မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တရုတ်သို့တင်ပို့သရက်သီး နည်းသွားသော်လည်း ဈေးကောင်းရနေ

Mon, 05/20/2019 - 06:17 -- admin_ygn

            ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီး ဝလံကုန်စည်ဒိုင်မှ  တရုတ်သို့ဖရဲသီးတင်ပို့မှုအနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်း ကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲတင်ပို့မှုမှာ နည်းသွားသော်လည်း  ဈေးေ ကာင်း ရနေသကဲ့သို့ သခွားနှင့်သရက်တင်ပို့မှုလည်း နည်းသွားကာ သရက်သီးမှာ ဈေးကောင်းဆက်လက်ရနေသည်။ မေ ၁ ရက်မှ ၇ ရက်အတွင်း ဖရဲကား ၅၄၂ စီး၊ တန်ချိန် ၆၄၅၃ တန်၊ ရွှေသခွားကားလေးစီး၊ တန်ချိန် ၄၃ တန်၊ သရက်ကားစီးရေ ၂၃၀၊ တန်ချိန် ၁၃၈၀၊ ကန်စွန်းဥကား ကိုးစီး၊ တန်ချိန် ၁၂၉ တန် ၊ နာနတ်သီးကားတစ်စီး၊ တန်ချိန် ၁၃ တန်တင်ပို့ရောင်းချခဲ့ကြောင်း  သစ်သီးဝလံကုန်စည်ဒိုင်မှ သိရှိရ သည်။ သခွားတင်ပို့မှုတွင် ရွှေ သခွားတစ်မျိုးသာတင်ပို့မှုရှိ ကြောင်းသိရပြီး  သရက်တင်ပို့မှုမှာ ယခင်တစ်ပတ်နှင့်စာလျှင် နည်းသွားခဲ့သည်။ ဖရဲတွင် ဖရဲ အဖြူသီးဈေးနှုန်းမှာ  တစ်တန်လျှင် ယွမ် ၂၀၀၀- ၃၆၀၀၊ ကျပ် ၄၃၄၀၀၀-၇၈၂၀၀၀၊  ဖရဲအကျားသီး မှာ  တစ်တန်လျှင်  ယွမ်၊ ၁၆၀၀-၅၂၀၀၊  ကျပ် ၃၄၈၀၀၀-၁၁၃၀၀၀၀၊ ဖရဲအဝိုင်းကျားသီးမှာ တစ်တန်လျှင် ယွမ် ၂၃၀၀-၄၈၀၀၊ ကျပ် ၅၀၀၀၀၀-၁၀၄၄၀၀၀ရရှိကြောင်း သိရသည်။
           သခွားသီးနှံတွင် ရွှေသခွားတစ်မျိုးသာတင်ပို့မှုရှိပြီး တစ်တန်လျှင် ယွမ် ၂၃၀၀-၆၀၀၀၊ မြန်မာကျပ်ငွေ ၅၀၀၀၀၀- ၁၃၀၄၄၀၀ ရရှိသည်။ ယခုရက် သတ္တပတ်အတွင်း ကန်စွန်းဥ စတင်တင်သွင်းခဲ့ပြီး  တစ်တန်လျှင်ယွမ် ၁၀၀၀- ၁၅၀၀၊ ကျပ် ၂၁၇၄၀၀-၃၂၆၀၀၀၊ သရက်သီးတင်ပို့မှု နည်းသွားပြီး  တစ်တန် လျှင်ယွမ် ၂၅၀၀-၉၀၀၀၊ ကျပ် ၅၄၃၅၀၀-၁၉၅၆၅၀၀ ဖြင့် ဈေးကောင်း ဆက် လက်ရရှိနေသည်။  နာနတ်သီးမှာလည်း  တစ်တန်လျှင် ယွမ် ၈၀၀-၁၆၀၀၊ ကျပ် ၁၇၄၀၀၀-၃၄၇၈၀၀ ပေါက်ဈေးဖြင့် စတင်အရောင်းအဝယ်ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငွေဈေးနှုန်းမှာတစ်ယွမ်လျှင် ၂၂၁ ကျပ်မှ ၂၂၆ ကျပ် အထိ  ပေါက်ဈေးရှိကြောင်း သစ်သီးဝလံကုန်စည်ဒိုင်မှ  လေ့လာသိရှိရသည်။

 

စုစုသာ(မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages