တရားမဝင် ရှောင်ကွင်းလမ်းမှ အကောက်ခွန်မဲ့ သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထွက် အာလူးများ ဖမ်းဆီးရမိ

Tue, 01/23/2018 - 04:55 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီး ဌာနအနေဖြင့် တရုတ်ပြည်မှ စိုက်ပျိုး ထွက်ရှိသည့် အာလူး၊ ကြက်သွန်ဖြူများ အား မိမိနိုင်ငံအတွင်းသို့  တရားဝင် တင်သွင်းခွင့်ပြုထားခြင်း  မရှိသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း  ယခု နှစ်ဆောင်းရာသီပေါ်ချိန်တွင်  တရုတ် နိုင်ငံဘက်မှ ထွက်ရှိသည့်  အာလူးများ ကို ပြည်တွင်းဈေးကွက်သို့ တရားမဝင် လမ်းကြောင်းများမှ အလုံးအရင်းတင်း သွင်းလျက်ရှိကြောင်း၊ ပြည်တွင်းအာလူး စားသုံးမှုဖူလုံစေရန်  ရာသီအလိုက် မိုးကြိုအာလူး၊   ဆောင်းအာလူး၊ နွေ အာလူး စသည်တို့ကို ရှမ်းပြည်နယ် တောင်ပိုင်းတွင်  အများဆုံးစိုက်ပျိုးခဲ့ သော်လည်း  ပြည်တွင်းလိုအပ်ချက် ပြည့်မီကျော်လွန်သော ရာသီတွင် စိုက် ပျိုးစရိတ်ထက် လျော့နည်းသောဈေး နှုန်းဖြင့် အရှုံးခံ ရောင်းချရကြောင်း၊ သဘာဝဘေးဒဏ်ခံရသော  ရာသီတွင် အထွက်နှုန်းကျကာ  ဈေးကွက်အနေ အထားအရ ဈေးလျော့၍ ရောင်းချရ ကြောင်း၊ ယင်းကဲ့သို့သော အခြေအနေ ကို အခွင့်ကောင်းယူ၍  ဝိသမလောဘ သားနှင့်  ကုန်သည်ပွဲစားအချို့မှ ကုန် ဈေးနှုန်းကျဆင်းရေးဟုဆိုကာ တရား မဝင်   နယ်စပ်လမ်းကြောင်းများမှ အကောက်ခွန်မဲ့အလုံးအရင်းဖြင့် နေ့စဉ် တင်သွင်းလျက်ရှိနေကြောင်း၊ အာလူး စိုက်တောင်သူများအနေဖြင့်   ဈေး ကွက်ဝေစု ပျောက်ဆုံးခြင်း၊ နိုင်ငံတော် မှ အခွန်ဘဏ္ဍာများ ဆုံးရှုံးခြင်းတို့ ကြောင့် တရုတ်နိုင်ငံထွက် အာလူးများ အလုံးအရင်းဖြင့်  တင်သွင်းနေခြင်း များကို စိစစ်တားဆီးပေးရန် ညွှန်ကြား ထားကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှ ထွက်ရှိသောအာလူးများ တရားမဝင်ဖြတ်သန်းသွား လာမှုမရှိစေရေး၊ တရားမဝင်ကုန်သွယ် မှုများ တားဆီးဆောင်ရွက်နိုင်ရေး အတွက်OSS  ဌာနဆိုင်ရာများဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သတင်းဖော်ထုတ်ရယူ၍စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ ရှောင် ကွင်းလမ်းအတွင်းသို့ ၁၂ ဘီးယာဉ် လေးစီးဝင်ရောက်သွားကြောင်းသတင်း ရရှိသဖြင့်OSS(ကသရ)၊(မနရ)ပူးပေါင်း အဖွဲ့များဖြင့်  စောင့်ကြည့်တားဆီးခဲ့ရာ အာလူးအိတ်များ တင်ဆောင်လာသည့် ယာဉ်လေးစီးအား တွေ့ရှိသဖြင့် ကုန် သွယ်ရေးဇုန်ဝင်းအတွင်းသို့ ခေါ်ဆောင် ၍ ယာယီထိန်းသိမ်းထားရှိခဲ့ကြောင်း နှင့်ယာဉ်လေးစီးနှင့်ပတ်သက်၍ ယာဉ် အမှတ် 7D/7529 (NISSAN)၁၂ ဘီး ယာဉ်ပေါ်တွင် အာလူးအိတ်ကြီး တစ် အိတ်လျှင် ပိဿာ ၃၀ ခန့်ဝင်ဆံ့သည့် အိတ် ၃၆၀၊ ယာဉ်အမှတ် 2F/2397 (NISSAN)  ၁၂ ဘီးယာဉ်ပေါ်တွင် အာလူးအိတ်ကြီး တစ်အိတ်လျှင် ပိဿာ ၃၀ ခန့်ဝင်ဆံ့သည့် အိတ် ၃၆၀ ၊ ယာဉ် အမှတ် 2J/5794 (NISSAN) ၁၂ ဘီး ယာဉ်ပေါ်တွင် အာလူးအိတ်သေး တစ် အိတ်လျှင်  ၁၂ ပိဿာခန့် ဝင်ဆံ့သည့် အိတ် ၆၃၀ ခန့်နှင့် ယာဉ်အမှတ် 2C/5734 (NISSAN) ၁၂ ဘီးယာဉ် ပေါ်တွင် အာလူး ၁၆ ဒသမ ၈၀၀တန် ခန့် တင်ဆောင်လာကြောင်း စုံစမ်းသိရှိ ရပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်နိုင်ရေး ဇန်နဝါရီ ၁၅ ရက်တွင်သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရပါတယ်။
ယခုလို ပွင့်လင်းရာသီတွင် ကုန် စည်စီးဆင်းမှုများ  များပြားလျက်ရှိ သလို တရားမဝင် ကုန်သွယ်မှုများ လည်း ပိုမိုများပြားလျက်ရှိနေကြောင်းသိရှိရပါတယ်။ တရားဝင်တင်ပို့၊ တင် သွင်းသူများအနေဖြင့် အချိန်၊ ငွေ၊ ကုန်ကျစရိတ်များ ရင်းနှီးလုပ်ဆောင် နေရသဖြင့် ရေရှည်ဈေးကွက်တည် တံ့ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းများ မဆုံးရှုံးစေရေးနှင့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ  ထိခိုက်နစ်နာဆုံးရှုံးမှု များမရှိစေရေးအတွက် ဒေသအုပ်ချုပ် မှုအဖွဲ့အစည်းများ၊  သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင် များ စုပေါင်းအားနဲ့ တရားမဝင် အကောက် ခွန်မဲ့ သယ်ဆောင်မှုများကို ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြဖို့  တိုက်တွန်း ရေးသားလိုက်ရပါတယ်။

နေ (ရှမ်းမောမြေ)

 

Border Trade News

Pages