တစ်ဖက်နိုင်ငံသို့ ရောင်းချရန် တရားမဝင်သယ်ဆောင်လာသော သာလိကာငှက်များ ဖမ်းဆီးရမိ

Wed, 02/14/2018 - 07:18 -- admin_ygn

       မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာဝန်ကျ စစ်ဆေးရေး မောင်းတံဂိတ်များအား ညနေပိုင်းအချိန်များတွင် ဖြတ်သန်း မောင်းနှင်သွားသော ခရီးသည်တင်ယာဉ်ငယ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် သစ်ေ တာထွက်ပစ္စည်းများနှင့် တိရစ္ဆာန် အရှင်များအား သယ်ဆောင်မှုရှိနေကြောင်း သတင်းပေး ရရှိမှုအရ ဖေဖော်ဝါရီ ၆ ရက်က မူဆယ်မောင်းတံဂိတ်တွင် OSS ကုန်သွယ်ရေးဦးစီးဌာန၊ OSS မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် OSS မိတ်ဖက်သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့ တို့မှ အ တက်ခရီးသည် ယာဉ်ငယ်များအား စောင့်ဆိုင်းစစ်ဆေးနေ စဉ် ည ၁၀ နာရီအချိန်ခန့်တွင် လားရှိုးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ် (5E/3059) (PAJERO) ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် တရားမဝင် (လုံး ဝ) ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် သာလိကာငှက် (အရှင်) ၈၁ ကောင်နှင့် အသေ ၂၃ ကောင်၊ စုစုပေါင်း ၁၀၄ ကောင်အား စစ်ဆေးတွေ့ရှိတားဆီးခဲ့ပြီး မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ပင်မရုံး တာဝန်ကျ၊ တာဝန်မှူးထံ ယာယီထိန်းသိမ်းအပ်နှံ ခဲ့ကြောင်း သိရှိရ ပါတယ်။
            အဆိုပါသာလိကာငှက်များအား တစ်ဖက်နိုင်ငံ နယ်စပ် မြို့များဖြစ်သော မူဆယ်-နမ့်ခမ်း ဈေးကွက်တွင် သာလိကာ ငှက် တစ်ကောင်လျှင်  ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်းထိ ရောင်းရပြီး၊ ယခု တားဆီးထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်တွင် လားရှိုးမြို့နေ အမ ည်မသိ သူ အမျိုးသမီးတစ်ဦးမှ ဝယ်ယူစုဆောင်းပြီး ယခုကဲ့သို့ အိမ်စီးယာဉ်များဖြင့် သယ်ယူရောင်းချနေကြောင်း၊ သယ်ဆောင်သူယာဉ်မောင်းမှာ အခကြေးငွေရယူ သယ်ဆောင်လာကြောင်း သိရှိရပါတယ်။ ထို့နောက် OSS ပူးပေါင်းအဖွဲ့မှ မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ သယ်ဆောင်လာသော ယာဉ်နှင့် ယာဉ်ပေါ်ပါ သာလိကာငှက် ၁၀၄ ကောင်တို့အား ဖေဖော် ဝါရီ ၇ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မူဆယ်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ သာလိကာငှက်များ အား နိုင်ငံပိုင် သိမ်းဆည်းပြီး ယာဉ်အား မူဆယ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနဖြင့် စစ်ဆေးပြီးနောက် ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်းနှင့် သယ်ဆောင်လာသူ ယာဉ်မောင်းအား မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ကျ (ဥှ) မိတ်ဖက် သစ်တောဦးစီးဌာန တာဝန်ခံတောအုပ်ကြီး ဦးကျော်မိုးဆွေမှ တရားလိုပြုလုပ်ပြီး မူဆယ်မြို့မရဲစခန်းတွင် (ပ) ၅၄/၂၀၁၈ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး ဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်။ ဝိသမလောဘသားများသည် မိမိအကျိုးစီးပွှား အတွက် တစ်ဖက်နိုင်ငံနယ်စပ်သို့ တရားမဝင် မှောင်ခိုပစ္စည်း များ တင်ပို့နေသလို ပြည်တွင်းထွက် သယံဇာတနှင့် ရှားပါး တိရစ္ဆာန်များကိုလည်း နည်းလမ်းမျိုးစုံဖြင့် တရားမဝင် မှောင်ခိုတင်ပို့နေမှုတို့အား တာဝန်ကျနိုင်ငံဝန်ထမ်းများ၊ တာဝန်သိပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းစုံစမ်း ဖော်ထုတ် တားဆီး ဆောင်ရွက်လျက်ရှိနေကြောင်း ရေးသားလိုက်ရပါ တယ်။

 

သန်းအောင်(သတင်းစုံ)

Border Trade News

Pages