စားသုံးသူ ကာကွယ်ရေး ဥပဒေကို တည်ဆဲ ဥပဒေများနဲ့ ဆက်စပ် လိုက်သော အခါဝယ်

Fri, 05/10/2013 - 08:17 -- admin

တနင်္လာနေ့ ၈ ဧပြီလ  ၂၀၁၃ 14 : 30  PM

သစ် မရှိခင် ဝါးပေါင်းကွပ်

မြန်မာမှု နယ်ပယ်မှာ ဆိုရိုး စကားနဲ့ စကားပုံတွေ သူ့နေရာ နဲ့ သူ အသုံးပြု နိုင်ဖို့ ရှေးမြန်မာ ပညာရှင်များ နောင်လာ နောက်သားတွေ အတွက် တီထွင် ထားပေး ကြပါတယ်။ ကမ္ဘာကျော် ထင်ရှားတဲ့ အဆို အမိန့်တွေ၊ စကားပုံ တွေ၊ ဆိုရိုး စကား တွေဟာ မြန်မာ စကားမှာ ရှိနှင့် ပြီးသား ဖြစ်နေ ပါတယ်။ မိမိ အသုံးပြု လိုတဲ့ ကိစ္စ အတွက် မိမိ လက်ထဲမှာ ရှိတဲ့ အရာ နဲ့ အဆင် ပြေအောင် ဆောင်ရွက် လုပ်ကိုင် တဲ့ အခါမှာ '' သစ်မရှိခင် ဝါးပေါင်း ကွပ်'' လို့ ဆိုစမှတ် ပြုကြ ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ စနစ်သစ်နဲ့ ရှေ့ကို သွားနေတ အချိန် ဖြစ်ပြီး ယခင် အုပ်ခုျပ်ရေး ပုံစံနဲ့ မတူ တော့တဲ့ အတွက် ဥပဒေသတွေ၊ လုပ်ထုံး လုပ်နည်း တွေကို ပိုင်ပိုင် နိုင်နိုင် ရှိထား မှ အစိုးရရဲ့ အုပ်ခုျပ်ရေး ယန္တယား အသက် ဝင်မှာ ဖြစ်ပါ တယ်။ အချို့ ဥပဒေသ များဟာ ကျွန်တော်တို့ နိုင်ငံမှာ မပြဌာန်း ရသေးတဲ့ အတွက် ရှေ့တန်း ကျကျ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်း များမှာ အခက် အခဲ အခိုျ့ကြုံတွေ့ နေရ တယ်။ အထူး သဖြင့် စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်း တွေမှာ ညွှန်ကြားချက်၊ အမိန့် တို့နဲ့ နေရာ တကာမှာ သွားလုပ်လို့ မရတာတွေ ရှိနေ တတ်ပါ တယ်။ တစ်ခို့ျ ကိစ္စ တွေမှာ လုပ်ရင်း ကိုင်ရင်း ထောက်ပြခြင်း ခံရတာတွေ ကြားနေ ရပါတယ်။ ဘယ် ဥပဒေနဲ့ တားဆီး တာလဲ ဆိုပြီး တော့ ဆင်ခြေ ဆင်လက်နဲ့ မေးခွန်း ထုတ်ခြင်း ခံရတာ ရှိပါတယ်။ အခို့ျ ဈေးဆိုင်ရှင် တွေက စားသုံး ရန် မသင့်တဲ့ အစား အသောက် ကို ဘယ်ဥပဒေနဲ့ လာစစ် ရတာလဲ၊ ဘာပုဒ်မနဲ့ တရားစွဲမှာ မို့လို့လဲ စသဖြင့် မေးမြန်း တတ်တယ်လို့ သိရ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူ့ ဝန်ထမ်း များနဲ့ စားသုံးသူ ကာကွယ် ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေ တည်ဆဲ ဥပဒေ ထဲက သိသင့် သိထိုက်တဲ့ ဥပဒေတွေကို လေ့လာ နိုင်ဖို့ ဝေမျှ လိုရင်း ဖြစ်ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

ယခု ဒီဆောင်းပါး ရေးနေချိန် အထိ (၂ဝ၁၃ ခုနှစ် မတ်လ) စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ မပြဌာန်း ရသေးတဲ့ အတွက် နဂို ရှိပြီးသား တည်ဆဲ ဥပဒေတွေကို အသုံး ပြုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်မရှိ ခင် ဝါးပေါင်း ကွပ်တဲ့ သဘောနဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေပေါ် ထွက်မလာမီ အချိန် ကာလမှာ လက်ရှိ တည်ဆဲ ဥပဒေ များကို အားကိုး အားထိုက် ပြုသွား နိုင်ဖို့ လေ့လာ မိတာ လေးတွေ တင်ပြ လိုက်ရ တာဘဲ ဖြစ်ပါ တယ်။

