ဈေးငြိမ်နေတဲ့ ပြည်မိုးနှမ်း

Thu, 09/01/2011 - 04:06 -- Anonymous (not verified)

ပြည်ဈေးကွက်သို့ အောင်လံနဲ့ မြန်အောင်ဘက်မှ မိုးနှမ်းအသစ်များကို တစ်နေ့ အိတ် ၂၀၀ ခန့် ဝင်ရောက်သဖြင့် ယခင်အပတ်ထက် အဝင်နည်းနေတာတွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးများအဆက်မပြတ် ရွာနေသဖြင့် အရောင်းအဝယ်မှာ အနည်းငယ် အေးနေတာ တွေ့ရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ မြို့ခံဆီစက် များသာ အဝယ်ရှိနေသဖြင့် ဈေးမှာငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်နှင့် နှမ်းနက် ၄၅ ပိဿာ၊ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ယခင် အပတ်ထက် ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းဆီ တစ်ပိဿာလျှင် ၂၇၀၀ ကျပ်ဈေးဖြင့် တစ်နေ့လျှင် ၃ ပေပါခန့် အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။
ဝေေ၀မင်း