Registration as Exporter / Importer

Thu, 09/08/2011 - 09:03 -- admin

 

Registration as Exporter / Importer

The following individual/enterprises desirous of carrying on export/import business may apply to the Directorate of Trade for registration as exporter/importer:

•           A citizen or associate citizen or naturalized citizen if the applicant is a sloe proprietor;

•           Partnership firms;

 

The following enterprises registered under Myanmar Companies Act and Special Company Act of 1950

•           Limited Companies (inclusive of foreign companies’ branches)

•           Joint Venture Corporation.

               Co-operative societies registered under the Co-operative Societies Law

 

Registration of exporters/ importers and business representatives up to 281th February, 2015

Business Registration  

No. of Registered During February, 2015

Total Number as at 281th February, 2015

Exporters/Importers

221          35935

Business Representatives

5         3364

Necessary Documents for Application of the Registration of Exporter/Importer 

*          The original “Memorandum of Association” and “Articles of Association”

*        Application Form with Company Letter Head

*        Exporter/Importer Registration Form

*         The Copy of the letter of the Company Registration Office for the issuing of Certificate of Registration

*         Two copies of the Certificate of Company Registration

*       The certified copy of Form 26 which is recognized by Company Registration Office.

*         The copies of National Registration Card (or) Citizenship Scrutiny Card, Photo and Specimen Signature of Board of Directors

*          Certificate of the Membership of UMFCCI

 

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း

၁။       အောက်ဖော်ပြပါအဖွဲ့အစည်းများသည်ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လျှောက် ထားနိုင်သည် -

 (က)   မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊၁၉၅၀ပြည့်နှစ်အထူးကုမ္ပဏီအက်ဥပဒေတို့အရ မှတ်ပုံတင်ထားသော -

          (၁)    လီမိတက်ကုမ္ပဏီများ။ (နိုင်ငံခြားကုမ္ပဏီများ အပါအဝင်)

          (၂)    ဖက်စပ်ကော်ပိုရေးရှင်းများ /ဖက်စပ်လီမိတက် ကုမ္ပဏီများ ။

  (ခ)     သမဝါယမအသင်းဥပဒေအရ တည်ထောင်ထားသော သမဝါယမအသင်းလီမိတက်များ။

၂။       နယ်စပ်ဒေသနေပြည်သူများ ၊ အသေးစား ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ရိုးရှင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် Individual Trading Card (ITC) ကို သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်း၊ တိုင်းဒေသကြီး / ပြည်နယ် များရှိ ပို့ကုန်သွင်းကုန်ရုံး များ တွင် လျှောက်ထားနိုင်သည်။

မှတ်ပုံတင်သက်တမ်းကာလ၊ မှတ်ပုံတင်ကြေးနှင့် သက်တမ်းတိုးမြှင့်ကြေး

၃။       ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအတွက် မှတ်ပုံတင်သက်တမ်းကာလ၊ မှတ်ပုံတင်ကြေးနှင့် သက်တမ်းတိုးမြှင့်ကြေးမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          (က)  ယာယီ (၆)လ သက်တမ်းအတွက်           ၅၀ဝဝဝ  ကျပ်

           ( ခ)   (၁) နှစ် သက်တမ်းအတွက်                  ၅၀ဝဝဝ  ကျပ်

           ( ဂ)   (၂) နှစ် သက်တမ်းအတွက်                  ၁၀ဝဝဝ၀  ကျပ်

           (ဃ)   (၃) နှစ် သက်တမ်းအတွက်                 ၁၅၀ဝဝဝ  ကျပ်

           ( င)   (၃) နှစ် အထက်မှ (၅)နှစ်အထိ             ၂၀ဝဝဝ၀  ကျပ်

 

၄။       ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်းကို ခွင့်ပြုသည့်နေ့မှ သက်တမ်း (၅) နှစ်အထိ တစ်ဆက်တည်းကာလ သတ်မှတ်ခွင့်ပြုပါသည်။ သို့ရာတွင်ကုမ္ပဏီများ၊ သမဝါယမ အသင်းလီမိတက်များကို သက်ဆိုင်ရာဌာနများမှ ခွင့်ပြုသည့် မှတ်ပုံတင် သက်တမ်းသည် (၅) နှစ်ထက် လျှော့နည်းပါက ယင်းသက်တမ်းအတိုင်းသာ ခွင့်ပြုပါသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း

၅။       ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားခြင်းကို (၃-၃-၂၀၁၄) ရက်နေ့မှစ၍ Online စနစ်ဖြင့် စတင်ဆောင်ရွက်လျှက်ရှိပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် http://www.myanmartradenet.com.mm  တွင် ဖော်ပြထားသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံ တင် လျှောက်ထားခြင်း အတွက်ပုံစံ၌လိုအပ်သည့်အချက်အလက်များ ဖြည့်စွက်ပြီးကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ပါသည်။         ပုံစံအား နောက်ဆက်တွဲ ဖြင့် ဖော်ပြထားပါသည်။                                                                                                                                                                     နောက်ဆက်တွဲ(က)

