အရောင်းသွက်မဲ့ အောင်သပြေ။

Mon, 07/25/2011 - 02:36 -- Anonymous (not verified)

မန္တလေးမြို့ ပန်းဈေးကွက်မှာ တောင်ပြုံးပွဲနဲ့ ရတနာဂူဘုရားပွဲတော် နီးလာတဲ့အတွက် မတ္တရာနယ်တစ်ဝိုက်နဲ့ ပုသိမ်ကြီးမြို့နယ်က ပန်းစိုက်ခြံရှင်များ သပြေကို ပွဲတော်အတွက် အဓိကထားပြီး ရောင်းနေကြပါတယ်။ ယခင် ၅ ရက်တစ်ကြိမ်၊ ၇ ရက်တစ်ကြိမ်ခူးပေမယ့် ယခု ၁၀ ရက်၊ ၁၂ ရက်ကြားမှ တစ်ကြိမ်ခန့်သာ ခူးနေကြပါတယ်။ ယခုပန်းဒိုင်များသို့ သွင်းဈေး ၅ ခက်စီး ၂၅ စည်း တစ်ထုံးကို ၂၀၀၀ ကျပ်-၂၂၀၀ ကျပ်၊ ၇ ခက်စီး ၂၅ စည်းတစ်ထုံးကို ၂၅၀၀ ကျပ်-၂၈၀၀ ကျပ်ဈေးများသာရှိပါတယ်။ ယခင်နှစ်ပွဲတော်ချိန် ဒိုင်သွင်းဈေး ၅ ခက်စီး ၂၅ စည်းတစ်ထုံးကို ၃၀၀၀ ကျပ်-၃၅၀၀ ကျပ်၊ ၇ ခက်စီး ၂၅ စည်းတစ်ထုံးကို ၄၅၀၀ ကျပ်-၅၀၀၀ ကျပ်ရှိခဲ့တဲ့အတွက် ယခုနှစ်ပန်းဈေးလည်း ယခင်နှစ်နည်းတူ ရရှိမယ်လို့ ပန်းစိုက်ခြံရှင်များ မျှော်လင့်လျက် ပွဲတော်ကို စောင့်မျှော်နေကြပါတယ်။