တည်ဆဲ ဥပဒေ ထဲမှ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေများ

ဗြိတိသျှ အစိုးရ အုပ်ခုျပ်သော ကာလ ကတည်းက ပြဌာန်းတဲ့ ဥပဒေမှ စ၍ ၂ဝဝ၈ ခုနှစ် မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မများ အထိ ပါဝင် နေတာ မြင်တွေ့ ရမှာ ဖြစ်ပါ တယ်။ တည်ဆဲ ဥပဒေ အတော် များများ ဟာ လက်ရှိ စားသုံးသူ ကာကွယ်ရေး အတွက် အသုံး တည့်နေ သေးတာကို မြင်တွေ့ ရပါတယ်။ ဒီ ဥပဒေ တွေဟာ တစ်နေရာ တည်းမှာ စုစု စည်းစည်း တည်ရှိ မနေတဲ့ အတွက် အသုံး ပြုမှုမှာ အားနည်း တဲ့ သဘော ဖြစ်သွား တာဘဲ ဖြစ်ပါ တယ်။ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ ထွက်ပေါ် လာရေး အတွက် အဆင့်ဆင့် စိစစ် ဆောင်ရွက် နေတဲ့ အချိန် ဖြစ်ပြီး မကြာမီ ထွက်ပေါ် လာဖို့ ရှိပါ တယ်။ လတ်တလော စားသုံးသူ ကာကွယ်ရေး ကိစ္စရပ် တွေမှာ စကား ပြောစရာ ပေါ်ပေါက် လာပါက တည်ဆဲ ဥပဒေတွေနဲ့ ဖြေရှင်း ရမှာ ဖြစ်တဲ့ အတွက် ကျွန်တော် တို့ နားလည် သိရှိ ထားဖို့ အရေးကြီး ပါတယ်။ စားသုံးသူ ကာကွယ်ရေး ဥပဒေ နဲ့ ဆက်စပ် တဲ့ တည်ဆဲ ဥပဒေ တွေကို ဖော်ပြ ပေးလိုက် ပါရစေ -

၁။ ပြစ်မှုဆိုင်ရာဥပဒေ (၁၈၆၁)

၂။ The Legal Practitioners Act(1880)

၃။ The Myanmar Telegraph Act(1885)

၄။ The Copyright Act( 1914)

၅။ The Poisons Act(1919)

၆။ The Bar Council Act(1929)

၇။ The Myanmar Wireless Telegraph(1934)

၈။ သွားနှင့် ခံတွင်း ဆိုင်ရာ ဆေးကောင်စီ ဥပဒေ (၁၉၈၉)

၉။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ဥပဒေ (၁၉၉ဝ)

၁ဝ။ ပိုးသတ်ဆေး ဥပဒေ (၁၉၉ဝ)

၁၁။ မြန်မာ နိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥပဒေ (၁၉၉ဝ)

၁၂။ သစ်တော ဥပဒေ (၁၉၉၂)

၁၃။ အမိုျးသား ဆေးဝါး ဥပဒေ (၁၉၉၂)

၁၄။ တိရိစ္ဆာန် ကျန်းမာရေး နှင့် ဖွံ့ဖြိုးရေး ဥပဒေ (၁၉၉၃)

၁၅။ အပင် ပိုးမွှား ကာကွယ် သည့် ဥပဒေ (၁၉၉၃)

၁၆။ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဥပဒေ (၁၉၉၄)

၁၇။ တောရိုင်းတိရိစ္ဆာန်၊ သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်း ရေး ဥပဒေ   (၁၉၉၄)

၁၈။ ကွန်ပူျတာ ဖွံ့ဖြိုးရေး ဥပဒေ (၁၉၉၆)

၁၉။ ရုပ်ရှင် ဥပဒေ (၁၉၉၆)

၂ဝ။ ရုပ်မြင် သံကြားနှင့် ဗွီဒီယို ဥပဒေ (၁၉၉၆)

၂၁။ မျက်စိ လှူဒါန်းခြင်း ဆိုင်ရာ ဥပဒေ (၁၉၉၆)

၂၂။ တိုင်းရင်း ဆေးဝါး ဥပဒေ (၁၉၉၆)

၂၃။ အမိုျးသား အစား အသောက် ဥပဒေ (၁၉၉၇)

၂၄။ မြန်မာ နိုင်ငံ ဆေးကောင်စ ီဥပဒေ (၂ဝဝဝ)

၂၅။ တိုင်းရင်းဆေး ကောင်စီ ဥပဒေ (၂ဝဝဝ)

၂၆။ မန္တလေး မြို့တော် စည်ပင် သာယာရေး ဥပဒေ (၂ဝဝ၂)

၂၇။ တရား မဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းခုျပ်ရေး ဥပဒေ နှင့် နည်း ဥပဒေ (၂ဝဝ၂)

