ကျောက်ဆည်ခရိုင်တွင် ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိ

Tue, 03/26/2024 - 05:10 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်တွင် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်၍ စိုက်ပျိုး ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ဆောင်းကြက်သွန်နီများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ခရိုင်အတွင်းဆောင်းကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၇၈၈၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၃၅၁၅ ဧက၊ မြစ်သားမြို့နယ်တွင် ၁၅၅၀၁ ဧက၊ စုစုပေါင်း ၂၆၉၀၂ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မတ်လ၊ တတိယပတ်အထိ ဆောင်းကြက်သွန်နီ စုစုပေါင်းရိတ်သိမ်းဧက ၁၄၁၅၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ၁,၈၀၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး တစ်ဧကလျှင် ၂၈၀၀-၂၉၀၀ ပိဿာထွက်ရှိကြောင်း၊ စျေးနှုန်းများအနေဖြင့် ကြက်သွန်နီ (ဂျွန်) တစ်ပိဿာလျှင် လက်ကားဈေး ၂,၃၀၀-၂,၄၀၀ ကျပ်ဖြင့်လည်းကောင်း၊ လက်လီစျေးအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် အကြီး ၃,၄၀၀ ကျပ်ဖြင့်လည်းကောင်း၊ အလတ် ၃,၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ အသေး ၂,၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ဧကလျှင် ဝင်ငွေအနေဖြင့် ၆,၉၆၀,၀၀၀ ကျပ် ရရှိပြီး အကျိုးအမြတ်အနေဖြင့် ၅,၁၆၀,၀၀၀ ကျပ်ခန့်ရရှိ ကြောင်း၊ ကြက်သွန်နီစျေးနှုန်းများ ကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိကြောင်း ကြက်သွန်နီစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)