မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 04/26/2024 - 03:00 -- bordertrade

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း ပို့ကုန်ပြောင်း(၁) တန်လျှင် (၂၁၉) ဒေါ်လာနှုန်းဖြင့် (၁၀၀၀.၈၃၂) တန် ၊ တန်ဖိုး (၀.၂၁၉)ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း သွင်းကုန်ဒီဇယ်ဆီ (၁)တန်လျှင် (၈၅၄.၈) ဒေါ်လာနှုန်းဖြင့်(၁၁၀၀) တန် ၊ တန်ဖိုး (၀.၉၄၀) ဒေါ်လာသန်းအား ထိုင်းနိုင်ငံမှ ရေလမ်းကြောင်းဖြင့်တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၅၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၄) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Border Trade News

Pages