၂၈။ သွေးနှင့် သွေးပစ္စည်း ဆိုင်ရာ ဥပဒေ (၂ဝဝ၃)

၂၉။ ကိုယ်အင်္ဂါ အစိတ် အပိုင်း လှူဒါန်းခြင်း ဆိုင်ရာ ဥပဒေ (၂ဝဝ၄)

၃ဝ။ အီလက် ထရွန်းနစ် ဆက်သွယ် ဆောက်ရွက်ရေး ဥပဒေ (၂ဝဝ၄)

၃၁။ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်း သောက်သုံးမှု ထိန်းခုျပ်ရေး ဥပဒေ (၂ဝဝ၆)

၃၂။ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဆိုင်ရာ ဥပဒေ (၂ဝဝ၇)

၃၃။ ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တို့ပဲ ဖြစ်ကြ ပါတယ်။ တည်ဆဲ ဥပဒေ ထ ဲကနေ စားသုံး သူများ အတွက် အဓိက သိရှိရမဲ့ ဥပဒေ အခို့ျကို ကောက် နှုတ်ပြီး ဆွေးနွေး တင်ပြ လိုပါ တယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၆/ခ)

စားသုံးသူ ပြည်သူ များရဲ့ အကိုျး စီးပွားကို လက်ဝါး ကြီးအုပ် တာတွေ၊ ယှဉ်ပြိုင် ခြင်းကို ပျက်ပြား စေတာ တွေ၊ ဈေးကစားပြီး စီးပွားရေး ထိခိုက စေတာတွေ ဖြစ်လာ တဲ့ အခါမှာ ဒီအခြေခံ ဥပဒေ က တားဆီး ပေးခြင်းနဲ့ လုံခြုံမှု ပေး ခြင်း တာဝန်တွေ ထမ်းဆောင် ပေးပါ လိမ့်မယ်။

ပြည်သူ့ ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု၊ သိက္ခာ စောင့်စည်းမှုနှင့် ကိုယ်ကျင့် တရားရှိမှု ကို ထိခိုက် စေသော ပြစ်မှုများ (ပြစ်မှု ဆိုင်ရာ ဥပဒေ များ)

စားသုံးသူ ကာကွယ်ရေး လုပ်ငန်းမှာ အခို့ျ ထုတ်လုပ် ရောင်းချ သူများ ဟာ အများ ပြည်သူများ ဘေး ဖြစ်စေ နိုင် တဲ့ လုပ်ဆောင် ချက်တွေ ရှိတတ်တဲ့ အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေရဲ့ အကူ အညီ လိုအပ် လာတတ် ပါတယ်။ ဒါ့ကြောင့် မို့လို့ပြစ်မှု ဆိုင်ရာ ပြဌာန်းချက် တွေ လေ့လာ ကြည့်မယ် ဆိုရင် -

ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၆၉)၊ (၂၇ဝ) နဲ့ (၂၇၁) တို့မှာ ပြဌာန်း ထားတာ ကတော့ '' ကူးစက် တတ် သော ရောဂါ ပြန့်ပွား စေတန် ရာသည့် ပေါ့လျော့ မှုပြုခြင်း၊ ကူးစက် တတ်သော ရောဂါ ကာကွယ် ရေးနည်း ဥပဒေများ ဖီဆန်ခြင်း များကို အရေး ယူရန် ပြဌာန်း ချက်များ'' ပါဝင် ပါတယ်။ ပုဒ်မ (၂၇၂) နဲ့ (၂၇၃) တို့မှာ ''ရောင်းရန် ကြံရွယ် သော စားသောက် ဖွယ်ရာ ပစ္စည်းတွင် ယုတ်ညံ့ သော အရာနှင့် ရောနှော ခြင်း၊ အန္တရာယ် ဖြစ်စေ သော စားသောက် ဖွယ်ကို ရောင်းချ ခြင်း ပြုပါက အရေးယူ သော ပြဌာန်း ချက်များ'' ပါရှိ ပါတယ်။ ပုဒ်မ (၂၇၄) ၊ (၂၇၅) နဲ့ (၂၇၆) တို့မှာ ဆေးဘက်ဝင် အရာ ဝတ္တူရောင်း ချရန် သို့မဟုတ် သုံးစွဲစေ ရန်ကြံရွယ်၍ ယုတ်ညံ့ သောအရာ နှင့်ရော နှောခြင်း၊ ယုတ်ညံ့သော အရာနှင့်ရော ထားသည့် ဆေးဘက်ဝင် အရာ ဝတ္တုများ ရောင်းချခြင်း၊ ဆေးဘက်ဝင် ဝတ္တုတစ်မိုျးကို သို့မဟုတ် ဖော်စပ်ပြီး ဆေးတစ်မိုျးကို အခြားတစ်မိုျး အဖြစ် ရောင်း ချခြင်း ကို တားမြစ် ထားချက်များ '' လို့ပါရှိပါတယ်။

