The 10th Mining Congress (AMC) and International Mining Exhibition (IME) 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ကြား

Tue, 06/20/2023 - 05:39 -- mocadmin

   The 10th Mining Congress (AMC) and International  Mining Exhibition (IME) 2023 ကို အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ကြားလာပါသည်။

   အဆိုပါ AMC နှင့် IME တို့အား The Mining, Geological & Metallurgical Institute of India (MGMI) မှ တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပလျက်ရှိရာ (၁၀) ကြိမ်မြောက် AMC ကို ကော်လ်ကတ္တားမြို့ ရှိ Taal Kutir Convention Center ၌လည်းကောင်း၊ IME ကို Rajarhat ရှိ Eco Park ၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

   AMC ကို ကျင်းပပြုလုပ်ခြင်းဖြင့် အာရှဒေသမှ နိုင်ငံများအကြား သတ္ထုထုတ်လုပ်ရေး၊ တူးဖော် ရေးဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာစေမည်ဖြစ်ကြောင်း၊ MGM ၏ အစည်းအဝေးဆိုင်ရာ အချက်အလက်များအရ AMC နှင့် IME တို့အား ပြည်ပမှတက်ရောက်လိုသူများ အနေဖြင့် လျှောက်လွှာကြေး အမေရိကန်ဒေါ်လာ ၁,၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲသို့ အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များနှင့် ဓါတုသတ္ထုနှင့် သတ္ထုတူးဖော်ရေးဆိုင်ရာ ပညာရှင်များ တက်ရောက်နိုင်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။