The 38th Trade Expo Indonesia (TEI 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ကြား

Thu, 07/13/2023 - 03:39 -- mocadmin

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်

   The 38th Trade Expo Indonesia (TEI 2023) ကို အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၊ အလားအလာရှိသော ဝယ်လက်များ၊ တင်သွင်းသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှအဖွဲ့ဝင်များအား ပါဝင်တက်ရောက်ပြသရန် ဖိတ်ကြားလာပါသည်။

    အဆိုပါပြပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူး၍ Sustainable Trade for Global Economic Resilience ခေါင်းစဉ်ဖြင့် Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Online Product Showcase ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက် နေ့အတွင်း အချိန်မရွေး ပြသနိုင်မည်ဖြစ်သည်။

   TEI 2023 တွင် အစားအစာနှင့် အဖျော်ယမကာများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ ဓါတုဗေဒ၊ စွမ်းအင်နှင့် စက်မှုထုတ်ကုန်များ၊ Digital ဝန်ဆောင်မှုများ၊ အလှအပရေးရာထိန်းသိမ်းမှု၊ ဆေးပစ္စည်းနှင် ကျန်းမာရေးဝန်ဆောင်မှုနှင့် အိမ်အသုံးအဆောင်ပစ္စည်းများစသည်တို့ကို ခင်းကျင်း ပြသသွားမည်ဖြစ်သည်။

    အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။