မော်တော်ယာဉ်နှင့်ပတ်သက်သော သတင်းများ
၂၀၂၀ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ်အရောင်းစင်တာ (Sale Center) များတွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များ
ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ်များအား တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအနေဖြင့် HS Code 8701 မှ 8705 အထိ အကျုံးဝင်သော လုပ်ငန်းသုံးယာဉ်များ တင်သွင်းရာတွင် အတိုင်းအတာ သတ်မှတ်ချက်မှာ Right Vehicle အတွက် OAL (အလျား)-12200 MM, OAW (အနံ)–2500 MM နှင့် OAH (အမြင့်) သာမန်ယာဉ်အတွက်–3.66 M, Container Carrier အတွက် 4.2 M အား သတ်မှတ်ထားကြောင်း၊ Articulated Vehicle (ခေါင်းတွဲ+ ချိတ်ဆွဲထားသည့် နောက်တွဲများ) ၏ စုစုပေါင်း အလျား OAL မှာ 16000 MM နှင့် GVW (Gross + Vehicle Weight) အား 48000 Kg သတ်မှတ်ထားပြီး၊ စုစုပေါင်း GVW မှာ 48000 Kg ထက်ကျော်လွန်ပါက လမ်းနှင့်တံတား ခံနိုင်ဝန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်တောင်းခံရန်ဖြစ်ကြောင်း။
လူစီးယာဉ်များနှင့်လုပ်ငန်းသုံးယာဉ်များ လျှောက်ထားရာတွင် တင်အား၊ ယောက်စီးပေါ်မူ တည်၍ Micro Bus နှင့် Mini Bus ကွဲပြားသွားပြီး ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခနှင့် အခြားသော အခွန်အခများ များစွာကွာခြားသွားနိုင်သဖြင့် လိုင်စင်/ပါမစ်လျှောက်ထားစဉ်က ကြိုတင်၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံရန်လိုအပ်တယ်လို့ သိရှိရပါတယ်။ ယာဉ်၏ ဖွဲ့စည်းတည်ဆောက်မှုအပေါ်မူတည်၍ ရိုးရိုးလူစီး၊ Micro Bus ၊ Station Wagon ၊ Delivery Van စသည်ဖြင့် ပုံစံအမျိုးအစားကွဲလွဲနိုင်သဖြင့် လိုင်စင်၊ ပါမစ်လျှောက်ထားစဉ်ကတည်းက မူလ ထုတ်လုပ်သူ၏ Chassis Code, Model Code များအရ သတ်မှတ်မူလအမျိုးအစား (Original Ambulance, Original နိဗ္ဗာန်ယာဉ်, Original မီးသတ်ယာဉ်, Original Bowser) ကို သတ်မှတ်ဖော်ပြရန်ဖြစ်ကြောင်း။
Bus အုပ်စုဝင်ယာဉ်များ တင်သွင်းခွင့်လိုင်စင်လျှောက်ထားမှုတွင် မူလထုတ်လုပ်သူ၏ Catalouge, User’s Manual ဖော်ပြချက်အတိုင်း တင်အား၊ ယောက်စီးများကို ဖော်ပြလျှောက်ထားရန် လိုအပ်ကြောင်း၊ နောက်တွဲယာဉ် (Semi Trailer) များ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုတွင်လည်း မူလထုတ်လုပ်သူ၏ Catalouge, User’s Manual နှင့် Certificate ဖော်ပြချက်အတိုင်း ဝင်ရိုးအရေအတွက်၊ အတိုင်းအတာများ ဖော်ပြလျှောက်ထားရန်လိုအပ်ကြောင်း Dangerous Goods သယ်ဆောင်ယာဉ် များ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုတွင် အန္တရာယ်ကင်းစွာ သွားလာနိုင်မှု ရှိ/မရှိ Road Safety အတွက် မူလထုတ်လုပ်သူ၏ Inspection Certificate တင်ပြရမည်ဖြစ်ပြီး ၊ Catalouge, User’s Manual နှင့် Certificate တွင် ဖော်ပြချက်အတိုင်း ဝင်ရိုးအရေအတွက်၊ အတိုင်းအတာများ ဖော်ပြ၍ လျှောက်ထား ရန်လိုအပ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက် များအား လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ် တင်သွင်းသူများ သိရှိမှတ်သား နိုင်စေရေးအတွက် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ရပါတယ်။
ကုန်သွယ်ရေးဦးစီးဌာန ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ
၂၀၂၀ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ
၁။ လုပ်ငန်းသုံးယာဉ်အရောင်းစင်တာဖွင့်လှစ်မည့် ပုံမှန်လိုင်စင်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီ များသည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ရရှိပြီးဖြစ်ရမည်။ အရောင်းစင်တာဖွင့်လှစ်ရန်အတွက် စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်ရှိရပါမည်။
၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားခြင်း
(က) ကုမ္ပဏီLetter Head ဖြင့် လျှောက်လွှာ
(ခ) ကုမ္ပဏီထူထောင်ပြီးသော Myco အထောက်အထား၊ စာရွက်စာတမ်းများ
(ဂ) ဒါရိုက်တာဓာတ်ပုံနှင့် လိပ်စာဇယား
၃။ စီးပွားရေးအကျိုးဆောင်လျှောက်ထားခြင်း
(က) ကုမ္ပဏီမှလျှောက်လွှာ
(ခ) ကုမ္ပဏီမှတ်ပုံတင်မူရင်း/မိတ္တူ
(ဂ) စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်ခန့်စာ၊ စာချုပ်၊ သံရုံးထောက်ခံချက်၊ Notary Public
(ဃ) ခန့်အပ်ထားသည့် ပြည်ပကုမ္ပဏီအဖွဲ့အစည်း၏မူရင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မှတ်ပုံတင်အထောက်အထား
(င) စီးပွားရေးအကျိုးဆောင် ခန့်အပ်စာပေါ်တွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ အတည်ပြုချက် (Endorsement) ပါရှိရမည်။
၄။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလိုင်စင်ရယူဆောင်ရွက်ရမည်။ တိုင်းဒေသကြီးခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင် ရရှိခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းသုံးမော်တော် ယာဉ်များ တင်သွင်းဖြန့်ဖြူးရောင်းချရေးနှင့်ပတ်သက်၍ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်ဖြင့် ယာယီ (၆) လ ဖွင့်လှစ်ခွင့်ပြုပါမည်။ ထိုသို့ယာယီခွင့်လှစ်ခွင့်ပြုစဉ် ကာလအတွင်း တိုင်းဒေသကြီး ခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင်ရရှိအောင် ဆောင်ရွက်ရမည်။
၅။ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်မည့် ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ(Deposit)အဖြစ် မြန်မာကျပ်ငွေ သိန်း(၅၀၀)အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိ အမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းရမည်။
၆။ လုပ်ငန်းသုံးမော်တော်ယာဉ်အရောင်းစင်တာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ (၉၀၀၀) ရှိရမည်ဖြစ်ပါသည်။ အရောင်းစင်တာအဆောက်အဦ အကျယ်အဝန်းအား (၃၀၀၀) စတုရန်းပေ ရှိရမည်။ အရောင်းစင်တာရုံးခန်း အကျယ်အဝန်းအား (၃၀၀) စတုရန်းပေ ရှိရမည်။ အရောင်းစင်တာ ဧည့်နားနေခန်း အကျယ်အဝန်းအား (၂၀၀) စတုရန်းပေ ရှိရမည်။
၇။ အရောင်းစင်တာဖွင့်လှစ်မည့် မြေနေရာသည် မြေပိုင်ဖြစ်လျှင် ကုမ္ပဏီ ဒါရိုက်တာတစ်ဦးဦး၏ နာမည်ပေါက်ဂရမ်မူရင်းအထောက်အထား၊ ငှားရမ်းထားသည့် မြေဖြစ်လျှင် တံဆိပ်ခေါင်းကပ်ထားသည့် အငှားစာချုပ်မူရင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အထောက်အထား တင်ပြ ရမည်။
၈။ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်း စင်တာ ဖွင့်လှစ်လိုပါက Downtown Area ၏ ပြင်ပတွင် ဖွင့်လှစ်ခွင့်ပြုပါမည်။
Ceiling စီးရေ သတ်မှတ်ချက်
၁။ ဖွင့်လှစ်ခွင့်ရရှိပြီးသည့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများအား ၂၀၁၆ ခုနှစ် မော်ဒယ်မှ ၂၀၂၀ ခုနှစ် မော်ဒယ်အထိ လုပ်ငန်းသုံးမော်တော်ယာဉ်များကို ခွင့်ပြုပါမည်။
၂။ စတင်ခွင့်ပြုချိန်မှ (၆) လအတွင်း Ceiling စီးရေ (၄၀) စီး၊ (၆) လမှ (၁) နှစ်အတွင်း Ceiling စီးရေ (၆၀) စီးနှင့် (၁) နှစ်ပြည့်ပြီးပါက Ceiling စီးရေ (၈၀) စီးအား ခွင့်ပြုပါမည်။
၃။ ရောက်ရှိ/ ရောင်းချပြီးသည့် မော်တော်ယာဉ်များအား လူအမည် (သို့မဟုတ်) ကုမ္ပဏီအမည်ဖြင့် ယာဉ်မှတ်ပုံတင်နိုင်ရေးအတွက် “လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာတွင် မော်တော် ယာဉ်ဝယ်ယူခွင့်ပါမစ်” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ One Stop Service အဖွဲ့ရုံးတွင် လျှောက်ထားရမည်။
၄။ ရောက်ရှိ/ ရောင်းချ/ ယာဉ်မှတ်ပုံတင်ပြီးစီးသည့် မော်တော်ယာဉ်စာရင်းအား မော်တော်ယာဉ် အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့များထံ တင်ပြ၍ မြေပြင်စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် Ceiling စီးရေအရ ထပ်မံတင်သွင်းခွင့်ပြုပါမည်။
၂၀၁၉ခုနှစ်ပြက္ခဒိန်နှစ်အတွက်ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရားများနှင့်လုပ်ငန်းသုံးယန္တရားများအားအရောင်းပြခန်း(Show Room)များတွင်ရောင်းချရန်ရာတွင်
လိုက်နာရမည့်စည်ကမ်းချက်များအမိန့်ကြော်ငြာစာ