ပြည်မြေပဲဆန်ဈေး ပြန်မြင့်လာ

Thu, 07/30/2020 - 08:37 -- admin_ygn

ပြည်မြေပဲဆန်ဈေးမှာ ယခုတစ်ပတ်တွင် ဈေးပြန်လည်မြင့်တက်လာ သည်။ ရန်ကုန်ဝယ်လက်များက လုံးဆန်များကို ပြန်လည်အဝယ်ရှိပြီး ဒေသ တွင်း ဆီစက်များကလည်း ဆီဆန်ကိုအဝယ်ရှိသည့်အတွက် ယခင်တစ်ပတ် ထက်စာလျှင် ယခုတစ်ပတ်မှာ ဈေးမြင့်လာသည်။
ယခင်နှစ်ဇူလိုင်လတွင် မြေပဲဆန်ဈေးမှာ   ဆီဆန် (အဖြူ) တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ၊ (အနီ)တစ်ပိဿာလျှင်  ကျပ် ၃၆၀ဝ နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင်  ကျပ်  ၃၇၀ဝ နှင့်(အနီ)တစ်ပိဿာလျှင် ကျပ်  ၄၀ဝ၀ အထိ ဈေးမြင့်လာခဲ့သည်။ယခုအပတ် မြေပဲဆန်ဈေးများမှာ   ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၂၅၅၀ နှင့် လုံးဆန်(အဖြူ)တစ် ပိဿာလျှင် ကျပ် ၂၉၅၀၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့်   ပြည် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။          
    ဝေဝေမင်း(ပြည်)