တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 05/27/2024 - 03:23 -- bordertrade

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (မေလ ၂၀ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၁၉.၆၇၉)  သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၁၁.၉၉၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၃၁.၆၇၆)သန်း ဆောင် ရွက်နိုင်ခဲ့ပါသည်။ (၂၀-၅-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၃,၉၂၈.၅၉၀) တန်၊ တန်ဖိုး (၀.၈၈၅) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၄၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၉၃၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၀-၅-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၈၈၉.၉၉၆)ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၂၀-၅-၂၀၂၄) ရက်တွင် ဓာတ်ဆီ (၀.၀၆၁) ဒေါ်လာသန်း၊ ဒီဇယ် (၀.၁၄၀) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၀၃) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၄၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၂၈) ဒေါ်လာသန်း  အပါအဝင် (၀.၃၇၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages