Tobacco Kills စာတမ်းပါ Signal 350 ကွမ်းစား ဆေးများ တမူး Mobile Team အဖွဲ့က ဖမ်းဆီးရမိ

Mon, 05/20/2013 - 05:30 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 17:53 PM

တမူး စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ အကောက်ခွန်မဲ့ ပစ္စည်း ထိန်းချုပ်ရေး အဖွဲ့ Mobile Team ဟာ ၅- ၂ -၂ဝ၁၃ ရက်နေ့တွင် တစ်ဖက် နိုင်ငံထုတ် FDA ထောက်ခံချက် မပါတဲ့ အကောက်ခွန်မဲ့ Tobacco Kills စာတမ်းပါ Signal 350 ကွမ်းစား ဆေး ၆ဝဝ ဖာ တန်ဖိုး ငွေကျပ် ၄၆၂ဝဝဝဝ ကို ဖမ်းဆီး ရမိခဲ့ ပါတယ်။ဖမ်းဆီး ရမိ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုန်သည် အသင်း တာဝန်ရှိသူ တစ်ဦး မှလည်း ''ဒီဆေးတွေကို ကွမ်းထဲမှာ ထည့်စားရင် စွဲလမ်း စေတယ်၊ စွဲလမ်းတော့ ဝယ်စား၊ ဝယ်စားတော့ ပိုက်ဆံကုန်၊ ဒါအပြင် သူ့မှာ ကြေငြာ ထားတာက ပါးစပ် (ခံတွင်း) ကင်ဆာ ဖြစ်စေ တယ်တဲ့၊ ဒီတော့ ရောဂါဖြစ် တော့လည်း ပိုက်ဆံ ထပ်ကုန်ဦး မယ်လေ၊ ဒါကြောင့် ကျွန်တော်တို့က ဖမ်းတာပါ၊ နိုင်ငံတော် အကြီး အကဲများရဲ့ လမ်းညွှန်ချက် ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး ဆိုတဲ့ ဦးတည်ချက်၊ ဆင်းရဲမှု ပပျောက်ရေး ဆိုတဲ့ မျှော်မှန်းချက်တွေ ကိုလည်း တစ်ဖက် တစ်လမ်းက နှောက်ယှက် နေတဲ့ ပစ္စည်းတွေ ဖြစ်တယ်လေ'' လို့ ပြောကြားခဲ့ ပါတယ်။ ထို့အတူ ဒေသခံ ပြည်သူ တစ်ဦးကလည်း '' ဒါမျိုးတွေကို ကျယ်ကျယ် ပြန့်ပြန့် အသိပေးပြီး ထိထိ ရောက်ရောက် တားဆီးဖို့ လိုတယ်'' လို့ အကြံ ပြုပြော ကြားခဲ့ ပါတယ်။

Mobile Team အဖွဲ့တွင် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ အကောက်ခွန် ဦးစီး ဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသ အုပ်ချုပ်ရေး အဖွဲ့၊ UMFCCI ကိုယ်စားလှယ် (သို့မဟုတ်) နယ်စပ် ကုန်သည် အသင်း ကိုယ်စားလှယ်၊ သတင်း မီဒီယာ အဖွဲ့တို့ ပါဝင်ပြီး ထို့အဖွဲ့ အနေနဲ့ ရွေ့လျား လှုပ်ရှား တားဆီး ဆောင်ရွက် နေခြင်းဖြစ် ပေမဲ့လည်း အဆိုပါ FDA ထောက်ခံ ချက်မပါ အကောက်ခွန်မဲ့ ပစ္စည်းများမှာ နည်းမျိုးစုံနဲ့ ပြည်တွင်းသို့ ဝင်ရောက်လျက် ရှိတယ်လို့ သိရပါတယ်။

HMH (DOBT)