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ပြင်ဆင်ခြင်း

၆။       ခွင့်ပြုထုတ်ပေးထားသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်တွင် ဖော်ပြထားချက်များ ကို ပြင်ဆင်ဖြည့်စွက်လိုပါက ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက် ထားရမည်။ ပြင်ဆင်လိုသည့် ဖော်ပြချက်သည် အထက်အပိုဒ် (၄) (က) (ခ) ပါ မှတ်ပုံတင်ထားသည့် ကိစ္စရပ်များနှင့် သက်ဆိုင်ပါက ယင်းဌာနများတွင် ပထမဦး စွာ ပြင်ဆင် ခွင့်ပြုချက် တင်ပြရမည်။ ပြင်ဆင်ချက် တစ်မျိုးအတွက် ဆောင်ရွက်ခကြေး ကျပ် (၁၀ဝဝ)  နှုန်း ပေးဆောင်ရမည်။

မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခွင့်လျှောက်ထားရမည့်ကာလ

၇။     မိမိမှတ်ပုံတင်ထားသည့်မှတ်ပုံတင် သက်တမ်းကို တိုးလိုပါက သက်တမ်းကုန်ဆုံးသည့်နေ့ မတိုင်မီ(၃)လ ကြိုတင်၍ လျှောက်ထားနိုင်သည်။

မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခွင့်ပြုခြင်း

၈။  မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့်နေ့နှင့် ယင်းနေ့မတိုင်မီ ကြိုတင်လျှောက်ထားခြင်းကို သတ်မှတ်သည့် သက်တမ်းတိုးမြှင့်ကြေးများ ပေးဆောင်စေပြီး အများဆုံး(၅)နှစ်အထိသာ ထပ်မံ သက်တမ်းတိုးမြှင့်ခွင့်ပြုပါသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပြန်လည်အပ်နှံခြင်း

၉။     လုပ်ငန်းရှင်သည်လုပ်ငန်းဆက်လက်မဆောင်ရွက်လိုသဖြင့်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံ တင်လက်မှတ်အား ပြန်လည်အပ်နှံလိုက အပ်နှံနိုင်ပါသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်ဖျက်သိမ်းခြင်း

၁၀။     အောက်ဖော်ပြပါ ကိစ္စရပ်များကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကို ဖျက်သိမ်းခြင်း ခံရမည် ဖြစ်ပါသည် -

          (က)    သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း သက်တမ်းတိုးမြှင့်ခွင့် လျှောက်ထား ခြင်းမပြုသည့် မှတ်ပုံတင်များ၊

           (ခ)     တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို ဖောက်ဖျက်၍ စီးပွားရေး မသမာမှုများ ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီဖျက်သိမ်း အရေးယူ ခံရခြင်း၊ အမည်မဲစာရင်း (Black List) တင်သွင်းခံရခြင်း။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် မိတ္တူထပ်မံထုတ်ပေးခြင်း

၁၁။     ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကတ်ပြားများ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး ပျောက်ဆုံးသွားလျှင် မိတ္တူထပ်မံထုတ်ပေးရန် ကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထားခွင့်ရှိပါ သည်။ ဆောင်ရွက်မှု အခကြေးငွေအဖြစ်  ငွေကျပ် ၃၀ဝိ/- ပေးဆောင်စေပြီး၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် မိတ္တူများ ထုတ်ပေးမည်ဖြစ်ပါသည်။

ကုမ္ပဏီကိုယ်စားလှယ်ကတ်ထုတ်ပေးခြင်း

၁၂။     ပို့ကုန်သွင်းကုန်လုပ်ငန်းဆိုင်ရာ ရုံးကိစ္စများကို ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ရရှိထားသည့်  ကုမ္ပဏီတစ်ခုလျှင် ကုမ္ပဏီကိုယ်စားလှယ် ကတ် (၅)ခုထိ ထုတ်ပေးနိုင်သည်။  

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၏ အကျိုးခံစားခွင့်များ

၁၃။     ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူသည် အောက်ပါအကျိုးခံစားခွင့်များ ရရှိ နိုင်ပါသည် -

          (က)    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်    ရရှိထားသူသည်  ပင်လယ်ရေကြောင်း ၊ လေကြောင်းနှင့် နယ်စပ်ဒေသများ မှတစ်ဆင့် ပုံမှန်ကုန်သွယ်မှု     (Conventional Trade ) စနစ်ဖြင့် သော်လည်းကောင်း၊ နယ်စပ်ဒေသများမှတစ်ဆင့် (Border Trade) စနစ်ဖြင့် သော်လည်းကောင်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ပို့ကုန်သွင်းကုန် လုပ်ငန်းများဆောင် ရွက်ခွင့်ရှိသည်။

 (ခ)    တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်များအတွက် သီးခြားထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင် ရွက်ခွင့်ရှိသည်။

(ဂ)   ပြည်ပမှ တင်သွင်းသော ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရသီးခြားကန့်သတ်ထားသော ကုန်ပစ္စည်း များအား သတ်မှတ်ထား သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ပြည် တွင်း၌ကြိုက်နှစ်သက်ရာ အစီအစဉ်ဖြင့်  ဖြန့်ဖြူးရောင်း ချ ခွင့်ရှိသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း

၁၄။     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အောက်ဖော်ပြပါ အဖွဲ့အစည်း များအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့် ပြုထားပါသည် -၁/

          (က)    အစိုးရဌာနများ

          (ခ)     နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

          (ဂ)     ဥပဒေအရဖွဲ့စည်းထားသော နိုင်ငံတော်ပိုင်ဘဏ်များ

          (ဃ)    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

          (င)     နေပြည်တော် စည်ပင်သာယာရေး ကော်မတီ    

          (စ)     မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