ပုဒ်မ (၂၇၇) နဲ့ (၂၇၈) တို့မှာကျတော့ '' အများပြည် သူဆိုင်ရာ စိမ့်စမ်း၊ ရေလှောင် ကန်စသည် တို့ကို ညစ်ညမ်း အောင်ပြု လုပ်ခြင်း၊ ကျန်းမာ ရေးကိုအ န္တရာယ် ဖြစ်စေရန် ဘေးတစ် ခုခုပြုခြင်း တို့ကိုလည်း အရေးယူ အပြစ် ပေးခြင်း'' လို့ပါ ရှိပါတယ်။

အမိုျးသားအစားအသောက်ဥပဒေ

စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းမှာ အားကိုး အားထားပြု ရမဲ့ဥပ ဒေဟာ '' အမိုျးသား အစား အသောက် ဥပဒေ'' ပဲဖြစ်ပါ တယ်။ လက်ရှိ အမှီသဟဲ ပြုနေတာ လည်းဒီ ဥပဒေ ပဲဖြစ်ပါတယ် -

ဒီဥပဒေရဲ့ ပုဒ်မ (၃) မှာ အစားအ သောက်နှင့် ဆေးဝါး အာဏာ ပိုင်ဖွဲ့စည်းခြင်း ကိုပြဌာန်း ခဲ့ပါတယ်။ အစားအ သောက်နဲ့ ဆေးဝါးစစ် ဆေးဖို့ဖွဲ့ စည်းထားတဲ့ အသင်းအဖွဲ့ တွေသိထား သင့်တဲ့ပုဒ် မဖြစ်ပါတယ်။

ပုဒ်မ (၁၅) မှာကျတော့ မှတ်ပုံတင် ခြင်းမရှိတဲ့ ဆေးဝါးများနဲ့ စံချိန်မ မီတဲ့ဆေး ဝါးများ ထုတ်လုပ်တာ၊ ရောင်းချတာ၊ ရောနှောတာ၊ ပြည်တွင်း သို့တင်သွင်းတာ၊ သိုလှောင် ဖြန့်ဖြူးတာ စတာတွေ ကိုတားမြစ် ထားတာ တွေ့ရပါတယ်။

အမိုျးသား အစားအသောက် ဥပဒေရဲ့ ပုဒ်မ (၁၈) မှာ - '' အစားအ သောက်ထုတ် လုပ်ခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ် သူသည် အစားအသောက် အရည်အ သွေးအာမခံခြင်း၊ အမှတ်တံ ဆိပ်တပ်ခြင်း၊ ကြော်ငြာ ခြင်းနှင့် စပ်လျဉ်း ၍ သက်ဆိုင် ရာအစိုးရ ဌာန သို့မဟုတ် အဖွဲ့အစည်း ကဖြစ်စေ အာဏာ ပိုင်ကဖြစ်စေ ထုတ်ပြန် သော အမိန့်၊ ညွှန်ကြား ချက်နှင့် စည်းကမ်း ချက်များကို တိကျစွာ လိုက်နာရန် '' လို့ပါရှိခဲ့ပါတယ်။

ပုဒ်မ (၂၂) မှာက အစားအ သောက်ကို အများပြည် သူအန္တရာယ် ဖြစ်စေနိုင်တဲ့ ထုတ်လုပ်မှုတွေ၊ ဖြည့်စွက် တာတွေ၊ ပြုပြင်တာ တွေ၊ ပုပ်သိုး လွယ်တာ တွေနဲ့ စားသုံးရန မသင့်တဲ့ ပစ္စည်းမသင့် လျော်ပါရှိ တဲ့ကိစ္စတွေ၊ ခွင့်မပြုတဲ့ စားသောက် ကုန်ပစ္စည်းတွေ၊ စံမညီတဲ့ အစားအစာတွေ၊ အမှတ် တံဆိပ်လွဲ မှားစွာ ဖော်ပြတာတွေ၊ သတ်မှတ် ပေးထားတဲ့ အချက်အ လက်မဖော်ပြ တာတွေ အတွက် ဒီပုဒ်မက ကူညီသွား မှာဖြစ်ပါတယ်။

တိုင်းရင်းဆေးဝါးဥပဒေ

အများပြည်သူ တစ်ဦးအနေနဲ့ မိမိကြိုးစား ပြီးဖော်စပ် တွေ့ရှိတဲ့ တိုင်းရင်း ဆေးကိုဥပ ဒေပုဒ်မ (၁၁) အရ မှတ်ပုံ တင်ခြင်း ကိစ္စအဝ ဝလုပ်နိုင်ပြီး သတ်မှတ် ထားတဲ့စည်း ကမ်းအတိုင်း လိုက်နာ ပေးဖို့လည်း ထုတ် လုပ်သူမှာ တာဝန် ရှိတယ် လို့ဆိုထားပါတယ်။

