Wing India 2024 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ကြား

Thu, 07/06/2023 - 03:19 -- regionaldep

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်

   အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ မြို့ပြလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ အိန္ဒိယလေဆိပ် အာဏာပိုင်အဖွဲ့နှင့် အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က ဦးစီး၍ Wing India 2024 ကို ၁၈-၁-၂၀၂၄ မှ ၂၁-၁-၂၀၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ Begumpet လေဆိပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ စီစဉ် စေလွှတ်နိုင်ရေးနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပါဝင်တက်ရောက်ပြသနိုင်ရေးအတွက် မြို့ပြ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသည် အိန္ဒိယမြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ၏ လူသိများ ထင်ရှားသည့် အခမ်းအနားတစ်ခုဖြစ်ပြီး ပြပွဲများ၊ Static Display များ၊ ကွန်ဖရင့်များ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အမှုဆောင်အရာရှိချုပ်များဖိုရမ်၊ B2B/ G2G အစည်းအဝေးများ၊ ဆုချီးမြှင့်ခြင်း အခမ်းအနား၊ ယဉ်ကျေးမှုဖျော်ဖြေပွဲ၊ စီးပွားရေးချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညစာစားပွဲများ၊ ကျောင်းသူကျောင်းသား များ၏ လေ့လာရေးအစီအစဉ်များ စသည့်ကဏ္ဍမျိုးစုံ ပါဝင်မည်ဖြစ်ပြီး လေကြောင်းခရီးသွားလာမှု ဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများနှင့် အခွင့်အလမ်းများ၊ အတွေးအခေါ် ထင်မြင်ယူဆချက်များကို ဖလှယ်ဆောင်ရွက်မှု မြှင့်တင်နိုင်မည်ဖြစ်သည်။

   အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။