက်ထားသူသည် ပထမဆုံး မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်စာရင်း ရေးသွင်းပြီး Application အတွက်လျှောက်လွှာဖြည့်သွင်းရန် လျှောက်လွှာနမူနာပုံစံ
  • မှတ်ပုံတင်ပြီးပါက ကညန၊ MFTB/MICB ၊အကောက်ခွန်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တို့ပါဝင်သည့် One Stop Services အဖွဲ့ ကိုယ်စားလှယ်အရာရှိများမှစိစစ်လက်ခံမည့် လျှောက်လွှာနမူနာပုံစံ
  • အတည်ပြုပြီးပါက ပါမစ်ကြေးပေးသွင်းရသည့် e-payment ဘောက်ချာပုံစံ
  • ပါမစ်ကြေးပေးသွင်းပြီးလျှင် သွင်းကုန်ပါမစ်အကြမ်းထုတ်ပေးမည့် နမူနာပုံစံ
  •  သွင်းကုန်ပါမစ်  နမူနာပုံစံ

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် သိရှိသင့်သည့် အချက်များကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် စိစစ်ခွင့်ပြု ထုတ်ပေးပုံ အဆင့်ဆင့်

၁။   လာရောက်လျှောက်ထားသူသည် ပထမဆုံး မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်စာရင်း ရေးသွင်းပြီး Application လျှောက်လွှာ ဖြည့်သွင်းရပါမည်။
၂   မှတ်ပုံတင်ပြီးပါက ကညန၊ MFTB/MICB ၊အ  ကောက်ခွန်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တို့ပါဝင်သည့် One Stop Services အဖွဲ့ ကိုယ်စားလှယ်အရာရှိများမှ လက်ခံစိစစ်ပါမည်။  

 

၃။   One Stop Services အဖွဲ့မှ စိစစ်ပြီးပါက ဒုတိယညွှန်ကြားရေးမှူး မှတဆင့် ညွှန်ကြားရေးမှူး ထံ တင်ပြအတည်ပြုချက် ရယူပါမည်။

၄။   ညွှန်ကြားရေးမှူး အတည်ပြုပြီးပါက ပါမစ်ကြေးပေးသွင်းစေပြီး ပါမစ်ထုတ်၍ ညွှန်ကြားရေးမှူး ချုပ်ကိုယ်စား ညွှန်ကြားရေးမှူးမှ လက်မှတ်ရေးထိုးပြီး ကာယကံရှင်သို့ထုတ်ပေးပါမည်။
၅။   ဖျက်သိမ်း၊ အပ်နှံသည့် အစားထိုးယာဉ် တစ်စီးချင်းအတွက် မူလအမည်ပေါက် ယာဉ်ပိုင်ရှင် အမည်ဖြင့် ပါမစ်တစ်စောင်စီထုတ်ပေးပါမည်။

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများ

၁။    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဟောင်းပိုင်ရှင်သို့ထုတ်ပေးသည့် ယာဉ် အပ်နှံမှု အထောက်အထားစာမူရင်း။
၂။   မြန့်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) (သို့မဟုတ်) မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တစ်ခုခုတွင်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်း စာအုပ် (Bank Passport မိတ္တူ)) (မူရင်းပူးတွဲတင်ပြရမည်)။ ၎င်းငွေစာရင်းစာအုပ်တွင် မော်တော်ယာဉ်အတွက်ပေးချေရမည့် ငွေပမာဏနှင့် သင်္ဘောတင်ဆောင်ခ၊ ရေကြောင်း အာမခံစရိတ်များအတွက် လုံလောက်သောငွေပမာဏ ရှိရမည်။
၃။    မော်တော်ယာဉ်ပိုင်ရှင်မှ ယာဉ်တင်သွင်းမှုအတွက် နိုင်ငံခြားသို့ကိုယ်တိုင်ငွေလွဲ ပို့ခြင်း မဟုတ်လျှင် ကိုယ်စားလွှဲ ပေးမည့်သူ၏ ခံဝန်ကတိစာနှင့် နိုင်ငံခြားငွေစာရင်းစာအုပ်မိတ္တူ (မူရင်းပူးတွဲတင်ပြရမည်)။
၄။    မော်တော်ကား ရောင်းချပေးသည့် ပြည်ပနိုင်ငံကုမ္ပဏီ မှ ထုတ်ပေးသော Proforma Invoice (သို့မဟုတ်) Sale Contract။
၅။   ကိုယ်တိုင်လျှောက်ထားခြင်းဖြစ်ပါက မော်တော်ကားအဟောင်းပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ် (သို့မဟုတ်) မှတ်ပုံတင်မိတ္တူ (မူရင်းပူူးတွဲတင်ပြရမည်)။ ကိုယ်စားလှယ်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက ကားပိုင်ရှင်မှ လွှဲအပ်ထားသော Special Power မူရင်းတင်ပြရမည်။ Special Power ဖြင့်လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း/မိတ္တူနှင့် မူရင်းမော်တော်ယာဉ် ပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူပါရှိရမည်။

သက်တမ်းရင့် မော်တော်ယာဉ်များ အပ်နှံ၍  သွင်းကုန်ပါမစ် ပြန်လည်လျှောက်ထားရာတွင် Proforma Invoice (သို့မဟုတ်) Sale Contract တွင် ထည့်သွင်း ရမည့် အချက်အလက်များ

(၁)    မော်တော်ယာဉ်အမျိုးအမည် (Brand Name)
(၂)    မော်တော်ယာဉ်အမျိုးအစား (Van/Saloon/ Pick Up etc…)
(၃)    မော်တော်ယာဉ်ထုတ်လုပ်သည့်ခုနှစ် (Model Year)
(၄)    မော်တော်ယာဉ်ထုတ်လုပ်သည့်နိုင်ငံ (Country of Origin)
(၅)    မော်တော်ယာဉ်တင်ပို့မည့်နိုင်ငံ (Country Whence Consign) နှင့် တင်ပို့မည့်ဆိပ်ကမ်း (Port of Loading)
(၆)    ငွေပေးချေမည့်နည်းလမ်း (Method of Payment) ၊ Normal LC ဖြင့် ငွေပေးချေရန်။
(၇)     Micro Bus များအတွက် Seater အရေအတွက် ခွဲခြားဖော်ပြရန်။
(၈)    လျှောက်ထားသည့်မော်တော်ယာဉ်၏ ရန်ကုန်ဆိပ်ကမ်းအရောက် CIF ဈေး နှုန်း။
(၉)    တင်သွင်း/တင်ပို့သူ၏ လက်မှတ်၊ အမည်၊ ရာထူးအဆင့်အပြည့်အစုံ။
 

Pages

Subscribe to မော်တော်ယာဉ်နှင့်ပတ်သက်သော သတင်းများ

သတင်းအချက်အလက်များ

AUTOMOBILE