၂၀၁၈ နှစ်သစ်မှာ နိုင်ငံတွင်းထွက် ကျောက်မျက်ရတနာများနှင့် လှပနေသော (၁၀၅ ) မိုင် ကုန်သွယ်ရေးဇုန်

Tue, 02/06/2018 - 07:12 -- admin_ygn

         မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများနဲ့ ကျောက်မျက်ရတနာမျိုးစုံထွက်ရှိတဲ့   မြေကြီးမှ  ရွှေသီးသော အဖိုးတန်ရတနာမြေများ ပိုင်ဆိုင်ရာ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ ကျော်တန်ဖိုးကြီး ကျောက်စိမ်းများ၊ ပတ္တမြားများ၊ နီလာနဲ့ အခြား အဖိုးတန်ကျောက်မျက်ရတနာများစွာ ထွက်ရှိပြီး အဖိုးထိုက်တန် သော ကျောက်စိမ်းကို လုံးခင်း၊ ဖားကန့် ရတနာမြေတွင်လည်းကောင်း၊ တန်ဖိုးကြီး ပတ္တမြားကို မိုးကုတ်ရတနာမြေနှင့် မိုင်းရှူးရတနာမြေ တို့တွင်လည်းကောင်း စီးပွားဖြစ် တူးဖော်ထွက် ရှိကြောင်း သိရှိရပြီး ဒေသအလိုက် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ နိုင်ငံတော်နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသော နိုင်ငံသားလုပ်ငန်းရှင်များကို  လုပ် ကွက်စိစစ်၍ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခွင့် ပြုပေးလျက်ရှိကြောင်း  ကိုလည်း သိရှိရပါတယ်။ ရရှိလာတဲ့ ကျောက်မျက်ရတနာများကို  မိမိ နိုင်ငံတွင် ကျောက်မျက်ရတနာ ပြပွဲများ ပြုလုပ်ရောင်းချပေးခြင်း၊ ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်၍ ပြသပေးခြင်း၊ ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချ ခွင့်ပြုပေးခြင်းတို့အား နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ပါတယ်။
          တန်ဖိုးမြှင့် ကျောက်မျက်ရတနာများအား ကျောက်မျက်ရတနာ ပြပွဲများ၊ ကုန်စည်ပြပွဲ အခမ်းအနားများတွင် ပြသနိုင်ခြင်းဖြင့် နိုင်ငံ တကာမှ စိတ်ဝင်စားမှု  ပိုမိုမြင့်တက်မှာဖြစ်သလို မိမိနိုင်ငံထွက် တန်ဖိုးမြှင့်ကျောက်မျက်ရတနာများ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်း ချနိုင်ခြင်းဖြင့် နိုင်ငံတော်၏ ဝင်ငွေတိုးတက်မြင့်မားပြီး နိုင်ငံတော် အတွက် ရသင့်ရထိုက်သော အခွန်အခများလည်း ရရှိခံစားရမှာဖြစ် ပါတယ်။ ကုန်သွယ်မှုကဏ္ဍမြင့်မားတိုးတက်ရေးအတွက်လည်း တစ် ဖက်တစ်လမ်းမှ အထောက်အကူပြုတဲ့အ တွက် ကုန်သွယ်မှုပမာဏ များလည်း မြင့်မားတိုးတက်လာမှာ မလွဲဧကန်ဖြစ်မယ်လို့ ထင်မြင် ယူဆမိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၄ ခုနှစ်မှစပြီး ကျောက်မျက်ရတနာ ပြပွဲများ တရားဝင်ကျင်းပပြုလုပ်ခဲ့ရာ အကြိမ်ပေါင်း ၉၀ နီးပါး ပြုလုပ်  နိုင်ခဲ့ပြီးဖြစ်ပါ တယ်။  (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၂၀၁၇ ခုနှစ် သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၉၁ ပွဲမြောက် ရတနာပြပွဲဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းလည်း ကြားသိရပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်ရဲ့ နှစ်လယ်ကျောက်မျက်ရတနာပြပွဲကိုလည်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှ  ၂၁ ရက် အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြု လုပ်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ကိုရီး ယားနိုင်ငံတို့မှ ပြည်ပရတနာကုန်သည် ၂၀၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြောင်းလည်း သိရပါတယ်။
         မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများ၏ အကျိုးရလဒ်အနေဖြင့် ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ် ဇန်နဝါရီလအတွင်းမှာ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ မြန်မာ့ကျောက်စိမ်း များ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းကို တွေ့ရှိရပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက် နိုင်ငံသို့ တင်ပို့လျက်ရှိသော မြန်မာနိုင်ငံထွက် ကျောက်စိမ်းများ၏ တင်ပို့မှုတန်ချိန်နှင့် ကုန်သွယ်မှုတန်ဖိုးအား လေ့လာကြည့်ရာမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ တန်ချိန် ၁၃၉၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၀၅ သန်းကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက် အထိ တန်ချိန် ၁၂၇၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၄  သန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်အထိ တန်ချိန် ၂၉၉၂ တန်ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၁၄ သန်းကျော်ရှိကြောင်း တွေ့ရှိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်အထိ ကျောက်စိမ်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ် နှစ်နှစ်ထက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော်၊ ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်အထိ ကာလတူတွင် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပိုမိုတင်ပို့နိုင်သော အနေအထား ကို လေ့လာကြည့်ရာမှာ ကုန် စည်ပြပွဲများကျင်းပခြင်း၊ ကျောက်မျက်ရတနာ ပြပွဲများကျင်းပခြင်းရဲ့ အကျိုးရလဒ်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက်မှ ၂၁ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ တဲ့ နှစ်လယ်ကျောက်မျက် ရတနာပြပွဲနောက် မှာတော့ အကျိုးရလဒ် အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်၌ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင်  ဝင်ရောက်စစ်ဆေးခံ၍ တစ်ဖက်နိုင်ငံသို့  တင်ပို့မည့် ကျောက်စိမ်းတင်ဆောင်လာေ သာ ယာဉ်လေးစီး၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ၂၅ ရက်တွင် ၃၈ စီး၊ စုစုပေါင်း ၄၂ စီး၊ အမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် သိသာထင်ရှားစွာ  ပိုမိုတိုးတက်ရတာဖြစ်ကြောင်း  တွေ့ရှိခဲ့ရတာ ကြောင့်  နိုင်ငံအတွက်  အကျိုးရလဒ်ကောင်း  ဖြစ်ပေါ်စေတဲ့ နေ့ရက် အနေဖြင့်  သိသာထင်ရှားစွာ ဖြစ်ပေါ်စေမှာ ဧကန်မလွဲဖြစ်ပါတယ်။
          မြန်မာ့ကျောက်စိမ်း၊ကျောက်မျက်ရတနာများရဲ့ အဖိုးအနဂ္ဂ ထိုက်တန်မှုအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုသိရှိစေရန်အလို့ငှာ ကျောက်မျက်ရတနာပြပွဲများ ပိုမိုပြုလုပ်ပေးခြင်း၊ ကုန်စည်ပြပွဲများ တွင် ပိုမိုခမ်းနားထည်ဝါစွာ ပြသဆောင်ရွက်ပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှု ပမာဏ မြင့်မားတိုးတက်စေရေး၊ ကုန်သွယ်မှုအခွင့်အလမ်းကောင်း များ ရရှိစေရေး၊ ပို့ကုန်ကဏ္ဍ တိုးတက်မြင့်မား စေရေးတို့အတွက်လည်း အရည်အသွေးမြှင့် မြန်မာ့ကျောက်စိမ်း၊ ကျော က်မျက်ရတနာများ၏ အခန်းကဏ္ဍမှာ  တစ်စိတ်တစ်ဒေသ  ပါဝင်လျက်ရှိနေကြောင်းတွေ့ ရှိရပါတယ်။ အရည်အသွေးမြင့် မြန်မာ့ကျောက်စိမ်း၊ ကျောက်မျက်ရတနာ များ တန်ဖိုးမြှင့် ပိုမိုတင်ပို့နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ အခွန်အခ များပိုမိုရရှိ၍ နိုင်ငံတော်၏ ဝင်ငွေ တိုးတက်လာစေရေး အထောက် အကူပြုလျက်ရှိနေပါကြောင်း သိရှိနိုင်စေရန်အလို့ငှာ ရေးသားတင်ပြ လိုက်ရပါတယ်။

 

နေ (ရှမ်းမောမြေ)

Border Trade News

Pages