ပုဒ်မ (၁၈) အရ လိုင်စင် လျှောက်ထား တာကို ထုတ်ပေးခွင့် ရှိပေမယ့် ပုဒ်မ (၂၇) အရ စံနှုန်းထား နဲ့မကိုက် တဲ့ တိုင်းရင်း ဆေးတွေကို တော့ထုတ် လုပ်ခွင့်မရှိ တာကို လေ့လာ တွေ့ရှိနိုင် ပါတယ်။

ပုဒ်မ (၂၈) မှာ မှတ်ပုံတင် မထားတာ၊ သုံးစွဲဖို့ မသင့်တာ တွေကို မရောင်း ချဖို့တား မြစ်ထားပါတယ်။

ဆေးလိပ် ဆေးရွက်ကြီး အတွက် ပစ္စည်း သောက်သုံး မှုထိန်းခုျပ် ရေးဥပဒေ

စားသုံးသူအတွက် အမှန်တ ကယ်လိုအပ် တဲ့ဥပဒေ တစ်ခုဖြစ် ပါတယ်။ အများပြည် သူနဲ့ဆိုင် တဲ့နေရာ တွေမှာ ဆေးလိပ် သောက်တာ ဟာ မသောက် တတ်တဲ့လူများ အတွက် အမှန်တစ် ကယ်ပဲအနှောင့် အယှက် ဖြစ်စေ ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဆေးလိပ်မ သောက်ရမဲ့ နေရာတွေကို ဒီဥပဒေပုဒ်မ (၆) အရ နေရာ (၁၄) ခု တိတိ ကျကျ သတ်မှတ် ပေးထားတာ တွေ့ရှိရ ပါတယ်။

ပုဒ်မ (၇) မှာကျတော့ ဆေးလိပ် သောက်လို့ရတဲ့ နေရာ သတ်မှတ် ပေးထားတာ တွေ့ရှိရပါတယ်။ ဒီပုဒ်မ မှာတော့ နေရာ (၇) ခုလို့ ပြဌာန်းထား ပေမယ့် အဲဒီနေ ရာရဲ့သီးခြား သတ်မှတ် ပေးထားတဲ့ နေရာ ဖြစ်ဖို့ များပါတယ်။ ဘာ့ကြောင့် လည်းဆို တော့ရုံးအ ဆောက်အဦး မှာဆေးလိပ် သောက်လို့ရ တယ်ဆို ပေမယ့် လူအများ နေတဲ့အခန်း တွေမှာ သောက်လို့ မရနိုင်ပါဘူး။ ဥပဒေတွေ ဒေသန္တရ အမိန့်တွေ မထုတ်ပြန် ပေမဲ့ လူမှု ရေးစည်းကမ်း အရမသောက် သင့်တာ အမှန် ဖြစ်ပါတယ်။ အခို့ျလူဂွစာ၊ လူကပ်လ ို့ခေါ်လို့ ရတဲ့သူ တွေက ဥပဒေထဲမှာ လမ်းလျှောက်ရင်း ဆေးလိပ် မသောက်ရ ဆိုတာမပါဘူးကွ လို့ဆိုပြီး စည်းမဲ့ကမ်းမဲ့ သောက်တတ် ကြပါတယ်။ ဒီအတွက် ကြောင့်လည်း ရှေးလူကြီး သူမတွေက ပြည်သူ့ နီတိဆို တာတို့၊ လူမှုရေး စည်းကမ်း တို့ထား ပေးကြတာ ထင်ပါတယ်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ

ဒီဥပဒေရဲ့ ပုဒ်မ (၇) မှာ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ခွင့်ပြုတဲ့ အမိုျးအစား များများကို ပြဌာန်း ထားပါတယ်။ လုပ်ငန်းလုပ်ကိုင် လျှောက်ထားလိုတဲ့ အများပြည်သူ များအတွက် သိရှိနိုင်တဲ့ အခွင့်အ ရေးတစ်ခု ဖြစ်ပါတယ်။ ပုဒ်မ (၂၅) မှာတော့ လုပ်ငန်းရှင်ရဲ့ တာဝန် သတ်မှတ် ချက်တွေ ဖော်ပြထား ပါတယ်။ ပုဒ်မ (၂၇) ကဒီ လုပ်ငန်းကို လုပ်ကိုင်တဲ့လူ ပြဌာန်းချက် တစ်ခုခုကို ကျူးလွန်ဖောက် ဖျက်ပါက ပြစ်ဒဏ် ကျခံရမယ် ဆိုတာကို ဖော်ပြထား ပါတယ်။ ပုဒ်မ (၃၉) အရ နစ်နာသူ ကပေါ့ဆမှုနဲ့ ဖြစ်လာတဲ့ ကိစ္စတွေ အတွက် တရားစွဲခွင့် ရှိကြောင်း ပြဌာန်းချက် ဖြစ်ပါတယ်။

ရန်ကုန်/မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေများ

လုပ်ငန်း ကျယ်ပြန့်တဲ့ မြို့တော်စည်ပင် သာယာရေး တွေမှာလည်း ဥပဒေနဲ့ နည်းဥပ ဒေတွေပြဌာန်း ထားကြ ပါတယ်။ အဲဒီမှာ တွေ့ရတာက စားသုံးသူများ ကျန်းမာရေး နဲ့ညီညွတ် ပြီးတော့ အဆိပ်အ တောက ကင်းစင်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ အသုံးအ ဆောင်တွေသုံး စွဲနိုင်ပြီး သာယာဝ ပြောတဲ့လူ့ ဘောင်အ တွင်း နေထိုင်နိုင်ဖို့ ဆိုပြီးတော့ ရည်ရွယ် ချက်ထား ခဲ့ပါတယ်။ စားသုံးသူ များအတွက် အကောင်း ဆုံးကာကွယ် ပြဌာန်းပေး ခဲ့တာပဲ ဖြစ် ပါတယ်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးနည်းဥပဒေ

ဤဥပဒေဟာ အီလက်ထရော နစ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ဖို့အတွက် အားပေး အားမြှောက် ပြုတာ ဖြစ်ပါတယ်။ အခွင့်အ လမ်းများ ရရှိစေဖို့ အတွက်နဲ့ အီလက်ထ ရောနစ်အ သုံးပြုသူများ အကာ အကွယ် ပေးထားတဲ့ ဥပ ဒေတစ် ရပ်ဖြစ်ပါတယ်။

The Bar Council Act & The Legal Practitioners Act

၁၈၈ဝ ပြည့်နှစ်နဲ့ ၁၉၂၉ ခုနှစ် ကျွန်တော် တို့နိုင်ငံ လွတ်လပ်ရေး မရသေးခင် ကတည်းက ပြဌာန်းခဲ့တဲ့ တည်ဆဲ ဥပဒေနှစ်ရပ် ဖြစ်ပါတယ်။ နစ်နာသူများ တရားသဖြင့် ကာကွယ် ခုခံပိုင်ခွင့်၊ ဥပဒေ ပညာရှင်များ၊ ရှေ့နေများ ရဲ့အကူအညီ ရယူပိုင်ခွင့် များအတွက် ပြဌာန်း ထားတဲ့ဥ ပဒေများဖြစ် ပါတယ်။ နစ်နာသူ များဘက် ကဥပဒေ လမ်းကြောင်းအရ မှန်ကန်စွာ တရားစီ ရင်နိုင်ဖို့နဲ့ သက်သာမှု အတွက် ပြဌာန်းထား တာကိုတွေ့ ရှိရမှာ ဖြစ်ပါတယ်။

စုစု စည်းစည်း ပြုစု ထားခဲ့ မယ်ဆိုရင်

ကမ္ဘာ့နိုင်ငံ အတော်များ များမှာ စားသုံးသူ ကာကွယ် ရေးဥပဒေ ပြဌာန်းပြီး ဖြစ်နေပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ တော့အခြေအနေ အရပ်ရပ်ကြောင့် မပြဌာန်း ရသေးပေမဲ့ တည်ဆဲဥ ပဒေများဟာ စားသုံး သူများ အတွက် အကာအ ကွယ်ပေး ရေးကို ထိရောက်စွာ အကူအညီ ပေးနိုင်တာ တွေ့ရှိရ ပါတယ်။ အကြောင်း ရင်းကတော့ တစ်နေ ရာတည်းမှာ စုစုစည်းစည်း မရှိတဲ့အတွက် စားသုံး သူပြည် သူများအ နေနဲ့ အားကိုး အားထားပြုဖို့ သတိ မထားမိ တက်ကြ တာသာဖြစ် ပါတယ်။ သာဓက တစ်ခုအနေနဲ့ ၂ဝ၁၃ ခုနှစ် မတ်လ ၂ဝ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာ မြို့မှာဖြစ်ပွားခဲ့ တဲ့ဖြစ်စဉ် ကိုခြုံငုံပြီး တော့သုံး သပ်လိုပါတယ်။ နေ့စဉ် သတင်းစာ ပါ ဖာ်ပြ ချက်အရ ရွှေဆံကုတ် ရောင်းတဲ့သူ (၃) ဦးဟာ ရွှေဆိုင် မှာတန်ဖိုး တစ်ခုနဲ့ရောင်း ဝယ်ဖို့သဘော တူကြပါတယ်။ ပြီးနောက်မှာ မှတ်ကျောက် တင်ဖို့တစ် နေရာသွားပြီး အပြန်ကျတော့ ရွှေဆံကုတ်ပဲ့ နေတဲ့အတွက် မူလပေးမယ် ဆိုတဲ့ဈေးနှုန်းနဲ့ မပေးတော့ဘူး စကားများ ထိုးကြိတ်ရိုက် နှက်ကြရာ ကနေ အမှိုက် ကစပြ ဿဒ်မီးလောင် တဲ့အထိ အခြေ အနေကို တွန်းပို့ ပေးခဲ့ပါတယ်။

