ပြည်နှမ်းများ ဒေသတွင်းသာအရောင်းအဝယ်ဖြစ်ပြီး ဈေးဆက်လက်ကျဆင်း

Thu, 07/23/2020 - 09:36 -- admin_ygn

ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ နှမ်းဈေးများ ဆက်လက်ကျဆင်းနေသည်။ နှမ်းအဝင်မရှိဘဲ  အရောင်းအဝယ်ပါးသည့်အတွက်ကြောင့် ပြည်ပွဲရုံများတွင် ဈေး တန်းလျက်ရှိနေသည်။
ပြည်ဒေသတွင် ရေသွင်းနှမ်း ပေါ်သော်လည်း စိုက်ဧကနည်း၊ အထွက်နည်း၍ ပြည်ပွဲရုံများတွင် ဈေးသာဖွင့်ထားသော်လည်း အရောင်းအဝယ်  မဖြစ်သည်ကို တွေ့ရသည်။ ယခုတစ်ပတ် ပြည်ပွဲရုံများတွင် ဖြစ်ပေါ်လျက်ရှိသော နှမ်းဈေးများမှာ နှမ်းနီတစ်တင်းလျှင် ကျပ်  ၃၃၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၃၆၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၅၆၀ဝ၀ ဖြင့် ပြည်ဒေသအနီးတစ်ဝိုက်ရှိ ကျေးရွာ များမှ တစ်ခါတစ်ရံသာ အဝင်ရှိသော နှမ်းအိတ်အနည်းငယ်နှင့် ပွဲရုံနှင့်ဆီစက်များ တွင် လှောင်ထားသော နှမ်းများဖြင့်သာ ဒေသတွင်း အရောင်းအဝယ် အနည်းငယ် ဖြစ်လျက်ရှိနေသည်။
ဝေဝေမင်း (ပြည်)