မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Tue, 10/03/2023 - 07:19 -- mocadmin

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/ တင်ပို့လျက်ရှိသည့်  လုပ်ငန်းရှင်များ အနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည် ဖြစ်ပါသည်။

          မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစား (၁၈) ခုတို့ကို တင်ပို့သည့် ကုမ္ပဏီများ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ တွင် မှတ်ပုံတင်ရမည် ဖြစ်ပါသည်-

          (က)    အသားနှင့်အသားထုတ်ကုန်များ၊

          ( ခ )   ရေထွက်ကုန်များ၊

          ( ဂ )   နို့ထွက်ပစ္စည်းများ၊

          (ဃ)    ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊

          ( င )   အဆာသွတ်ရန်အသုံးပြုသည့် အပေါ်ခွံ၊

          ( စ )   ပျားရည်နှင့်ပျားထွက်ပစ္စည်း၊          

          (ဆ)    ဥနှင့်ဥထုတ်ကုန်များ၊

          ( ဇ )   စားသုံးဆီ၊

          (ဈ)     အပြင်အသားအားဂျုံသားဖြင့်ပြုလုပ်ထားပြီးစားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊

          (ည)    စားသုံးနိုင်သောအစေ့အဆံများ၊

          ( ဋ )   ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့်မုယောစပါး၊

          (ဌ)     လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက် များ၊

          ( ဍ )   ပဲမျိုးစုံ၊

          ( ဎ )   အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊

          (ဏ)   အခွံမာသီးနှင့်အစေ့အဆံများ၊

          (တ)    သစ်သီးခြောက်များ၊

          (ထ)    မလှော်ထားသော ကော်ဖီစေ့နှင့်ကိုကိုးစေ့များ

          (ဒ)     အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ၊

           ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုး ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။ အဆိုပါ ကုန်စည်အမျိုးအစား (၁၈) အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီ အစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပါသည်။  

          ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ (၁၃၈၀) ခုမှပေးပို့ထားသည့်စောင်ရေစုစုပေါင်း (၂၅၄၇) စောင်အားမှတ်ပုံတင်ရန် လျှောက်ထား ပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၂၃၅) ခု၊ စောင်ရေ (၂၄၀၂) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ(၁၂၂)ခု၊စောင်ရေ(၁၂၂)စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကုမ္ပဏီ (၁၄)ခု၊ စောင် ရေ (၁၄) စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ (၉) ခု၊ စောင်ရေ (၉) စောင်ဖြစ်သည်။

          အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ် ယာစိုက်ပျိုးရေးထွက်ကုန်များအပါအဝင် ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအားတရုတ်နိုင်ငံ၏ပြတင်းတစ်ပေါက်အစီအစဉ် https://ciferquery.singlewindow.cn/  ၌ ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု (၇) မျိုးကို ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက် ထားရမည်ဖြစ်ပါသည်-

          (က)    ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans}

          ( ခ )   ဟင်းသီးဟင်းရွက်အစိမ်းများ{Fresh and dehydrated vegetables}

          ( ဂ )   ဟင်းခတ်အမွှေးအကြိုင်များ{Plant Seasonings (Plant Species)}

          (ဃ)    စားသုံးနိုင်သည့် အစေ့အဆံများ{Edible grains}

          ( င )   ပဲမျိုးစုံ{ Dried Beans}

          ( စ )   ဆီထွက်အပင်များ{Oilseeds (Oil Plant)}

          (ဆ)    တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ {Chinese Traditional Medicines}

          အဆိုပါ ကုန်စည်အုပ်စု (၇) မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီ လုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက်၍ မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်သည်။စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထား ရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ (Competent Authority) ကသာ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီး စာ (သို့မဟုတ်) Email ဖြင့် [email protected] သို့ ပေးပို့ခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံး (သို့မဟုတ်) တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။

           https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့် ကုန်စည်အုပ်စု အပါအဝင် စုစုပေါင်းစောင်ရေ (၉၇၂) စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

          http://dzs.customs.gov.cn/ Website တွင် Manual စနစ်ဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးဖြစ်သည့် စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

          ထပ်မံသိရှိလိုသည်များ ရှိပါက GACC ရုံးလုပ်ငန်းအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှု ဌာနခွဲ၊ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဖုန်းအမှတ် ၀၆၇-၃-၄၀၈၆၀၅၊ ၀၆၇-၃-၄၀၈၆၁၈ နှင့် Email: [email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြား ပါသည်။