ပြည်မတ်ပဲဈေး အနည်းငယ်လှုပ်လာ

Tue, 09/06/2011 - 07:59 -- Anonymous (not verified)

ပြည်မြို့ရဲ့ ပဲဈေးကွက်များ မတ်ပဲဈေးအေးနေခဲ့ရာမှ ယခုရက်မှာ ဈေးအနည်းငယ် ပြန်လှုပ်လာတာကို တွေ့ရပြီး တစ်တင်းကို(၁၇၀၀၀)ကျပ် ဈေးရှိတယ်လို့သိရပါတယ်။ ပြည်သို့မတ်ပဲအဝင်ပါးလာပြီး ကုန်သည်များ လက်ဝယ်ရှိ လက်ကျန်ပဲများနဲ့ အပ်ပဲသမားများသာ ထုတ်ရောင်းကြတယ်လို့ ပဲကုန်သည် တစ်ဦးကပြောပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်- ဘုရင့်နောင်သို့ ပဲခူးတိုင်းဒေသကြီးအနောက်မှ မတ်ပဲတင်ပို့မှုကတော့ ယခင်တစ်ပတ်ကထက် ယခုတစ်ပတ် ပဲတင်ပို့မှုများပြီး တစ်နေ့ကို အိတ် ၄၀၀၀ ကျော်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

မိမိအေး၊ ပြည်