ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Mon, 05/27/2024 - 03:27 -- bordertrade

               ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

               ၂၀၂၄ ခုနှစ်၊ မေလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၇.၀၀၀) သန်းဖြစ်ပြီး (၂၀-၅-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၂.၄၀၈)သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၇၂.၉၈၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၉၃၂.၇၉၈) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၆၃၅) သန်းနှင့် သွင်းကုန် (၁၃၉၈.၈၄၂) တန်၊ (၄၀၀) U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၁၂၃) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၇၅၈)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

            ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၁၉ရက်နေ့မှ၂၀ ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စု တွင် (၄၅၂.၂၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၇၁) သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၀၃၀.၀၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၂၆) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၄၅၀.၅၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၃၈) သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၃၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။ သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိက ဆောင်ရွက်လျက် ရှိရာ ပြောင်းသီးနှံ အား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှ တစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှ တစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ(၂၀) ရက်နေ့အထိ နယ်စပ် ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၃၂၃၉၂.၄၁၆) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၇.၂၉၂) သန်းအား တင်ပို့နိုင်ခဲ့ပါသည်။

Border Trade News

Pages