အရာတော်မြို့နယ် သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံ

Fri, 06/11/2021 - 03:55 -- admin_ygn

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက်     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊   ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မုံရွာခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်  ဇွန် ၃ ရက်တွင် အရာတော် မြို့နယ်   သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့် အရာတော်မြို့နယ် တာဝန်ခံရုံး၌ တွေ့ဆုံခဲ့သည်။အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ၂၀၁၄ခုနှစ်   နိုဝင်ဘာလက အလုပ်အမှုဆောင် ၂၅ ဦးဖြင့်    စတင်ဖွဲ့စည်းခဲ့သည်။ အရာ တော်မြို့နယ် တွင် သနပ်ခါး စိုက်ဧက ၆၀ဝ၀ဝ ခန့်ရှိပြီး သနပ် ခါးမြို့တော် အရာတော်ဟု တင်စားခေါ်ဝေါကြသည်။အရာတော်မြို့အဝင်တွင်  သနပ်ခါးရောင်းသည့် ဈေး တန်းအဖြစ်လည်းကောင်း၊     သနပ်ခါးအသင်းအနေဖြင့်  သနပ်ခါးပွဲရုံအဖြစ်လည်းကောင်း ဖွင့်လှစ်၍ သနပ်ခါးတုံးများ ကို လက်လီ၊ လက်ကား   ရောင်းချ လျက်ရှိရာ အရွယ်အစား၊ အရည်အသွေး၊ အပင်အရှည်ပေါ်   မူတည်၍ တစ်ပင်လျှင် ကျပ် ၄၀ဝ၀ မှ  ၁၀ဝ၀ဝ ကြားအထိ  ပေါက်ဈေးအသီးသီးဖြင့် ရောင်းချကြသည်။ တိုင်းအတွင်း   ဈေးကွက်များအပြင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့်     ဧရာဝတီတိုင်းဒေသကြီးများသို့လည်း  အမှာစာ များဖြင့်   တင်ပို့ရောင်းချလျက်ရှိကြသည်။   အချို့ သနပ်ခါးအသင်းသားများက သနပ်ခါးမှ  ( Value Added )အဖြစ် ဘုရားဆင်းတုတော်၊ စိတ်ပုတီး၊ အုပ်/ ခွက်၊ အမြစ်မှုန့်၊ အပွေးမှုန့်၊ သနပ်ခါးဆပ်ပြာ၊ သနပ်ခါးရေမွှေး၊ ဆေးဝါးအဖြစ် အကြောပြေလိမ်းဆေး၊   နှလုံးအားတိုးဆေး စသည်တို့ ထုတ်လုပ်ပြီး ဈေးကွက်များ   ရှာဖွေရောင်းချလျက်ရှိ ကြသည်။ ယခုအချိန်တွင် COVID-19 ရောဂါနှင့်လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုကြောင့် အရောင်းအဝယ်ပါးလျက်ရှိကြောင်း သနပ်ခါးအသင်း အတွင်းရေးမှူးထံမှ သိရှိရသည်။

သန်းသန်းတင်(မုံရွာ)