ဒီနေရာမှာ ရွှေရောင်းသူရော ဝယ်ယူသူ ပါစားသုံးသူ တွေရဲ့အခွင့်အ ရေးနဲ့ စားသုံးသူများ လိုက်နာရမဲ့ နည်းဥပဒေ သများကို သိရှိနား လည်ကြမယ် ဆိုရင် ရုန်းရင်း ဆန်ခတ် တဲ့ဖြစ် စဉ်ဖြစ်စ ရာမရှိ တော့ဘူး။ သက်ဆိုင်ရာ စားသုံးသူ ရေးရာမှာ ပဲဖြစ်ဖြစ်၊ တရားရုံးကို ဦးတိုက် လျှောက်ထား တာပဲဖြစ်ဖြစ် နည်းလမ်း တကျ ဆောင်ရွက် မိကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးသူ ဥပဒေ ဆိုပြီး သီးခြား ပေါ်ထွက် လာဖို့ရယ်၊ စားသုံး သူတွေရဲ့ အခွင့်အရေး တွေနဲ့ စားသုံးသူ တွေလိုက်နာ ရမဲ့ နည်းဥပ ဒေသတွေ ပြည်သူ လူထုလက် ထဲကို ကျယ်ကျယ် ပြန့်ပြန့် ရောက်ရှိသွား ဖို့လွန် စွာမှ အရေးကြီး ပါတယ်။ ဖြစ်နိုင် ရင်စား သုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ပေါ် မလာမီ တည်ဆဲဥပ ဒေထဲက အသုံးအ များဆုံးဥပ ဒေတွေကို စုစည်းပြီး လက်ထဲ ကိုင်ထား မယ်ဆို ရင် ပြဿနာ အတော် များများ ဖြေရှင်း နိုင်မှာ ဖြစ်ပါတယ်။

စားသုံးသူကာကွယ်ရေးဥပဒေနဲ့ပဲ စကားပြောကြမယ်

ကမ္ဘာပေါ်မှာ ၁၉၅ဝ ပြည့်နှစ် နောက်ပိုင်း မှစပြီးတော့ စားသုံးသူ အခွင့်အရေး ကာကွယ်စောင့် ရှောက်ရေး မူဝါဒ Consumerism ထွန်းကား လာတယ်လို့ ပညာရှင် များက ဆိုပါတယ်။ ကျင့်ဝတ် နဲ့မကိုက် ညီတဲ့ စီးပွားရေး လုပ်ငန်း များကို ဥပဒေနဲ့ အကာအကွယ် ပေးဖို့တောင်း ဆိုလာကြ တယ်လို့ ဆိုပါတယ်။ စားသုံး သူများရဲ့ အခွင့်အရေး ကာကွယ် တာဟာ စားသုံးသူ ကာကွယ်ရေး ဥပဒေရဲ့ အခြေခံရည် ရွယ်ချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ မှကျွမ်းကျင်သူ များရဲ့အဆိုအရ ခိုင်မာတဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေဟာ ဒီမိုက ရေစီ နိုင်ငံတော်ရဲ့ ပြယုဂ်တစ်ခု လို့တောင် တင်စားတာ ကြားဘူးပါတယ်။ သူတို့ရဲ့ အဆိုအရ စားသုံးသူ ကာကွယ်ရေး ဥပဒေဆိုတာဟာ ကျင့်ဝတ်နဲ့ မညီတဲ့ပြုမှု ဆောင်ရွက် ချက်ကနေ ကာကွယ် ပေးနိုင်တယ် လို့ဆိုပါတယ်။ ဒါ့အပြင် ကုန်စည်နဲ့ ဝန်ဆောင်မှုတို့ရဲ့ အခြေခံအ ရည်အသွေးကို တိုးတက် စေနိုင်တယ် လို့လည်း ဆိုပါတယ်။ နောက်တစ် ချက်က ဒီဥပဒေဟာ စီးပွားရေး လုပ်ငန်းအ ချင်းချင်းတ ရားသဖြင့်ပြိုင် ဆိုင်မှုကို ဖြစ်ပေါ် လာစေ တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုထား ရှိကြပါတယ်။

စားသုံးသူ ကာကွယ်ရေးဆို တာက ကုန်စည်နဲ့ ဝန်ဆောင်မှု တွေမှာ ၎င်းတို့ ရသင့်ရထိုက် တဲ့အခွင့် အရေးတွေ ရရှိနိုင်ဖို့ ကာကွယ် ပေးထားခြင်း ကိုခေါ် ဆိုတာ ဖြစ်ပါတယ်။ အဲဒီလို ကာကွယ် ပေးထားတဲ့ အတွက် လူမှု ဘဝနဲ့ စီးပွားရေး တိုးတက်ဖို့မှာ များစွာ အထောက်အကူ ပြုတယ် လို့ဆိုပါတယ်။ တိုင်းပြည် တစ်ခုရဲ့ ယဉ်ကျေးမှု နဲ့လူမှု ဘဝဘယ် လောက်တိုးတက် တယ်ဆိုတာ အကဲဖြတ် ပေးတာက ဒီစားသုံး သူကာကွယ် ရေးဥပဒေ ပဲဖြစ်တယ်လို့ ပညာရှင် တွေက မှတ်ချက် ပြုကြပါတယ်။

တည်ဆဲဥပဒေ (၃၃) ခု အနေနဲ့ လက်ရှိ စားသုံးသူ ကာကွယ်ရေး ဥပဒေအတွက် မားမား မတ်မတ်ရပ် တည် နိုင်စွမ်း ရှိကြောင်း မြင်တွေ့နိုင် ပါတယ်။ မကြာမီမှာ ထွက်ပေါ်လာ တော့မယ့် စားသုံးသူ ကာကွယ်ရေး ဥပဒေအတွက် တည်ဆဲ ဥပဒေထဲက အရေးကြီးတဲ့ ဥပဒေများ ထည့်သွင်း ရေးဆွဲထား တာကိုလည်း လေ့လာ မိပါတယ်။ အမြန်ထွက် ပေါ်လာရေးဟာ နိုင်ငံတော် အတွက်လို အပ်ချက် တစ်ခုဖြစ် နေပါတယ်။ မပြည့်စုံ သေးတဲ့ အချက်အလက်တွေ လည်းပြင်ဆင် ဖြည့်စွက်တဲ့ ဥပဒေနဲ့ နောက်ပိုင်း မှာထပ်ဖြည့်ကြလေ့ရှိပါတယ်။ အနောက်တိုင်း ဒီမိုကရေ စီနိုင်ငံကြီးများ ပင်လျှင် ယနေ့ အချိန်အထိ ပါလီမန် မှာတည်ဆဲ ဥပဒေ တွေကို ပြင်ဆင် နေကြဆဲ၊ ဖြည့်စွက်နေ ကြဆဲပဲဆိုတာကို သတင်းအနေ နဲ့ကြားနေ ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေသာ ထွက်ပေါ် လာရေးဟာ ပဓါန လို့ထင်မြင် ယူဆပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု တွေများလာပြီ၊ နိုင်ငံတကာက ကုန်သည် လုပ်ငန်းရှင်တွေ လည်း အလုံး အရင်း နဲ့ဝင်လာ နေပြီ။ အဲဒီ အတွက် ကျွန်တော် တို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ကျွန်တော် တို့ပြည်သူ တွေကို စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ပဲ အကာအ ကွယ်ပေးရမှာ ဖြစ်တယ်။ ဒီဥပဒေ နဲ့ပဲစကား ပြောကြရတော့ မှာဖြစ်တယ်။ ဒါ့ကြောင့် ယနေ့ ကျွန်တော်တို့ပြည်သူတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှု အဝဝမှာ ကာကွယ်ပေး မဲ့ဥပဒေတစ်ရပ် ရှိကိုရှိမှ ဖြစ်မဲ့ အခြေအနေ အချိန်အခါကို ရောက်ရှိ နေပြီဆိုတဲ့ အကြောင်းရေး သားတင်ပြ လိုက်ပါတယ်။

ခမ်လျန်စွမ်း

(ကိုးကား- ၂ဝ၁၂ ခုနှစ် သြဂုတ်လ အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်၌ ပြုလုပ်သည့် စားသုံးသူအကာအကွယ် ပေးရေး အလုပ်ရုံဆွေး နွေးပွဲတွင် ဒေါ်တင်ရီဝင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရှေ့နေခုျပ်ရုံး၏ '' မြန်မာနိုင်ငံ တည်ဆဲဥပ ဒေများနှင့် စားသုံးသူအကာ အကွယ်ပေးရေး အခန်းကဏ္ဍ'' နှင့် ဒေါ်ရီရီသန်း၊ ပါမောက္ခ၊ ဝါဏိဇ္ဇဌာန၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၏ ''ကျင့်ဝတ် နှင့်မညီသောပြုမှုဆောင် ရွက်ချက်များမှ စားသုံးသူ အကာအကွယ် ပေးရေး'' စာတန်းများ ကိုကိုးကား အသုံးပြု ထားခြင်းဖြစ်ပါသည်။)